သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၆) | ယေရှုခရစ်တော် ၏ ခြေတော်ရာ ရှိ ကောင်းကင်သို့ တက်ရာ နေရာ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၆) | ယေရှုခရစ်တော် ၏ ခြေတော်ရာ ရှိ ကောင်းကင်သို့ တက်ရာ နေရာ

ဂျေရုဆလင် မှာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အရေးပါတဲ့ နောက်ထပ်နေရာတစ်ခုကတော့ The Chapel of the Ascension (ဒါမှမဟုတ်) Dome of the Ascension နေရာလေးပါ။ ကျောက်တွေ ပတ်လည်စီရီထားတဲ့ ဝန်းငယ်ငယ်လေး တစ်ခုအထဲမှာ သိပ်ကျယ်ကျယ်ဝန်းဝန်း မရှိလှတဲ့ သာသနိကအဆောက်အအုံလေးထဲ ခရစ်ယာန်ဘာသာဝင်တွေ သိပ်စိတ်ဝင်စားတဲ့ ဖြစ်ရပ်တွေ ရှိနေပါတယ်။ သံလွင်တောင်ပေါ်က ဒီနေရာလေးကို ဒါကြောင့်လည်း လာရောက်လေ့လာသူ၊ ဘုရားဖူးသူတွေနဲ့ စည်ကားတတ်ပါတယ်။


မာတိကာ


နောက်ခံ အဖြစ်အပျက် အကြောင်းအရာ

ရှေ့က အပိုင်း (၅) မှာ တုန်းက ယေရှုခရစ်တော် ဟာ အာဒံ ကနေ ဆင်းသက်လာတဲ့ အပြစ်ကြွေးအတွက် လူသားအားလုံးကိုယ်စား အသက်စတေးလို့ ကားတိုင်ထက်မှာ အသက်စွန့်ခဲ့ပြီး (၃) ရက်မြောက်တဲ့နေ့မှာ ပြန်လည် ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ရှင်ပြန်ထမြောက်ပြီးနောက် ရက် (၄၀) လူ့ပြည်မှာ တပည့်တော်တွေနဲ့ လူတွေကို ကိုယ်ထင်ရှားပြလျက် နေထိုင်သွားလာခဲ့ပါသေးတယ်။ ဒါကို အပိုင်း (၂) တုန်းကလည်း အနည်းငယ် ရှင်းပြခဲ့ဖူးပါတယ်။ အဲ့ဒီ ရက် (၄၀) အပြီးမှာတော့ ယေရှုခရစ်တော်ဟာ ကောင်းကင်သို့ ချီဆောင်ခြင်းကို ခံယူခဲ့ပါတယ်။ အဲ့ဒီနေရာလေးဟာ ဒီနေရာလို့ သိရပါတယ်။

“ထို့နောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင် ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကို ချီ၍ ကောင်းချီးပေးတော်မူ၏။ ထိုသို့ ကောင်းချီးပေးတော်မူစဉ်တွင် တပည့်တော်တို့နှင့် ခွာ၍ ကောင်းကင်သို့ ဆောင်ယူခြင်းကို ခံတော်မူ၏။” (လုကာ ၂၄:၅၀-၅၁)


အပြောင်းအလဲများခဲ့တဲ့ နေရာ

ဒီနေရာလေး ဟာ သံလွင်တောင်ထိပ်မှာ ရှိတာဖြစ်ပြီး အဆောက်အအုံရဲ့ ထိပ်ကို လိပ်ခုံးပုံ တည်ဆောက်ထားပါတယ်။ အတော်သေးငယ်တဲ့ အခန်းလေးသာ ဖြစ်ပြီး ခရစ်တော် ကောင်းကင်သို့ တက်ကြွတဲ့နေရာကို ခရစ်နှစ် ၃၈၀ မှာ အမှတ်အသား ပြုလုပ်ထားပါတယ်။ ဒါပေမဲ့ ခရစ်နှစ် ၆၁၄ မှာ ပါရှန်းလူမျိုးတွေရဲ့ ဖျက်စီးခြင်းကို အစိတ်အပိုင်းတချို့ ခံခဲ့ရပြီး နောက်ပိုင်းမှာ ခရူးဆိတ်ဒါတွေက ပြန်တည်ဆောက်ခဲ့တာပါ။ ဘေးဘက်ကိုပါ ဝန်းခတ်လိုက်ပါတယ်။ ခု မြင်တွေ့နေရတဲ့ အဆောက်အအုံ ကို ခရူးဆိတ်ဒါတွေက ခရစ်ယာန်ဘုရားကျောင်းအနေနဲ့ တည်ဆောက်ခဲ့ပြီးပေမဲ့ ၁၁၈၇ ခုနှစ် အရောက်မှာ အီဂျစ်နဲ့ ဆီရီးယားတို့ ရဲ့ ဆူတန်ဘုရင် ဖြစ်သူ ဆာလာဒင် က Mosque အဖြစ် အသွင်ပြောင်းလဲပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အမိုးခုံးပုံစံ ဖြစ်နေရတာလို့ ဆိုပါတယ်။


ခရစ်တော် ရဲ့ ညာဘက်ခြေတော်ရာ

အတွင်းမှာတော့ ကျောက်တုံးပတ်လည်နဲ့ ထိန်းသိမ်းထားတဲ့ ခရစ်တော် ရဲ့ ခြေတော်ရာ ကို မြင်တွေ့ရပါတယ်။ ကောင်းကင်သို့ ပြန်ကြွတဲ့အခါမှာ ညာဘက်ခြေထောက်နဲ့ မြေကြီးကို နင်းထောက်လျက် တက်ကြွတယ်လို့ ဆိုရပြီး ညာဘက် ခြေတော်ရာ ဟာ ကျန်ကြွင်းရစ်နေတာကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ အီစတာနေ့ အပြီး ရက် (၄၀) မှာ တက်ကြွသွားခဲ့တာ ဖြစ်ပါတယ်။


ဒီ သံလွင်တောင် ဝန်းကျင်မှာ သွားလာလေ့လာစရာ ဘာသာရေးသာသနိက အဆောက်အအုံတွေ အတော်များပါတယ်။ တစ်ပေါင်းတည်း ရေးမယ် တွေးပေမဲ့ သီးသန့်ရေးလည်း အဆင်ပြေမယ်။ စာလည်း မရှည်တော့ဘူးတွေးမိလို့ ခွဲပဲ ရေးလိုက်ပါတော့တယ်။ ဒီနေရာလေးဟာလည်း ကျွန်တော်တို့ ခရီးစဉ်တုန်းက အမှတ်တရ ဖြစ်စရာလေး ပါပဲ။


အားလုံးပဲ ကျန်းမာရွှင်လန်းပြီး ကပ်ရောဂါကြီးက အစဉ်ကင်းဝေးကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

bottom of page