About

THIHA

Thiha Lu Lin (Thiha, the Traveller)
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Thiha Lu Lin

ကယားပြည်နယ်၊ နန်းမယ်ခုံရွာ က ဆင်တောင်ရေထွက် ရေပြာအိုင်

ကယားပြည်နယ် ဒီးမော့ဆို၊ နန်းမယ်ခုံရွာက ဆင်တောင်ရေထွက်ကလည်း တကယ်ကို လည်ပတ်ချင်စရာပါ။ ဒီရေထွက်က ရေကလည်း ကြည်လင်ပြာလဲ့လွန်းလို့ တကယ့် သဘာဝရေပြာအိုင်လေးလိုပါပဲ။ ရေလည်း သိပ်မနက်လှဘူး။ သာသနာနယ်မြေမျိုးလည်း မဟုတ်လို့ ပိုပြီး လွတ်လွတ်လပ်လပ် အပန်းဖြေနိုင်တဲ့ သဘောမျိုး ရှိပါတယ်။


ဒီရေကန်က ရွာတွေကြား လမ်းပေါ်မှာ ရှိနေတာဖြစ်လို့ အနီးဝန်းကျင်ရွာတွေက ဒေသခံတွေ မနက်ခင်း နဲ့ ညနေခင်းတွေမှာ (အေးတဲ့အချိန်ဆို နေ့လည်ခင်း ဖြစ်မယ်ထင်ပါတယ်။) ရေချိုးလာသူတွေများတယ်။ စနေ၊ တနင်္ဂနွေမှာတော့ အနယ်နယ်အရပ်ရပ် က လာပြီးအပန်းဖြေသူတွေ ရှိလို့ ဒေသခံကျောင်းသားကျောင်းသူလေးတချို့ ခေါင်ရည်နဲ့ စားစရာလေးတွေ တနိုင် အပိုဝင်ငွေ ရအောင် လာရောက်ရောင်းချတတ်ကြတယ်။ အမှိုက်ပြဿနာ ကတော့ နည်းနည်း သည်းခံကြရပါတယ်။ သီးသန့်အပန်းဖြေနေရာလည်းမဟုတ်၊ ထိန်းသိမ်းသူလည်း သီးသန့်မရှိတဲ့အတွက် အမှိုက်လည်း ရှိသလို၊ ရေချိုးအဝတ်လျှော်သူတွေလည်း ရှိတတ်တာလေးကတော့ တစ်မျိုးပေါ့လေ။ ဒါပေမဲ့ ခုထိတော့ သဘာဝဆန်ပြီး လှနေတုန်းပါပဲ။ နောင် အမှိုက်များလာမှာပဲ စိုးရိမ်မိပါတယ်။


ကားလမ်းက ကားတစ်စီးစာကွက်တိပဲမို့ သွားရ ခက်လှပါတယ်။ ကားနှစ်စီးသာဆုံရင် ရှောင်ဖို့နေရာအတော် ရှာရခက်မယ်။ စိုက်ခင်းတွေကြား ကားတစ်စီးစာ ကွက်တိလေး သွားရတာကလည်း အသည်းတဖိုဖိုပါပဲ။ ဆိုင်ကယ်တွေနဲ့ကတော့ နှစ်စီး ရှောင်သာတော့ အေးအေးလူလူ သွားနိုင်တဲ့အနေအထားပါ။


ရေကန်လေးမှာ ရေဆော့နိုင်သလို၊ အနီးဝန်းကျင်က တောအုပ်အုပ်လေးကလည်း အေးမြနေတာမို့ ဟိုသွားဒီသွား စပ်စုကြည့်ပါသေးတယ်။ လူသွားလူလာကတော့ ဒေသခံတွေ များပါတယ်။ ရွာတွေဆီ သွားလာကြတာပါ။


ကယားပြည်နယ် ဟာ ချစ်စရာ သဘာဝအလှတွေ လည်ပတ်စရာအသစ်တွေနဲ့ ပြည်တွင်းခရီးသွားတွေတောင် မသိကြသေးတဲ့ နေရာသစ်တွေ အများကြီး ရှိနေတာပါ။ ကပ်ကာလကြီးပြီးဆုံးလို့ လူအစုအဝေး နဲ့ ကင်းကင်း ခရီးသွားချင်ရင်တော့ ခုလို သဘာဝတောတောင်တွေကြားကို သွားပါမှ Mask တွေ မလိုဘဲ အသက်ဝဝ ရှုရှိုက်နိုင်မှာမို့ သဘာဝတွေဆီ ခရီးသွားရမဲ့ နှစ်သစ် ဖြစ်မယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျန်းမာတဲ့ နှစ်သစ်ကြီးကို မြင်ရမဲ့ ရောင်နီသန်းလာပြီမို့ အတူတူ အားတင်းရင်း စည်းကမ်းလိုက်နာ ကပ်ကာလကြီးကို ကျော်ဖြတ်အနိုင်ယူကြပါစို့ခင်ဗျာ။


ဒါကတော့ ကယားပြည်နယ် ဒီးမော့ဆိုနယ်က လည်ပတ်စရာတစ်ခု အကြောင်းကို ရွေးနုတ်ဖော်ပြထားတာပါ။ ဒီးမော့ဆို မှာ လည်စရာအများကြီးရှိပါတယ်။ ကျွန်တော် ရေးထားပြီးသားပါ။

ဒီမှာ သွားဖတ်ကြည့်နိုင်ပါတယ်


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Tun Lin Maung, Ah Khaw

Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

14 views0 comments