top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

LGBT စုံတွဲလေးတွေ သွားလည်ဖို့ အကောင်းဆုံး ကမ္ဘာပေါ်က နေရာ (၁၀) ခု

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Jun 2, 2021
  • 2 min read

ကျွန်တော်တို့ဆီမှာတော့ LGBT (Lesbian, Gay, Bi, Transgender) community တွေ လူရှေ့မှာ ပေါ်ပေါ်ထင်ထင် သွားလာလည်ပတ်ကြတာ လွန်ခဲ့တဲ့ နှစ်တွေတုန်းကဆို မတွေ့ခဲ့ကြရဘူး။ ခုတော့ လူမှုကွန်ယက်ပေါ်ကနေ စုံတွဲပုံတွေတင်ပြီး တချို့လည်း သဘောကျကြ၊ တချို့လည်း ကဲ့ရဲ့ကြနဲ့ ဒီလိုဝေဖန်မှုတွေကြားကနေပဲ တင်နေကြတာ တွေ့ရပါတယ်။ ကမ္ဘာမှာလည်း ဒီလိုပါပဲ။ နိုင်ငံတိုင်းက အကောင်းမြင်ပေးနေကြတာမျိုးတော့ မဟုတ်ပါဘူး။ လက်ခံပေးတဲ့နိုင်ငံတွေမှာတောင် နိုင်ငံသားတိုင်းက ဒီကိစ္စကို သဘောကျနေတာမျိုး မရှိသေးတော့ ဒီလိုစုံတွဲလေးတွေအတွက် ခရီးသွားတဲ့အခါ စိတ်အနှောင့်အယှက် ကြုံကောင်းကြုံရနိုင်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဒီလိုစုံတွဲလေးတွေ ခရီးသွားချင်ကြရင် အဆင်ပြေနိုင်ဖို့ ကမ္ဘာ့မြို့လေးတချို့ကို စုစည်းတင်ပြပေးလိုက်ရပါတယ်ဗျာ။

ree
ကျွန်တော်တို့ နိုင်ငံမှာတော့ LGBTQ လူ့အဖွဲ့အစည်းကို အသိအမှတ်တော့ ပြုကြတဲ့သဘော ရှိပါတယ်။ ဝေဖန်တာ၊ ကဲ့ရဲ့တာ၊ လှောင်ပြောင်တာတွေလည်း ရှိသေးတဲ့တိုင် လူတိုင်းနဲ့ ဘဝမှာ ကင်းကွာမရတဲ့သဘောမျိုးတော့ ရှိနေတယ်။

နယူးယော့ခ်၊ အမေရိကန်နိုင်ငံ

ree
Photo : Clean Plate Pictures

လူ့အခွင့်အရေး ပြည့်ဝတယ်ဆိုပြီး ပြောကြတဲ့ အမေရိကန်နိုင်ငံရဲ့ မြို့တော် နယူးယော့ခ်ဟာလည်း LGBT စုံတွဲတွေ လည်ပတ်ဖို့ စိတ်ချကောင်းမွန်တဲ့ နေရာတစ်ခုပါ။ ထူးခြားစွာပဲ Leslie-Lohman Museum of Gay and Lesbian Art တို့၊ LGBT history walking tours တို့လို LGBT တွေအတွက် သီးသန့်ရည်ရွယ်တဲ့ အနုပညာပြတိုက်နဲ့ လည်ပတ်ရေးအစီအစဉ်တွေ စီစဉ်ထားရှိတာပါပဲ။


ပဲရစ်၊ ပြင်သစ်နိုင်ငံ

ree
Photo : Orbitz

အချစ်မြို့တော်လို့ တင်စားကြတဲ့ ပဲရစ်ဟာလည်း LGBT စုံတွဲတွေ Romantic ဖြစ်ဖြစ် သွားလည်ကြတဲ့ နေရာတွေထဲက တစ်ခုပါ။ LGBT နဲ့ ပတ်သက်တဲ့ အခမ်းအနားတွေလည်း အခါအားလျော်စွာ လုပ်ဆောင်တတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၄ - ၁၂ မှာတောင် ၁၀ ကြိမ်မြောက် LGBT အားကစားပြိုင်ပွဲကို ပြုလုပ်ခဲ့ပါသေးတယ်။ Eiffel Tower နားသွားပြီး ချစ်သူနဲ့ အရမ်း ရို ပြီး ဓါတ်ပုံရိုက်လိုက်ကြဦးနော်။


ဆိုးလ်၊ တောင်ကိုးရီးယားနိုင်ငံ

ree
Photo : Seoulfi See Less

တောင်ကိုးရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်မှာ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်တုန်းက ပထမဆုံး Korea Queer Culture Festival ကို ကျင်းပပြုလုပ်နိုင်ဲ့တယ်။ အဲ့ဒီတုန်းက လူ ၅၀ လောက်ပဲ တက်ရောက်ခဲ့ရာကနေ ၂၀၁၇ ခုနှစ် နွေရာသီမှာတော့ လူပေါင်း ၅၀၀၀၀ ကျော်အထိ ဒီပွဲကို ဆင်နွှဲလာကြအောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ဆိုလိုတာက ဒီပွဲကို ဆင်နွှဲတက်ရောက်သူတိုင်း LGBT ဟုတ်ချင်မှ ဟုတ်မယ်။ သူတို့ရဲ့ သူငယ်ချင်း၊ မိတ်ဆွေ၊ ဒီလူ့အဖွဲ့အစည်းတစ်ရပ်ကို ချစ်ခင်သူတွေလည်း ပါကောင်းပါမယ်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒီလို အရေအတွက် တိုးတက်လာတာ ဒီ LGBT လူအဖွဲ့အစည်းရဲ့ အင်အား တိုးတက်လာတာကို ပြတယ်လို့ ဆိုရမယ်။ ဒီမှာလည်း LGBT စုံတွဲတွေ လည်ပတ်စရာ ပျော်ရွှင်စရာ နေရာတွေ အပြည့်ပါ။ K-Pop အနုပညာရှင်တွေလို ဖြူဖြူချောချောလေးတွေက လာလည်ကြတဲ့ မြန်မာနိုင်ငံ က LGBT တွေကို ကြည်ကြည်နူးနူးဆွဲဆောင်နေပါလိမ့်မယ်။


ဘန်ကောက်၊ ထိုင်းနိုင်ငံ

ree
Photo : AsiaWebDirect

ထိုင်းနိုင်ငံ ဘန်ကောက်ကတော့ LGBT တွေအတွက် အတော်လေး အဆင်ပြေတဲ့နေရာပါ။ ကမ္ဘာအနှံ့က ပုံစံစုံ LGBT တွေကို မြင်ရကြသလို၊ သူတို့နိုင်ငံသားတွေကိုယ်တိုင်မှာလည်း ဒီလိုစုံတွဲတွေကို နားလည်မှုအပြည့်ထားပုံပေါ်ပါတယ်။ LGBT ဆိုတာနဲ့ Sex ကိစ္စကိုလည်း တနည်းတဖုံထည့်သွင်းစဉ်းစားရတာမို့ ဒီမြို့ဟာ ဘယ်လိုကိစ္စမျိုးမဆို မြန်မာပြည်က စုံတွဲလေးတွေအတွက် လွတ်လပ်တဲ့နေရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံလည်း မကွာခြားတော့ အသားကျလွယ်တယ်။ LGBT တွေအတွက် သီးသန့်ထားတဲ့ ကော်ဖီဆိုင်၊ ဘား၊ ကလပ်၊ ရေချိုးခန်း နဲ့ အနှိပ်ခန်း တွေလည်း အသင့်ရှိနေတာမို့ ပျော်ချင်သူတွေအတွက် လွတ်လပ်တဲ့ကမ္ဘာလေးတစ်ခု ဖြစ်မှာပါ။


မီလန်၊ အီတလီနိုင်ငံ

ree
Photo : Gayly Planet

LGBT နဲ့ ဖက်ရှင် (အထူးသဖြင့် Gay တွေနဲ့ပေါ့) က ခွဲခြားမရအောင်ပါ။ အလှအပကို ခံစားနှစ်သက်တဲ့နေရာမှာ ပိုထူးတဲ့သူတွေမို့ ပြင်သစ်နဲ့ အီတလီဟာ LGBT တွေ ပျော်တဲ့အရပ်ပေါ့။ နာမည်ကျော်ဖက်ရှင်အမှတ်တံဆိပ်တွေ ဝယ်မယ်။ ချေမယ်။ ဒါတွေလုပ်လို့ကောင်းတဲ့ ဖက်ရှင်မြို့တော်တွေထဲက တစ်မြို့ပါ။ အီတလီရဲ့ မီလန် ကို LGBT တွေအကြိုက်ဆုံးနေရာလို့တောင် ဆိုကြပါတယ်။ Gay community အတွက် အထူးရည်ရွယ်တဲ့ ဘားတွေ၊ ပါတီတွေ၊ ယဉ်ကျေးမှုပွဲတော်တွေ၊ ရုပ်ရှင်ပြပွဲတွေ၊ ဖက်ရှင်ပြပွဲတွေက ဒီမှာ ပေါများပါတယ်။ အီတလီ ရဲ့ တခြားမြို့တစ်ခုဖြစ်တဲ့ Lombardy ဟာလည်း နာမည်ကြီး Gay ဝတ္ထု နဲ့ ရုပ်ရှင် “Call Me by Your Name” ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာ အဖြစ် နာမည်ကြီးပါသေးတယ်။


တိုကျို၊ ဂျပန်နိုင်ငံ

ree
Photo : JapaneseStreet

ဒီမှာတော့ LGBT တွေ အများဆုံးထွက်လည်ကြတာ ပိတ်ရက်လေးတွေမှာပါ။ Gay for the weekend လို့တောင် ဆိုကြပါတယ်။ ဒါကို အရမ်းကြီးလက်ခံထားတာမျိုးမဟုတ်တဲ့တိုင် သူတို့ရဲ့ ယဉ်ကျေးမှုအရ တခြားသူရဲ့ အပြုအမူအပေါ်မှာ ပွင့်ပွင့်လင်းလင်းဝေဖန်ပြစ်တင်တာမျိုး မလုပ်ကြသလို၊ သူတို့ရဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှုအပေါ်မှာလည်း မဝေဖန်ကြပါဘူး။ ဒါကြောင့်ပဲလားမသိ တိုကျိုမှာဆိုရင် လန်ဒန်ထက်တောင် Gay Bar တွေ ပိုများတယ်လို့ ဆိုပြန်ပါတယ်။


ဆစ်ဒနီ၊ သြစတြေးလျနိုင်ငံ

ree
Photo : downunderendeavours

၂၀၁၇၊ နိုဝင်ဘာတုန်းက သြစတြေးလျနိုင်ငံ လူဦးရေရဲ့ ၆၁% က လိင်တူထိမ်းမြားခြင်းကို ထောက်ခံခဲ့ကြလို့ Love Wins ဆိုပြီး ဆိုခဲ့ကြတာ မှတ်မိကြဦးမယ်ထင်ပါတယ်။ ဒီက အတော်များများလည်း အဓိပ္ပါယ် သိ၊ မသိ မသေချာပေမဲ့ သူတို့ရဲ့ ပရိုဖိုင်းပုံတွေကို သက်တန့်ရောင် အလံလေးတွေ ပြောင်းခဲ့ကြသေးတယ်လေ။ ဒီလောက်ဆို ဒီမှာ လည်ပတ်ရတာ LGBT တွေအတွက် သက်တောင့်သက်သာ ဘယ်လိုရှိမလဲ ဆိုတာ သိသာပါတယ်။ Drag Queen Show (အမျိုးသမီးလို လှလှပပ ဆန်းဆန်းပြားပြားဝတ်ဆင်ကပြတဲ့ပွဲ) တွေ ရှိသလို၊ အေးချမ်းပြီး ပျော်စရာ ပြည့်နေတဲ့ ဒီအရပ်ဟာ ဒီလို ထောက်ခံတယ်ဆိုတဲ့ ကိစ္စကြောင့် LGBT စုံတွဲတွေ လာလည်ဖို့ ဆန္ဒအရှိဆုံးနေရာတွေထဲမှာ တစ်ခု ပါဝင်ပါတယ်။


ဘာလင်၊ ဂျာမနီနိုင်ငံ

ree
Photo : VisitBerlin.de

ဘာလင်ဟာ စိတ်ဝင်စားစရာသမိုင်းကြောင်းနဲ့ အနုပညာမြောက်ယဉ်ကျေးမှုဓလေ့ရှိရာ အရပ်ဖြစ်ပြီးတော့ ဂျာမနီက LGBT တွေအတွက် ထူးခြားတဲ့အရပ်လည်း ဖြစ်ပါတယ်။ LGBT (အထူးသဖြင့် Gay) တွေအတွက် အပျော်ဆိုတာ လာထား ဆိုရလောက်အောင် ပါတီတွေ ဆက်တိုက်ပါဝင်ပျော်ရွှင်နိုင်မဲ့နေရာဖြစ်ပါတယ်။


တယ်လာဗီး၊ အစ္စရေးနိုင်ငံ

ree
Photo : Okkar Min Maung

အစ္စရေးဟာ သိပ်လှတဲ့နိုင်ငံတွေထဲက တစ်ခုပါပဲ။ ကန္တာရထဲက အိုအေစစ်လေးပါ။ ဒီမှာ နိုင်ငံခြားသား အတော်လန်းလန်းတွေ လာကြပါတယ်။ ကမ်းခြေနဲ့ အိုင်တွေမှာ အပန်းဖြေကြတဲ့ LGBT တွေ အများကြီးပါ။ Gay-friendly ခရီးသွားမြို့တစ်မြို့လို့ သတ်မှတ်ကြပါတယ်။ လည်ပတ်စရာတွေ စုံလင်သလို၊ Nightlife လည်း ရှိတယ်။ သူတို့ဆီမှာ Pride ပွဲတော်ချိန်ဆိုရင် LGBT တွေအတွက် တကယ့်ကို ပျော်စရာအတိ ဖြစ်နေတတ်ပြီး နေရာတိုင်းဟာ ပါတီနဲ့ ပျော်ပွဲတွေချည်း ပြည့်နေတာပါ။


အမ်စတာဒမ်၊ နယ်သာလန်နိုင်ငံ

ree
Photo : Once Upon A Journey

ဥရောပရဲ့ LGBT မြို့တော်လို့တောင် ဆိုခဲ့ကြတဲ့ ဒီ အမ်စတာဒမ်မြို့ဟာလည်း LGBT တွေအတွက် လည်ဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ နယ်သာလန်နိုင်ငံဟာ ကမ္ဘာမှာ ပထမဆုံး လိင်တူထိမ်းမြားခြင်းကို လက်ခံခဲ့တဲ့နိုင်ငံလို့လည်း သိရပါတယ်။


ကျွန်တော်တို့ နိုင်ငံမှာတော့ LGBTQ လူ့အဖွဲ့အစည်းကို အသိအမှတ်တော့ ပြုကြတဲ့သဘော ရှိပါတယ်။ ဝေဖန်တာ၊ ကဲ့ရဲ့တာ၊ လှောင်ပြောင်တာတွေလည်း ရှိသေးတဲ့တိုင် လူတိုင်းနဲ့ ဘဝမှာ ကင်းကွာမရတဲ့သဘောမျိုးတော့ ရှိနေတယ်။ ဥပမာ နတ်ကတော်၊ မိတ်ကပ်ဆရာ စသဖြင့် အနည်းဆုံးတော့ ဘဝမှာ ပါဝင်ပတ်သက်ရတာမျိုး ရှိကို ရှိနေပါတယ်။ ဒါကြောင့် ခါးခါးသီးသီး မုန်းတဲ့သူမျိုးတော့ မရှိသလောက်လို့ ယူဆမိပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်တွင်းမှာ လည်ပတ်တဲ့အခါမှာတော့ သဘောမကျတဲ့အပြုအမူရှိတာ ရှားပါမယ်။ အရမ်းကြီး လွန်လွန်ကဲကဲ လူရှေ့သူရှေ့ နှုတ်ခမ်းချင်းတွေနမ်းနေကြရင်တော့လည်း မပြောတတ်ဘူးပေါ့လေ။ နိုင်ငံတကာအနေနဲ့တော့ တကယ်က အထက်က (၁၀) နိုင်ငံ အပြင် ထိုင်ဝမ် တို့ တောင်ကိုးရီးယား တို့ ဖိလစ်ပိုင် နဲ့ စင်ကာပူ နိုင်ငံ တို့ဟာလည်း LGBT တွေအတွက် အဆင်ပြေတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။ အနေအထိုင်အပြုအမူကတော့ အဖြောင့်စုံတွဲတွေလည်း ဆင်ခြင်ကြရတာပဲမို့ အနည်းအပါး ဆင်ခြင်ရင်ကို လည်ရပတ်ရ အဆင်ပြေပြေရှိနိုင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

댓글


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page