ဖခင် ဖြစ်ထိုက်မှ ဖခင် လုပ်ပါ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဖခင် ဖြစ်ထိုက်မှ ဖခင် လုပ်ပါ

ဇွန်လ တတိယရက်သတ္တပတ် ရဲ့ တနင်္ဂနွေနေ့ ကို "ဖခင်များနေ့" လို့ ကမ္ဘာမှာ အသိအမှတ်ပြုထားကြပါတယ်။ ဒါကြောင့် ဒီ ၂၀၂၁ ခုနှစ်အတွက်ဆို ဇွန်လ ၂၀ ရက်နေ့ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ မိခင်များနေ့ ကို သိသူများပေမဲ့ ဖခင်များနေ့ ကိုတော့ သတိမပြုမိကြတာ များပါတယ်။ မြန်မာနိုင်ငံမှာ သတ်သတ်မှတ်မှတ်နေ့ထူးအနေနဲ့ ပြာသိုလပြည့်နေ့ ကို အမေနေ့ လို့ သတ်မှတ်ထားကြပေမဲ့ အဖေနေ့ ရယ်လို့ သတ်မှတ်ထားတဲ့နေ့ အကြောင်း ကျွန်တော် မကြားခဲ့ဘူး။ ကျွန်တော့်ရဲ့ လေ့လာမှု အားနည်းလို့လည်း ဖြစ်နိုင်ပါတယ်။


မိခင် နည်းတူ မေတ္တာကြီးသူ ဖခင်

ဖခင်တွေနဲ့ ပတ်သက်ရင် မိခင်လောက် အရေးမပေးတတ်ကြပေမဲ့ ဖခင်တွေဟာလည်း သားသမီးကို တကယ်ချစ်ခင်ကြင်နာတတ်ပြီး စွန့်လွှတ်စွန့်စား ကာကွယ်ဖေးမကြသူတွေလည်း ဖြစ်ပါတယ်။ မိခင် က ကြင်နာမှုပေးနိုင်သလို ဖခင် က စွမ်းအား ကို တည်ဆောက်ပေးနိုင်ပါတယ်။ မိခင်တွေလို မေတ္တာကို ဖော်ပြနိုင်စွမ်းမှာတော့ ယောကျ်ားသားပီပီ နည်းပါးမှု ရှိတတ်ပါတယ်။ ပြီးတော့ ပြတ်သားမှုမှာလည်း မိခင်တွေထက် သာတော့ ဖခင်တွေဟာ အရာရာ ကို ဦးဆောင် ဆုံးမ တတ်တာမျိုး ဆုံးဖြတ်ချက် ချပေးတာမျိုး လုပ်ဆောင်တတ်တာမို့ သားသမီးတွေက ကြောက်ရွံကြတာ များပါတယ်။ ကြောက်တဲ့စိတ်ကြောင့် ဖခင် ရဲ့ ချစ်ခြင်းမေတ္တာအပေါ် သံသယစိတ် ဝင်တတ်ကြပါတယ်။ ဒါပေမဲ့ တချိန် ကိုယ်တိုင် ဖခင် အရွယ် ရောက်လာတဲ့အခါ ဒီ မေတ္တာတရားကို နားလည် ခံစားသွားကြရတတ်ပါတယ်။

.

ဖခင် ဖြစ်ထိုက်မှ ဖခင် လုပ်ပါ

ဒီလို စကားပြောရတာ ရင့်သီးပါတယ်။ ဒါပေမဲ့ ရင်နာနာနဲ့ပဲ ပြောချင်ပါတယ်။ ဖခင် ဖြစ်ထိုက် မှ ဖခင် လုပ်ဖို့ စဉ်းစားသင့်တယ်လို့ ဆိုပါရစေ။ သတင်းတွေထဲမှာ ဖတ်ရတဲ့ ဖခင်အရင်း က သမီးအရင်း ကိုဆိုတဲ့ နားနဲ့မနာ ဖဝါးနဲ့နာစရာ ကျော်မကောင်း ကြားမကောင်း သတင်းတွေ ဟိုက ဒီက ကြားနေရတာဟာ ဖခင် မဖြစ်ထိုက်ဘဲ ဖခင်နေရာ ယူထားကြလို့ပါ။ ဖခင် ဖြစ်ထိုက်သူ ဆိုတာ ကိုယ်က အိမ်ထောင်တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထူထောင်ရင်း သားသမီး မိသားစု အနာဂတ်စီမံကိန်းက အစ သေချာပြင်ဆင်တဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလူမျိုးမှ လူစိတ်မပျောက်ဘဲ ဖခင် ပီပီသသ ဇနီးသားသမီး မိသားစု ကို ဦးဆောင်နိုင်မှာပါ။ ဒါမှလည်း သားသမီးတွေက ဖခင်များနေ့ ဆိုတာကို ဂုဏ်ယူစွာနဲ့ ဖခင်တွေအပေါ် ချစ်ခြင်းမေတ္တာ ပြန်ပြနိုင်မှာဖြစ်ပါတယ်။

.

ကမ္ဘာအဝှမ်း က ဖခင်များနေ့

ဖခင်များနေ့ကိုတော့ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ ကို သတ်မှတ်ပြီး အခမ်းအနားတွေ ပြုလုပ်လာခဲ့ပါတယ်။ မိခင်များနေ့ရော ဖခင်များနေ့ပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ်ပုံချင်း ကွာခြားတတ်ပါတယ်။ Wiki ရဲ့ ဖော်ပြချက်အရဆိုရင် Afghanistan, Algeria, Albania, Antigua and Barbuda, Argentina, Aruba, Bahamas, Bahrain, Bangladesh, Barbados, Belize, Bermuda, Bosnia and Herzwgovina, Brunei, Burkina Faso, Cambodia, Canada, Chad, Chile, China, Colombia, Comoros, Costa Rica, Cuba, Curacao, Cyprus, Czech Republic, Dominica, Ecuador, Ethiopia, France, Gorgia, Ghana, Greece, Guyana, Hong Kong, Hungary, India, Ireland, Isle of Man, Jamaica, Japan, Kenya, Kuwait, Laos, Macao, Mali, Madagascar, Malaysia, Maldives, Malta, Mauritius, Mexico, Mozambique, Myanmar, Namibia, Netherlands, Nigeria, Oman, Pakistan, Panama, Paraguay, Peru, Philippines, Puerto Rico, Qatar, Saint Lucia, Saint Vincent and the Grenadines, Saudi Arabia, Senegal, Singapore, Sierra Leone, Slovakia, South Africa, Sri Lanka, Suriname, Trinidad and Tobago, Tunisia, Turkey, Uganda, Ukraine, United Kingdom, United States, Venezuela, Vietnam, Zambia, Zimbabwe ဆိုတဲ့ နိုင်ငံပေါင်း (၈၆) နိုင်ငံကတော့ ဖခင်များနေ့ကို ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို သတ်မှတ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ သီးခြားသတ်မှတ်ချက်မျိုးရှိနေတတ်ပါတယ်တဲ့။ ဥပမာ ထိုင်းနိုင်ငံဆို သူတို့ရဲ့ ဘုရင်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်တယ်ဆိုတာမျိုးပေါ့။

.

ဖခင်များနေ့ ဖြစ်ပေါ်လာပုံ

ဖခင်များနေ့ ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ ဦးဆုံးဇာတ်လမ်းများ ကွဲပြားမှုရှိနေပေမဲ့ အများစု လက်ခံထားတာက မိခင်များကိုသာ ဂုဏ်ပြုနေပြီး မိခင်မရှိတော့ဘဲ ဖခင်ကသာ ရုန်းကန်ကျွေးမွေးပြုစုခဲ့တဲ့ မေတ္တာတရားကို ဂုဏ်ပြုသင့်တယ်လို့ မှတ်ယူထားတဲ့ Jane Addams က သူမရဲ့ ဖခင်ကို ဂုဏ်ပြုချင်တာရော၊ တစ်ကမ္ဘာလုံးက ဖခင်တွေကို ဂုဏ်ပြုသင့်တာရော တွေးလို့ နေ့ထူးတစ်ရက်ပေါ်လာဖို့အရေး ၁၉၁၂ ခုနှစ်လောက်က စလို့ လှုပ်ရှားလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်က စတင်လို့ တစ်ကမ္ဘာလုံးက သတိပြုမိပြီး အခုဆိုရင် ဖခင်များနေ့မှာ မိမိတို့ ဖခင်ရဲ့ ဂုဏ်ကျေးဇူးတွေကို သတိတရ အောက်မေ့ ကျေးဇူးပြုတာမျိုး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။


ဖေဖေ့ကို ချစ်တယ်လို့ ပြောပြီးပြီလား

သားယောကျ်ားတွေ အနေနဲ့ကတော့ ဆယ်ကျော်သက် အကြီးပိုင်းက စလို့ ချစ်တယ်လို့ ပြောဖို့ ခက်ခဲလာတတ်ပါတယ်။ သိပ်ပြီးလည်း အစီးမကပ်သလို ဖြစ်လာတတ်ကြတယ်။ ဖေဖေ့ကို ချစ်တယ် လို့ ကလေးတုန်းက ခဏခဏ ပြောဖူးကြပေမဲ့ တဖြေးဖြေး မပြောသလောက် ဖြစ်သွားပြီး တစ်ခါ ကိုယ်က အဖေအရွယ် ဖြစ်လာတော့မှ အဖေ့အကြောင်း ပိုနားလည်လာပြီး ကလေးတုန်းက ပြောခဲ့ဖူးတဲ့ ချစ်တယ် ဆိုတဲ့ စကားကို ပြန်ပြောချင်လာတယ်။ တကယ်လို့ ကိုယ့်အဖေ က အဲ့ဒီလို စိတ်ထဲဖြစ်လာချိန် သက်ရှိထင်ရှား ရှိနေသေးတယ်ဆိုရင်တော့ ဘုရား မ တာ၊ ကံကောင်းတာ ပဲ လို့ ပြောရမယ်။ ဒါဆိုရင် ဖခင်များနေ့ မှာ သေချာပေါက် ပြောဖို့ အခွင့်အရေးယူပြီး ပြောလိုက်စေချင်ပါတယ်။ ကျွန်တော် အပါအဝင် ကမ္ဘာပေါ်က လူတချို့မှာတော့ အဲ့ဒီအခွင့်အရေး က မရှိတော့ပါဘူး။ .


Happy Father's Day!

ကမ္ဘာပေါ်ရှိ ဖခင်များအားလုံး မိသားစုအတွက် စံထားရတဲ့ ဖခင်ကောင်းများပီသစွာနဲ့ ကျန်းမာရွှင်လန်း ပြည့်စုံကြပါစေခင်ဗျာ။

သီဟလုလင် (Thiha, the Traveller)

128 views0 comments
bottom of page