top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဘန်ကောက် မြို့တွင်းလှေစီးခ ဈေးတက်

ဘန်ကောက်ရဲ့ လူစီးများဆုံး Saen Saeb လှေခ ကို ဒီ နိုဝင်ဘာ ၁ ရက်နေ့က စပြီး ဈေးမြှင့်လိုက်တယ်လို့ သိရပါတယ်။


အရင်ကာလတွေတုန်းက မြို့တွင်း အများသုံးလှေစီးခဟာ ၁၀ ဘတ် သာရှိခဲ့ပြီး အခုအချိန်မှာတော့ ၁၂ ဘတ်၊ ၁၄ ဘတ်၊ ၁၆ ဘတ်၊ ၁၈ ဘတ် ကနေ ၂၂ ဘတ်ထိ ခရီးစဉ်အလိုက် ကောက်ယူတဲ့ပုံစံ ပြောင်းလိုက်ပါတယ်။ အဓိကက ဒီဇယ်ဈေးမြင့်လာတာကြောင့်လို့ ဒီ မြို့တွင်းလှေ ပို့ဆောင်ရေးစနစ်ကို လုပ်ဆောင်နေတဲ့ The Family Transport Co က ပြောပါတယ်။


Saen Saeb အများသုံးလှေ ဟာ ဘန်ကောက်ရဲ့ ရုံးဆင်းရုံးတက်ချိန် ကားကြပ် ရထားကြပ်တာကို ရှောင်လိုသူတွေ အားထားအသုံးပြုရတဲ့ ရေလမ်းပို့ဆောင်ရေး ပဲဖြစ်ပါတယ်။ ဘန်ကောက်ရဲ့ မြောင်းတွေကနေ တဆင့် ကူးလူးသွားလာရတာပါ။ မြောင်းတွေမှာ ဖြတ်သန်းသွားလာရတာဖြစ်လို့ အနံ့ပြဿနာရှိပေမယ့်လည်း ကားကြပ်တဲ့ဒုက္ခကို အလွယ်ဆုံးဖြေရှင်းပေးနိုင်သလို မြန်ဆန်စွာနဲ့ လိုရာခရီးကို​ ဈေးသက်သက်သာသာ ရောက်ရှိနိုင်တဲ့အတွက် အားအထားရဆုံး မြို့တွင်းဆက်သွယ်ရေးစနစ်တစ်ခုပဲ ဖြစ်ပါတယ်။

ကုမ္ပဏီကတော့ ဆီဈေး ကျတာနဲ့ ဈေးနှုန်းတွေ ပြန်ချပေးမယ်လို့ ပြောထားပါတယ်။


27 views0 comments

Comentários


bottom of page