top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ထိုင်းနိုင်ငံရဲ့ ဆေးခြောက်ခရီးစဉ် (Cannabis Tour) ကို မြန်မာတွေလည်း လည်ပတ်နိုင်

ဇွန်လ ၉ ရက်၊ ၂၀၂၂ ခုနှစ်က စလို့ ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်ကို မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါး စာရင်း အမျိုးအစား (၅) ကနေ ဖယ်ထုတ်ပေးလိုက်ပြီမို့ အိမ်တွေမှာ စိတ်ကြိုက်စိုက်ပျိုးခွင့် ရရှိခဲ့ပါပြီ။ ထိုင်းနိုင်ငံဟာ လွန်ခဲ့တဲ့ လ အနည်းငယ်ကတည်းကအချို့နိုင်ငံများလို ဆေးခြောက်နဲ့ပတ်သက်တဲ့ခရီးစဉ်တွေကို ရောင်းချပြီး ခရီးသွားလုပ်ငန်းကို အရှိန်မြှင့်တင်ဖို့ ကြိုတင်စီစဉ်ထားပြီးဖြစ်ပါတယ်။

Photo: Bangkok Post

မူးယစ်ဆေးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ဆေးဝါးစာရင်းကနေ ပယ်ဖျက်လိုက်တယ်ဆိုပေမဲ့လည်း လူတွေ လွတ်လွတ်လပ်လပ် အပျော်သုံးစွဲဖို့ ခွင့်ပြုလိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ကျန်းမာရေးနဲ့ ဆေးဝါးဆိုင်ရာ ကိစ္စရပ်တွေမှာပဲ သုံးစွဲရမှာလို့ ဆိုပါတယ်။ စိုက်ပျိုးရိတ်သိမ်းထုတ်လုပ်ခြင်းတွေအတွက် ဒေသဆိုင်ရာအဖွဲ့အစည်းတွေ သို့မဟုတ် Pluk Kan လို့ခေါ်တဲ့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးအဖွဲ့က ဖန်တီးထားတဲ့ မိုဘိုင်းဖုန်းအက်ပလီကေးရှင်း ကနေ မှတ်ပုံတင်ပြုလုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။


Cannabis Tour (ဆေးခြောက်ခရီးစဉ်) အနေနဲ့ ဘယ်လို တမူထူးတဲ့ ဖောက်ထွက်ခရီးစဉ်ပုံစံမျိုး ဖြစ်လာမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဆေးခြောက်ထည့်သွင်းချက်ပြုတ်တဲ့ အစားအသောက်တွေလည်း ရောင်းချခွင့်ရလာတာမို့ ခရီးစဉ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖွယ်ရှိပြီး၊ ဆေးခြောက်ပင်စိုက်ခင်းကျယ်ကြီးတွေဆီ သွားရောက်လည်ပတ်ခြင်းမျိုးလည်း ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။


ထိုင်းနိုင်ငံရောက် မြန်မာခရီးသွားတွေအနေနဲ့ လည်ပတ်လိုတယ်ဆိုရင် Direct Go Travels & Tours ရဲ့ ထိုင်းနိုင်ငံ ရုံးခွဲကနေ ဆောင်ရွက်ပေးလျက်ရှိပြီး ခရီးစဉ်ဟာ မြန်မာနိုင်ငံ ကယားပြည်နယ်နယ်စပ်နားက မယ်ဟောင်ဆောင်ဒေသဘက် လို့လည်း သိရပါတယ်။ ၂ ည အိပ် ၃ ရက် ခရီးစဉ်ကို လေယာဉ်နဲ့ဆို တစ်ဦး ဘတ် ၁၀,၀၀၀ ဝန်းကျင် ကျသင့်နိုင်ပြီး ကားနဲ့ဆို တစ်ဦး ဘတ် ၇,၅၀၀ ဝန်းကျင် ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။

98 views0 comments

Comments


bottom of page