ပုဂံ ဆို ဈေးသင့်သင့်လေးနဲ့ Bagan View မှာတည်း
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ပုဂံ ဆို ဈေးသင့်သင့်လေးနဲ့ Bagan View မှာတည်း

ပုဂံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ သိပ်ထိုက်တန်လောက်အောင်ကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိတ်ဝင်စားစရာတွေ အပြည့် ရှိနေပါတယ်။ ပုဂံ ကို လည်တိုင်း ဘယ်မှာတည်းရမလဲ အတွေးများနေသူတွေအတွက် ဒီတစ်ခါ Bagan View Hotel မှာ တည်းကြည့်ပါလားလို့ အကြံပြုချင်ပါတယ်။


Bagan View Hotel ကို ရွေးတည်းဖြစ်တယ်။

ကျွန်တော် အမြဲ Bagan View Hotel (ပုဂံရှုခင်းဟိုတယ်) မှာပဲ တည်းဖြစ်တယ်။ အကြောင်းက ဖော်ရွေတယ်၊ မနက်စာ ဘူဖေး အရမ်းကောင်းတယ်။ အခန်းက သန့်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ရေဗူးကို ပြန်ဖြည့်တဲ့ရေဗူးလေးတွေ သုံးထားတယ်။ မီးခံသေတ္တာကလည်း သံသေတ္တာကို သော့ခလောက်နဲ့ အလန်းကြီး။ ဟိုတယ်ရဲ့ အလယ်က ဟင်းလင်းလဟာ အလင်းရောင်ကောင်းတာလည်း ကြိုက်သလို၊ ရာသီပွဲတော်အလိုက် အထူးအစီအစဉ်လေးတွေလုပ်ပြီး နိုင်ငံခြားဧည့်သည်တွေကို အတွေ့အကြုံသစ်ပေးတယ်။ ကျွန်တော်သွားတုန်းက ထမနဲထိုးပြိုင်ပွဲလေး လုပ်တော့ ကျွန်တော်တို့ ပြည်တွင်းခရီးသွားတွေရော၊ ပြည်ပခရီးသွားတွေပါ အကုန်ပျော်ပြီး အားပေးခဲ့ကြတာ အမှတ်တရပါပဲ။


မနက်စာ ဘူဖေးရှိပြီး ညစာ တွေအတွက် Open Air မှာ ဇိမ်ယူလို့ရတယ်။

မနက်စာ ကို ဘူဖေး ခင်းပေးပြီး ဝဝလင်လင် စားလို့ရတာက ကျွန်တော်တို့ ပုဂံ ကို အားရပါးရ ပတ် လည်၊ ခြေတိုအောင် လမ်းလျှောက်ရလို့ ဗိုက်တအားဆာတာကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်သွားတယ်။ မနက်စာကို အဝစားထားတော့ ရုပ်မပျက်ဘူးပေါ့။ ဟိုတယ် ရဲ့ စားဖိုမှူးတွေလည်း တော်ကြပါတယ်။ ဟိုတယ်မှာ မစားချင်ရင် အနားမှာ The Basket စားသောက်ဆိုင် ရှိလို့ သွားစားနိုင်သေးတယ်။ သဘောအကျဆုံးက ဟိုတယ်အပေါ်ဆုံးထပ်မှာ လဟာပြင်ပုံစံမို့ Open Air Bar လေး ဖြစ်နေပြီး ညစာ ကို အဲ့ဒီမှာ ပုဂံ မှာ သာတဲ့ လ ကို ခံစားရင်း စားသောက်နိုင်သေးတယ်။ တကယ့် အငြိမ်း။ အဲ့ဒီမှာ ပိတ်ကားကြီးနဲ့ ရုပ်ရှင်ကားကောင်းတွေ ပြတတ်သေးလို့ ခံစားလို့ရသေးတယ်ဗျာ။


အနီးအပါးတင် လည်စရာစုံလင်

ရှေ့မှာ ယွန်းထည်ဆိုင်ကြီး ရှိတာကလည်း တပန်းသာတယ်။ အနီးအနားမှာ စားသောက်ဆိုင်ကောင်းတွေ များတယ်။ အနီးဆုံးဘုရားကြီးက အာနန္ဒာ မို့ သွားလာရ လွယ်တယ်။ ဟိုတယ်ဝန်းကျင်မှာတင် ဆင်ကဘုရား နဲ့ တခြားသော ရှေးဘုရားတွေကို မြင်တွေ့ ဖူးမြင်ရဦးမယ်။ E Bike ၊ တုတ်တုတ်၊ ကား ငှားတာကအစ အဆင်ပြေလို့ ပုဂံရောက်တိုင်း တည်းဖြစ်တာ။ ကိုယ့် ဘတ်ဂျက်နဲ့လည်း ပိုကိုက်တာ ပါလို့ပေါ့လေ အဓိက ကတော့။


အပျင်းပြေဖို့ စာကြည့်တိုက် နဲ့ Free ကော်ဖီ

ဒီ စိတ်ကူးလေးလည်း မဆိုးဘူး။ စာကြည့်တိုက်အငယ်စားလေး ဖန်တီးပေးထားပြီး ထိုင်စရာခုံလေးတွေနဲ့ စိတ်ကြိုက် စာအုပ်တွေ ရွေးပြီး ဖတ်လို့ရတယ်။ စာလေးဖတ် ကော်ဖီလေးသောက်ချင်ရင် အောက်ထပ်မှာ ကော်ဖီ ကိုယ်တိုင် စိတ်ကြိုက်ဖျော်သောက်ဖို့ စီစဉ်ပေးထားတာလေး ရှိသေးတယ်။


ရေကူးကန် ရှိပြီ

အရင်က ရေကူးကန် မရှိလို့ စိတ်အားရမှု သိပ်မရှိခဲ့တာ အခုတော့ ရေကူးကန် ရှိသွားပြီလေ။ ဟိုတယ် ရဲ့ ရှေ့ဘက်ခြမ်းက Bagan House ယွန်းထည်ဆိုင်ကပ်လျက်မှာ ရေကူးကန်ကြီးကို ဖန်တီးထားပြီမို့ ပုဂံ ရဲ့ နွေအပူကို ရေလေးစိမ်ပြီး ဖြတ်သန်းချင်သူတွေအတွက် တကယ့် အပန်းဖြေရာနေရာကြီး ဖြစ်ပြီသေချာပါတယ်။


ဈေးသင့်တယ်ဆိုတော့ ဘယ်လောက်လဲ?

ဈေးနှုန်းအားဖြင့်လည်း မကြီးတော့ ပြည်တွင်းရော၊ ပြည်ပရော ဧည့်သည်အမြဲ များတတ်တယ်။ နှစ်ယောက်ခန်း ၃၅၀၀၀ ကျပ် ၊ သုံးယောက်ခန်း ၅၅၀၀၀ ကျပ် ၊ လေးယောက်ခန်း ၆၅၀၀၀ ကျပ် ဝန်းကျင်ပါပဲ။ ဈေးနှုန်းကတော့ Promotion ကာလ နဲ့ အခြားအခြေအနေတွေပေါ်မူတည်ပြီး အပြောင်းအလဲ ရှိနိုင်ပါတယ်။ ကြိုတော့ ဘွတ်ကင်ယူသွားပါနော်။


Bagan View Hotel ကို ဘယ်လို Booking တင်ရမလဲ?

Bagan View Hotel မှာတည်းမယ်ဆိုရင်တော့ ဖုန်း 0951320821 ကို ကြိုတင်ဘွတ်ကင်ယူလိုက်လို့ရပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Win Kyaw Thu (Freelance Tourist Guide), David

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

bottom of page