top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ကမ္ဘာ့ပတ်ဝန်းကျင်နေ့ ၂၀၁၇

Writer: Thiha Lu LinThiha Lu Lin

#WorldEnvironmentDay #WithNature Trekking and hiking to reach the summit of Mt. Victoria, Chin State, Myanmar is one of my best local trips ever. Mt. Victoria is known for its unspoiled native fauna and flora of the region and attracting visitors from the rest of the country and abroad. Myanmar's third highest mountain is now protected as a national park since 1994 and it is the sixth national park in Myanmar as well. In 2012, Mt. Victoria became ASEAN heritage site. This place becomes our great travelers attraction site and it means a lot to us in tourism sector, also in developing of our ethnic areas. That's why Mt. Victoria is my favorite spot to connect with nature.

နှစ်စဉ်တိုင်း ဇွန်လ (၅) ရက်နေ့ကို World Environment Day (WED) အဖြစ် သတ်မှတ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အခမ်းအနားတွေကို ကမ္ဘာတစ်ဝှမ်းဆင်နွှဲကြပါတယ်။ ၁၉၇၄ ခုနှစ်ကတည်းက စတင်လာခဲ့တာမို့ ခုဆိုရင် (၄၃) နှစ်တိုင်ခဲ့ပါပြီဗျာ။ နှစ်တိုင်းလိုလို စိတ်ဝင်စားစရာ ဆောင်ပုဒ်နဲ့ ခေါင်းစီးလေးတွေပေးရင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားမှုကို အားဖြည့်ပေးခဲ့ပါတယ်။ ပြိုင်ပွဲလေးတွေလည်း ကျင်းပခဲ့ပါတယ်။ သစ်ပင်စိုက်ပျိုးပွဲလိုမျိုးတွေလည်း လုပ်ဆောင်ကြသလို၊ တခြား လှုပ်ရှားမှုအစီအစဉ်တွေဖြစ်တဲ့ ခြေကျင်ခရီးထွက်တာ၊ တောင်တက်တာ၊ စက်ဘီးစီးတာမျိုးတွေလည်း အဖွဲ့လိုက် လုပ်ဆောင်တတ်ကြပါတယ်။

ဒီနှစ် ၂၀၁၇ ခုနှစ်အတွက် Theme ကတော့ "Connecting People to Nature" ပါ။ ဒီနှစ်မှာ ဓါတ်ပုံပြိုင်ပွဲလေးတစ်ခုကိုလည်း လုပ်ပါတယ်။ ကိုယ်နှစ်သက်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအလှပုံတစ်ပုံ (အဲ့ဒီပုံထဲမှာ ကိုယ်တိုင်ပါဝင်ရင် ပိုကောင်းပါတယ်) ကို Hashtag လေးတွေနဲ့တွဲပြီး ကိုယ့်ရဲ့ အကြိုက်ဆုံး သဘာဝ ဝန်းကျင်နေရာလေးကို ဘာကြောင့်သဘောကျရတဲ့အကြောင်း စာစီပြီး ဝေမျှပေးပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်လေးတွေကို UN က ဦးဆောင် ဆောင်ရွက်ပေးနေတာပါ။

တကယ်တော့ ဒီလှုပ်ရှားမှုတွေဟာ လူတွေ မေ့လျော့ထားခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ယိုယွင်းပြီး စတင်ဖြစ်ပွားစေသူ ကျွန်တော်တို့ လူသားတွေကို ပြန်ဒုက္ခပေးနေပြီ ဖြစ်တဲ့အကြောင်း မီးမောင်းထိုးပြတာ သက်သက်ပါပဲ။ မနေ့ကပဲ ကျွန်တော်တို့ ရန်ကုန်တခွင် ရေကြီးရေလျှံတော့ ကျွန်တော်တို့တွေ စည်းကမ်းမဲ့ စွန့်ပစ်လိုက်တဲ့ အမှိုက်နဲ့ ခုတ်လှဲလိုက်တဲ့ သစ်ပင်တွေ အကြောင်းကို ကျွန်တော်တို့ သတိရလိုက်ကြပါတယ်။ ဒါလည်း စက္ကန့်ပိုင်း မိနစ်ပိုင်းပါပဲ။ ပြီးတော့လည်း နေ့စဉ်လုပ်ဆောင်နေကြအတိုင်းပဲ ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မဲ့ အသုံးအဆောင်တွေနဲ့ မကင်းမကွာတမ်း အသုံးပြုလုပ်ဆောင်နေကြရဆဲပါပဲ။

အထိမ်းအမှတ်နေ့လေး သတ်သတ်မှတ်မှတ် ထားလိုက်တာကတော့ ကျွန်တော်တို့ကို ပြန်ဆင်ခြင်နိုင်စရာ ဖြစ်စေတာပေါ့။ သဘာဝပတ်ဝန်းကျင် ကောင်းမွန်တဲ့ ဒေသတွေမှာ ရာသီဥတုသမ မျှတမှုရှိလို့ လူတွေလည်း စီးပွားရေးအတွက် မပူမပင်လုပ်ဆောင်နိုင်ကြတယ်။ ဒါမှလည်း တိုးတက်မှုက ပိုပြီး မြန်ဆန်လာမယ်။ ကျွန်တော်တို့တွေ တန်ဖိုးမထားဘဲ ထုတ်ယူနေတဲ့ သဘာဝသယံဇာတတွေကြောင့် ကျွန်တော်တို့နိုင်ငံသားတွေ ဆိုးကျိုးအမျိုးမျိုး ကြုံဆုံနေကြချိန်မှာ ကျွန်တော်တို့နိုင်ငံက ထွက်သမျှ သဘာဝသယံဇာတတွေဝယ်ယူပြီး တစ်ဘက်မှ သဘာဝပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးယူလို့ ရာသီဥတုက အစ ပြုပြင်ပြောင်းလဲနိုင်ပြီး နိုင်ငံတိုးတက်အောင် စဉ်းစားကြံဆနေတဲ့သူတွေ အများကြီးရှိနေပါပြီ။

ခရီးသွားနေသူတစ်ယောက်အနေနဲ့ကတော့ ကြွပ်ကြွပ်အိတ်နဲ့ ပလတ်စတစ်အိတ်တွေ အသုံးအစွဲများပြီး စနစ်တကျ မစွန့်ပစ်တာ အပါအဝင် ကိုယ့်အမှိုက် (ကိုယ်သောက်တဲ့ ရေဗူး၊ ဘီယာ၊ အရက်၊ အအေးဗူး တို့ကအစ) အားလုံးကို သေချာသိမ်းဆည်းပြီး အမှိုက်ပုံးမှာ စနစ်တကျ စွန့်ပစ်မှလည်း သဘာဝ ဝန်းကျင် (အပင် နဲ့ တိရစ္ဆာန်တွေ) ကောင်းကောင်း ရှင်သန် လှုပ်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါမှလည်း ဂေဟစနစ်မှန်ကန်ပြီး ရာသီဥတု၊ တောနဲ့သစ်ပင်၊ မြစ်ချောင်းအင်းအိုင် တို့ဟာ လူသားတွေကို မှန်မှန်အကျိုးပြုချိန် ကြာရှည်နေမှာ ဖြစ်လို့ ကျွန်တော်ကိုယ်တိုင်လည်း သတိကြီးကြီးထား လုပ်ဆောင်နေပါတယ်။

နံဘေးမှာ ရှိနေတုန်းမှာ တန်ဖိုးထားပါဆိုတာ အချစ်တစ်ခုတည်းမှ မဟုတ်ပါဘူး သဘာဝပတ်ဝန်းကျင်လည်း ပါဝင်ပါတယ်လို့ စာဖတ်သူတွေကိုရော၊ ကျွန်တော့်ကိုယ် ကျွန်တော်ပါ သတိပေးရင်းနဲ့ ဒီနှစ်ရဲ့ World Environment Day ကို ကြိုဆိုလိုက်ပါတယ်ဗျာ။

Trekking and hiking to reach the summit of Mt. Victoria, Chin State, Myanmar is one of my best local trips ever. Mt. Victoria is known for its unspoiled native fauna and flora of the region and attracting visitors from the rest of the country and abroad. Myanmar's third highest mountain is now protected as a national park since 1994 and it is the sixth national park in Myanmar as well. In 2012, Mt. Victoria became ASEAN heritage site. This place becomes our great travelers attraction site and it means a lot to us in tourism sector, also in developing of our ethnic areas. That's why Mt. Victoria is my favorite spot to connect with nature.


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page