top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

2025 မြန်မာပတ်စပို့နဲ့ ဘယ်နိုင်ငံတွေ သွားရင် ဗီဇာလိုမလဲ?

၂၀၂၅ နှစ်သစ်ကို ရောက်လာခဲ့တော့ ကျွန်တော်တို့ မြန်မာပတ်စပို့ ရဲ့ အခြေအနေ ဘယ်လိုရှိမလဲ တွေးမိကြမယ်ထင်ပါတယ်...

ဒီပတ်စပို့နဲ့ ဘယ်နိုင်ငံတွေ အလွယ်တကူ သွားလို့ရဦးမလဲ၊ ဘယ်နိုင်ငံတွေကို သွားဖို့ အရမ်းခက်သွားမလဲ တွေးပူမိကြမှာပါ...


၂၀၂၄ ခုနှစ်တုန်းကတော့ ကမ္ဘာ့ပတ်စပို့တွေထဲမှာ အင်အားအကောင်းဆုံး ပတ်စပို့ ကို စင်ကာပူ ပတ်စပို့က နံပါတ် (၁) ရယူနိုင်ခဲ့ပါတယ်။ Henley ရဲ့ Index မှာ ဖော်ပြခဲ့တဲ့အတိုင်း -


  1. စင်ကာပူ

    ၁၉၅ နိုင်ငံ ကို ဗီဇာမလိုအပ်ဘဲ သွားလာဝင်ထွက်နိုင်ပါတယ်

  2. ဂျပန်

    ၁၉၃ နိုင်ငံ ကို ဗီဇာမလိုအပ်ဘဲ သွားလာဝင်ထွက်နိုင်ပါတယ်

  3. ဖင်လန် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန်၊ တောင်ကိုးရီးယား

    ၁၉၂ နိုင်ငံ ကို ဗီဇာမလိုအပ်ဘဲ သွားလာဝင်ထွက်နိုင်ပါတယ်

  4. သြစတြေးလျ ၊ ဒိန်းမတ်၊ အိုင်ယာလန် ၊ လူဇင်ဘတ် ၊ နယ်သာလန် ၊ နော်ဝေ ၊ ဆွီဒင်

    ၁၉၁ နိုင်ငံ ကို ဗီဇာမလိုအပ်ဘဲ သွားလာဝင်ထွက်နိုင်ပါတယ်

  5. ဘယ်လဂျီယံ ၊ နယူးဇီလန် ၊ ပေါ်တူဂီ ၊ ဆွစ်ဇလန် ၊ အင်္ဂလန်

    ၁၉၀ နိုင်ငံ ကို ဗီဇာမလိုအပ်ဘဲ သွားလာဝင်ထွက်နိုင်ပါတယ်


ဒီနိုင်ငံတွေရဲ့ ပတ်စပို့တွေကတော့ ၂၀၂၄ ခုနှစ်မှာ အင်အားအကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။


ကျွန်တော်တို့ မြန်မာပတ်စပို့ကတော့ အဆင့် (၈၃) မှာ ရှိနေပြီး လုံးဝ ဗီဇာမလိုဘဲ သွားနိုင်တဲ့ နိုင်ငံ (၁၄) နိုင်ငံ၊ ဆိုက်ရောက်ဗီဇာ နဲ့ eTA ခရီးသွားအထောက်အထားရယူသွားနိုင်တဲ့ နိုင်ငံ (၂၉) နိုင်ငံ၊ စုစုပေါင်း (၄၃) နိုင်ငံ ကိုပဲ လွယ်လင့်တကူ သွားလာနိုင်နေသေးတဲ့ အနေအထားဖြစ်ပါတယ်။ ကျန်တဲ့နိုင်ငံတွေကိုတော့ သံရုံး၊ သံရုံးကိုယ်စားပြုဗီဇာရုံး၊ eVisa စနစ်တွေနဲ့ သွားရောက်နိုင်ကြမှာ ဖြစ်ပြီး လိုအပ်ချက်များလည်း အထူးများပြားပါတယ်။


ဒီတော့ ၂၀၂၅ မှာ ဘယ်နိုင်ငံတွေ သွားရင် ဗီဇာ မလိုဘူးလဲ၊ ဘယ်နိုင်ငံတွေကတော့ လိုမှာလဲ ဆိုတာ သိရဖို့ ပုံလေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်ဗျ...


ဒီစာရင်းကတော့ လုံးဝ ဗီဇာ မလိုဘဲ လေယာဉ်လက်မှတ်လေး ဝယ်ပြီး သာသာယာယာ သွားလာနိုင်မယ့် နိုင်ငံတွေ ဖြစ်ပါတယ်.... တချို့နိုင်ငံတွေမှာ ချွင်းချက်လေးတွေတော့ရှိပါတယ်... ထိုင်းလိုမျိုးဆို ၁၄ ရက်ခရီးတိုအတွက် ဗီဇာ မလိုအပ်ပေမဲ့ ရက်ရှည်နေမယ်ဆိုရင် eVisa လျှောက်ရတာမျိုးတွေ ရှိနိုင်ပါတယ်...

Visa on Arrival ဆိုတဲ့ ဆိုက်ရောက်ဗီဇာ ယူဖို့ လိုတဲ့နိုင်ငံတွေက ပုံထဲက အတိုင်း ဖြစ်ပါတယ်။ ဆိုက်ရောက်ဗီဇာ ပေးပြီးဖြစ်လို့ အများစုကိုတော့ နိုင်ငံဝင်ခွင့်မပေးတာမျိုး မလုပ်နိုင်ဘူးလို့ ယူဆရပါတယ်Visa on Arrival ဆိုတဲ့ ဆိုက်ရောက်ဗီဇာ ယူဖို့ လိုတဲ့နိုင်ငံတွေက ပုံထဲက အတိုင်း ဖြစ်ပါတယ်။ ဆိုက်ရောက်ဗီဇာ ပေးပြီးဖြစ်လို့ အများစုကိုတော့ နိုင်ငံဝင်ခွင့်မပေးတာမျိုး မလုပ်နိုင်ဘူးလို့ ယူဆရပါတယ်...

eTA ဆိုတဲ့ Electronic Travel Authorization ကလည်း eVisa နဲ့ ဆင်တူပေမဲ့ နည်းနည်းကွာတယ်လို့ မှတ်သားရပါတယ်။ တချို့က ဒါကို ဗီဇာလို့ မခေါ်ကြပါဘူး။ eTA ပဲ ပြောရပါတယ်။ eTA နဲ့ဆိုရင် နိုင်ငံအဝင် လဝက မှာ အပြည့်အဝ အာဏာရှိနေပြီး သူတို့ရဲ့ သဘောထားပေါ်မူတည် ဆုံးဖြတ်တယ်လို့ ယူဆရနိုင်ပါတယ်။ ထိုင်ဝမ်က ဂျပန်၊ အမေရိကား၊ ဥရောပ စတဲ့နိုင်ငံတွေ မသွားဖူးသေးရင်တော့ ကျွန်တော်တို့ ရန်ကုန်မှာ ဗီဇာအတွက်ရုံးရှိနေပြီး သူ့ဆီကနေ သွားတာပိုကောင်းပါတယ်။ ပြောထားတဲ့နိုင်ငံတွေ ဗီဇာရှိထားဖူးရင်တော့ (၁ နှစ်အတွင်းပါ၊ ၁ နှစ်ကျော်ရင်တော့ စမ်းကြည့်ကြည့်ပေါ့နော်) အွန်လိုင်းကနေ လျှောက်တဲ့ eTA အလွယ်ရနိုင်ပါတယ်...

ဒီပုံထဲမှာတော့ နောက်ပိုင်း ခေတ်စားလာပြီး လာမယ့်နှစ်အနည်းငယ်ဆို တစ်ကမ္ဘာလုံးနီးပါး လုပ်ဆောင်လာကြတော့မယ့် e Visa လျှောက်ထားကြရမယ့်နိုင်ငံတွေပါ။ e Visa စနစ်မှာ တချို့နိုင်ငံတွေက လျှောက်ထားရာမှာ ပိုမိုချောင်ချိ အဆင်ပြေသွားတာတွေ ရှိတတ်ပါတယ်။ ဥပမာ - အိန္ဒိယ လိုမျိုးပါ။ တချို့ကျတော့လည်း ပိုစိစစ်သွားတာမို့ ရဖို့ ခက်ခဲနိုင်ပါတယ်...

ဒါကတော့ ပုံမှန်အတိုင်း သံရုံး သို့မဟုတ် သက်ဆိုင်ရာဗီဇာကိုယ်စားလှယ်ရုံးတွေကနေမှ လျှောက်ထားရမယ့်နိုင်ငံတွေပါ။ တချို့နိုင်ငံတွေရဲ့ သံရုံးတွေက မြန်မာမှာမရှိလို့ သူတို့သံရုံးရှိရာ အနီးဆုံးနိုင်ငံတွေကို သွားရောက်လျှောက်ထားရတတ်ပါတယ်....

သတိပြုစေချင်တာကတော့ အခုမှ ၂၀၂၅ အစပဲ ရှိသေးတာမို့ ဒီစာရင်းနဲ့ ဒီအခြေအနေတွေဟာ အချိန်မရွေး အပြောင်းအလဲ ဖြစ်သွားနိုင်တယ်ဆိုတာပါပဲ။​ ဒါကြောင့် Visa Free ရတဲ့နိုင်ငံပဲ ဖြစ်ပါစေဦး မသွားခင်တော့ တစ်ချက် ပြန်လည်သုံးသပ်လေ့လာတာမျိုး မဖြစ်မနေလုပ်ဆောင်ဖို့ တိုက်တွန်းချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းကျန်းမာ စိတ်ချမ်းမြေ့ကြပါစေ

သီဟလုလင် | Thiha, the Traveller


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

37 views0 comments

Comments


bottom of page