top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

World Environment Day 2019

Writer's picture: Thiha Lu LinThiha Lu Lin

အရင်က "လေထုညစ်ညမ်းမှု" ဆိုတာ ကိုယ်တွေ နိုင်ငံနဲ့ လားလားမှမဆိုင်တဲ့ ကိစ္စရပ်ကြီးလိုပဲ။ ဟော အခုတော့လည်း ဒီစကားလုံးကို ကိုယ်တွေ သေချာ ရိပ်စားမိလာကြပြီ။ ၂၀၁၈ - ၂၀၁၉ တစ်နှစ်တာ အတွင်း ပြန်စဉ်းစားကြည့်တော့ ရန်ကုန်၊ မန္တလေး လို မြို့ကြီးတွေမှာ လေထုညစ်ညမ်းမှု အဆင့်တွေ မြင့်တက်လာနေတာတွေ၊ ရန်ကုန်မှာ အဆိုးဆုံးအခြေအနေအဆင့် သတ်မှတ်ချက်တွေကို ရောက်လာတယ်ဆိုတဲ့ စာရင်းဇယားတွေ ကြားခဲ့ရတာ မှတ်မိဦးမယ် ထင်ပါတယ်။ အဲ့လိုပဲ ထိုင်းနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်မြို့တချို့မှာ မီးခိုငွေ့တွေနဲ့ မြူတွေ ထူထပ်နေလို့ မျက်စိတွေစပ်ပြီး အပြင်သွားလာဖို့တောင် ခက်ခဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံက မြို့လေးတွေ အကြောင်းလည်း ဒီနှစ်တွေမှာ ကြားခဲ့ရပြီသွားပြီဆိုတော့ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဒီ "လေထုညစ်ညမ်းမှု" ဆိုတာကို စတင် ခံစားလာကြရပြီလို့ ဆိုနိုင်ပါတယ်။


နှစ်စဉ် ဇွန်လ (၅) ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ (World Environment Day) ပါ။ ဒီနှစ်မှာတော့ #BeatAirPollution လေထုညစ်ညမ်းမှုကို အနိုင်ယူကြစို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ တစ်ကမ္ဘာလုံး တက်တက်ကြွကြွ ဆင်နွှဲနေကြပါတယ်။


လေထုညစ်ညမ်းမှု ကြောင့် ကျွန်တော်တို့တွေ မကျန်းမာတဲ့ဘဝတွေနဲ့ နေ့စဉ် အသက်ရှင်နေထိုင်သွားကြရမယ်ဆိုတာ သတိပြုကြရမှာပါ။ ဒါကြောင့် လေထုညစ်ညမ်းမှုကို ကာကွယ်နိုင်မဲ့ အစီအစဉ်တွေကို တစ်ဦးချင်း ကနေ တစ်မြို့၊ တစ်နိုင်ငံ၊ တစ်ကမ္ဘာလုံး ပါဝင်လုပ်ဆောင်ကြရင် ဒါကို ထိန်းချုပ်သွားနိုင်ဖို့ မျှော်လင့်ရပါတယ်။


လေထုညစ်ညမ်းမှုကို အိမ်တွင်းလေထုညစ်ညမ်းမှု နဲ့ ပြင်ပလေထုညစ်ညမ်းမှု ဆိုပြီး ယေဘုယျခွဲခြားမှတ်သားထားနိုင်တယ်။ ဆိုလိုချင်တာက အိမ်တွင်းလေထုညစ်ညမ်းမှု ဆိုတာမှာ မီးဖိုချောင်က အဓိကအကြောင်းရင်းဖြစ်တယ်။ မီးခိုတွေအများကြီးထွက်နေမဲ့ လောင်စာကို အသုံးပြု ချက်ပြုတ်မယ်ဆို ဒါဟာအကျိုးသက်ရောက်စေတယ်။ ဒါကြောင့် ဟင်းချက်ရာကနေ ထွက်လာတဲ့ အငွေ့အမျိုးမျိုးကို လျှော့ချဖို့ စဉ်းစားကြရပါတယ်။ တစ်ခါ ပြင်ပလေထုညစ်ညမ်းမှု ဆိုရာမှာတော့ ကျွန်တော်တို့ ခြံထွက်အမှိုက်တွေ မီးရှို့တာမျိုး၊ အမှိုက်အမျိုးမျိုး မီးရှို့တာမျိုး၊ ယာဉ်အမျိုးမျိုးက ထုတ်တဲ့ အငွေ့တွေ အပါအဝင် စက်ယန္တရားတွေ စက်ရုံ အလုပ်ရုံတွေက ထုတ်တဲ့ အငွေ့အမျိုးမျိုး ပါဝင်ပါတယ်။ ဒါတွေကို လျှော့ချနိုင်မှ ကျွန်တော်တို့ အဆုတ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေး တိုးတက်နိုင်မှာပါ။ အရင်ကတော့ ကျွန်တော်တို့ သစ်ရွက်လေးတွေ ခြံထဲမှာ မီးရှို့ရင်း ထွက်လာတဲ့ မီးခိုးငွေ့တွေနဲ့ နေအထွက်ကို ပန်းချီကားတစ်ချပ်လို မြတ်နိုးခဲ့ကြပေမဲ့ ဒီနေ့ခေတ်မှာတော့ ဒါဟာ လေထုညစ်ညမ်းမှုလို့ ဆိုရတော့မယ်။ အကြောင်းက ဒီထွက်လာတဲ့ အငွေ့တွေကို အောက်ဆီဂျင်လေသန့်အဖြစ် ပြောင်းလဲပေးမဲ့ သစ်ပင်တွေ နည်းလာတာကြောင့်လည်း ပါဝင်ပါတယ်။


ဒီတော့ ဘာလုပ်ကြရမလဲဆိုရင် -


⭐️ သစ်ပင် စိုက်ကြရမယ်။

ဒါမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေကို အောက်ဆီဂျင်အဖြစ် ပြောင်းလဲပေးမဲ့ သဘာဝစက်ဝန်းတစ်ခုကို ဖန်တီးနိုင်မှာကိုး။


⭐️ ဆိုလာစနစ်တွေ သုံးစွဲကြရမယ်။

နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်တွေက အငွေ့အမျိုးမျိုးထုတ်လုပ်နိုင်တဲ့ မီးစက်တွေထက် အများကြီး လူကို အကျိုးပြုစေပါတယ်။ အသံဆူညံမှုကိုပါ ထိန်းချုပ်ထားနိုင်တယ်။


⭐️ မီးရှို့မဲ့အစား မြေမြုပ်မယ်။

ခြံထွက် သစ်ရွက်အမှိုက်တွေကို မီးရှို့တာထက် မြေမြုပ်တာ ပိုကောင်းတယ်လို့ ဆိုပါတယ်။ မြေဆွေးဖြစ်ပြီး အပင်သစ်တွေအတွက်လည်း အကျိုးဖြစ်စေတယ်။ တတ်နိုင်သမျှ ပြန်သုံးလို့ရမဲ့ အရာတွေကို ပြန်သန့်စင်ပြီး အသုံးပြုဖို့ ကြိုးစားကြရမယ်။


⭐️ ခရီးသွားတွေလည်း ပါဝင်လုပ်ဆောင်နိုင်တယ်။

လမ်းလျှောက်လို့ရမဲ့ အကွာအဝေးကို လမ်းပဲလျှောက်ကြမယ်။ ခရီးတိုဆို စက်ဘီး သုံးကြမယ်ဆိုရင် စက်တပ်ယာဉ်တွေက ထွက်လာမဲ့ လောင်စာထွက်အငွေ့တွေကို လျှော့ချပြီးသား ဖြစ်သွားလို့ အကျိုးရှိစေတယ်။ အများပြည်သူသုံးယာဉ်အမျိုးမျိုးကို ပိုသုံးကြမယ်။ ဘတ်စ်ကား၊ ရထား၊ စသဖြင့်ပေါ့။ ဓါတ်ဆီ၊ ဒီဇယ်ကားတွေထက် CNG သုံးကားတွေက လေထုညစ်ညမ်းမှု ပိုနည်းစေလို့ CNG သုံးယာဉ်တွေကို ပိုဦးစားပေး စီးနင်းရမယ်။ ဖြစ်နိုင်ရင် ခရီးသွားတွေ တစ်ယောက် ကားတစ်စီး သွားတာထက် ကားတစ်စီးတည်းမှာ ဦးတည်ရာတူတဲ့ ခရီးသွားတွေ စုပြီး သွားတာက သဘာဝပတ်ဝန်းကျင်ကို ပိုအကျိုးဖြစ်စေပါတယ်။


ရှေ့မှာ ပြောခဲ့သလိုပါပဲ။ လူတိုင်းလုပ်နေကြတာ။ ငါတစ်ယောက်တည်း မလုပ်လည်း မထူးဘူးလို့တော့ မထင်ပါနဲ့။ တစ်ယောက်ချင်းစီ လျှော့ချနိုင်ပြီ ဆိုတာနဲ့ စုပေါင်းလိုက်ရင် အင်အားကြီး ဖြစ်လာတာမို့ သဘာဝပတ်ဝန်းကျင် ကျန်းမာရေး ဟာ ကျွန်တော်တို့ လူသားတစ်ဦးချင်းဆီရဲ့ ကျန်းမာရေးနဲ့ ထပ်တူ အရေးပါတယ်လို့ မှတ်ပြီး ဝိုင်းဝန်းကြိုးစားကြည့်ရအောင်ပါဗျာ။ အိမ်နီးချင်းနိုင်ငံတွေ ခံစားနေရတဲ့ လေထုညစ်ညမ်းမှု ဆိုတာကြီး ကျွန်တော်တို့ဆီ မြန်မြန်မရောက်လာဖို့ ခုကတည်းက ကြိုတင် ကာကွယ်အရှိန်လျှော့ကြပါစို့ဗျာ။


ချစ်ခြင်းများစွာဖြင့်

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

37 views0 comments

Komentar


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page