ဝဇီရာအနုပညာရုပ်ရှင်လမ်းသွယ်

Updated: Sep 11, 2020

ရန်ကုန်မြို့ နောက်ဖေးလမ်းကြားလေးတွေ ရဲ့ ပုံရိပ်ဟောင်းတွေ ဖျောက်ပစ်ပြီး နေချင့်စဖွယ် နောက်ဖေးလမ်းသွယ်လေးတွေ ဖြစ်ဖို့ လုပ်ဆောင်နေကြတဲ့အထဲမှာ ၃၃ လမ်း နဲ့ ၃၄ လမ်း (အထက်ဘလောက်) ဝဇီရာရုပ်ရှင်ရုံ နောက်က နောက်ဖေးလမ်းသွယ်လေးကတော့ တစ်မျိုးတစ်ဘာသာ ဆန်းပြီး ရုပ်ရှင်လမ်းလေး အဖြစ် ပုံဖော်နေပါပြီ။ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ၊ မရှိတော့ပြီဖြစ်တဲ့ သရုပ်ဆောင်ကြီးတွေ၊ ရုပ်ရှင်သမိုင်းမှာ ထင်ရှားခဲ့သူတွေရဲ့ ပုံရိပ်တွေကို နံရံပန်းချီများအနေနဲ့ ပုံဖော် အသက်သွင်းထားကြတာ သိပ်ချစ်ဖို့ကောင်းနေပါတယ်။ မြန်မာ့ရုပ်ရှင်တင်မဟုတ်ဘူး ကမ္ဘာ့ရုပ်ရှင်ကားကောင်းတွေအပါအဝင် ဇာတ်ကားပေါင်း ၆၀ ကျော်ကို နံရံပန်းချီတွေအဖြစ် မြင်တွေ့ရမဲ့ ပွဲတော်လေး တစ်ခု ဖြစ်ပါတယ်။ တကယ်တမ်း ပြန်စဉ်းစားကြည့်တော့ ၃၃ လမ်းဆိုတာ ရုပ်ရှင်တစ်ခေတ်ပြီး ဗီဒီယိုတစ်ခေတ်မှာလည်း ဗီဒီယိုသမားတွေရဲ့ အားထားရာ နေရာကြီးတစ်ခုပဲ မဟုတ်ပါလား။ ဒီပွဲလေးနဲ့ ဒီနေရာလေးက သိပ်ကို လိုက်ဖက်လွန်းပါတယ်။
သူက "မီ" ကျွန်တော် က "သီ" ဟိုးတုန်းက ရိုက်ကွင်းလေးတစ်ခုဆီ ဒီ ၃၃ လမ်း နဲ့ ၃၄ လမ်းကြားလေးဟာ မြန်မာ့ရုပ်ရှင်မှာ အမှတ်တရ တစ်ခု ရှိခဲ့ဖူးတယ်။ အဲ့ဒါက အဖေတစ်ခု သားတစ်ခု ဆိုတဲ့ အောင်မြင်လူကြိုက်များတဲ့ ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ခု ကို ဒီမှာ ရိုက်ကူးခဲ့တာပါပဲ။ ဓာတ်ပုံရိုက်ချင်စရာ နေရာလေးတွေ များစွာရှိတယ်
မရှိတော့ပြီဖြစ်တဲ့ ရုပ်ရှင်ရုံတချို့ကို အမှတ်ရစေတယ် ချစ်စရာလေးတွေ ဝတ်ထားတဲ့အရောင်နဲ့ ဟပ်နေလို့ ကညာပျို နဲ့ ဇရာအို ရုပ်ရှင်ကို သတိရစေတယ် ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ စံရှားတင် နဲ့ ခင်သန်းနု တို့ ပါတယ်လေ
ဒီ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အနုပညာပြကွက်တွေကို ထူးထူးခြားခြား MEMORY ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးနဲ့အတူ ကျင်းပသွားဖို့ ရှိလို့ လူတိုင်းက စိတ်ဝင်စားနေကြတာပါ။ MEMORY ရုပ်ရှင်ပွဲတော်ကတော့ နိုဝင်ဘာလ (၁၅) ရက်နေ့ စပါပြီ။ ဒီ ဝဇီရာအနုပညာလမ်းသွယ် ကတော့ နိုဝင်ဘာလ (၁၇) ရက်နေ့မှ ဖွင့်မှာပါ။ ဖွင့်ပွဲက ညနေ ၃ နာရီလို့ အကြမ်းဖျဉ်း သိရပါတယ်။
နောက်ဖေးလမ်းကြားတွေကို အလှဆင်နေတဲ့ YGN Walls အဖွဲ့သားတွေရဲ့ တက်တက်ကြွကြွ အနုပညာပုံဖော်နေတာတွေကို မြင်ရတာ အတော်လေးစားစရာပါ။ လမ်းက တာဝန်ရှိလူကြီးတွေကလည်း ဝိုင်းဝန်းပံ့ပိုးနေကြတာ သိပ်ချစ်စရာကောင်းပါတယ်။ ကျွန်တော် ရောက်တဲ့နေ့က အပြည့်အစုံ မပြီးမြောက်သေးပါဘူး။ နိုဝင်ဘာလ (၁၇) ရက်နေ့ဆိုရင်တော့ သေချာ ပြည့်စုံပြီမို့ အားရပါးရ ဓါတ်ပုံရိုက်နိုင်ပြီပေါ့။ ခုတော့ အများကြီး လုပ်နေကြတုန်းပဲ။
ရုပ်ရှင်ပရိုဂျူဆာ ကျွန်တော် တစ်ခေတ်တစ်ခါက ရုပ်ရှင်ပိုစတာများကို ပြန်လည်သတိရစေဖို့ တစ်ခေတ်တစ်ခါက ရုပ်ရှင်ပိုစတာများကို ပြန်လည်သတိရစေဖို့ လက်မှတ်ရုံလေးမှာ အားပေးကြပါဦး ဘာရုပ်ရှင်လဲတော့ မသိဘူး ဒီအတိုင်းလေး လှလို့ ရိုက်လာတာ ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွား ရုပ်ရှင် အမှတ်တရ မောင်တို့ချယ်ရီမြေ အမှတ်တရ ဆွဲထားတာလေး သဘောကျတာ
မူလအစီအစဉ်အရဆို လမ်းကြားလေးထဲမှာ ရုပ်ရှင်ပြမဲ့ အစီအစဉ်ရှိတယ်သိရတယ်။ ဘယ်လို ဖြစ်မယ်တော့ မပြောတတ်သေးဘူး။ ပြဖြစ်ရင်တော့ အတော် စိတ်လှုပ်ရှားစရာ ခံစားမှုအသစ် ဖြစ်မှာ သေချာတယ်။

"မကူညီချင်နေ မနှောင့်ယှက်ပါနဲ့"
ဒီစကားလေးကိုတော့ နောက်ဖေးလမ်းကြား သာယာလှပနေတာကို ဖျက်ဆီးလိုစိတ်ရှိနေသူတိုင်းကို ပြောချင်တာပါ။ ပုံရိပ်ဟောင်း အကျင့်ဟောင်းတွေထဲက မနည်းရုန်းထွက်နေကြရတဲ့ အခြေအနေမှာ ခုထိလည်း တချို့က စိတ်ဓါတ် မကောင်းကြသေးဘူး။ လူကြီးလူငယ် ပညာရှင် နဲ့ ဝါသနာရှင်တွေ ကြိုးစားအချိန်ပေး ဆွဲသားထားတဲ့ ပုံတွေကို ထုံးစံအတိုင်း စာတွေ ထပ်ရေး၊ ညစ်ညစ်ညမ်းညမ်းတွေ ဆွဲသား ဖျက်စီးလုပ်နေတာတွေ ရှိတယ်ဆိုတာ တာဝန်ရှိသူတစ်ဦးဆီကနေ ကြားလိုက်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိသလို၊ စိတ်လည်း တိုမိတယ်။ နိုင်ငံတည်ဆောက်ရေးမှာ လူငယ်တွေ အား အများကြီးလိုတယ်။ မကူညီချင်ရင်တောင်မှ သူများလုပ်ဆောင်နေတာကို မဖျက်ဆီးမိဖို့ လိုတယ်လို့ ကျွန်တော်ကတော့ မြင်မိတယ်။
မရှိတော့ပြီဖြစ်တဲ့ သရုပ်ဆောင်ကြီးတွေ၊ ရုပ်ရှင်သမိုင်းမှာ ထင်ရှားခဲ့သူတွေရဲ့ ပုံရိပ်တွေကို နံရံပန်းချီများအနေနဲ့ ပုံဖော် အသက်သွင်းထားကြတာ မြန်မာ့ရုပ်ရှင်သမိုင်းမှာ တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေ၊ မရှိတော့ပြီဖြစ်တဲ့ သရုပ်ဆောင်ကြီးတွေ၊ ရုပ်ရှင်သမိုင်းမှာ ထင်ရှားခဲ့သူတွေရဲ့ ပုံရိပ်တွေကို နံရံပန်းချီများအနေနဲ့ ပုံဖော် အသက်သွင်းထားကြတာ သိပ်ချစ်ဖို့ကောင်းနေပါတယ်။ ၃၃ လမ်း နဲ့ ၃၄ လမ်း နောက်ဖေးလမ်းကြားလေးနဲ့ မြန်မာ့ရုပ်ရှင် တွဲဖက်မှုအမှတ်တရလေးကို ခုလို တခုတ်တရလေးပေါ့ လမ်းက တာဝန်ရှိလူကြီးတွေကလည်း ဝိုင်းဝန်းပံ့ပိုးနေကြတာ သိပ်ချစ်စရာကောင်းပါတယ်။ ကျွန်တော် ရောက်တဲ့နေ့က အပြည့်အစုံ မပြီးမြောက်သေးပါဘူး။ နိုဝင်ဘာလ (၁၇) ရက်နေ့ဆိုရင်တော့ သေချာ ပြည့်စုံပြီမို့ အားရပါးရ ဓါတ်ပုံရိုက်နိုင်ပြီပေါ့။ ခုတော့ အများကြီး လုပ်နေကြတုန်းပဲ။ YGN Walls အဖွဲ့သားတွေရဲ့ တက်တက်ကြွကြွ အနုပညာပုံဖော်နေတာ အရင် ရုပ်ရှင်ရုံက ခုံအဟောင်းလေးတစ်ခုံလည်း အမှတ်တရအစီအစဉ်ထဲ ပါဝင်နေသေး မသိရင် အော်စကာပွဲ တက်သလိုပဲ ဟီး တကယ်တော့ ရှေ့မှာ ကော်ဇောနီကြီး တကယ်ခင်းပေးထားမှာ ကျွန်တော် ရိုက်တဲ့အချိန် မခင်းရသေးလို့ ၃၃ လမ်း နဲ့ ၃၄ လမ်း (အထက်ဘလောက်) ဝဇီရာရုပ်ရှင်ရုံ နောက်က နောက်ဖေးလမ်းသွယ်လေး
ပုံလေးတွေကြည့်ပြီး ရန်ကုန် ၃၃ လမ်း နဲ့ ၃၄ လမ်း ကြားက ဝဇီရာရုပ်ရှင်လမ်းသွယ်လေးဆီ နိုဝင်ဘာလ ၁၇ ရက်နေ့ အရောက်သွားပြီး ကိုယ်ချစ်တဲ့ ရုပ်ရှင်အမှတ်တရတွေနဲ့ ဓါတ်ပုံရိုက်ဖို့ ကျွန်တော်လည်း တိုက်တွန်းချင်ပါတယ်ဗျား။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
-03.png)





Comments