ရဲတပ်သားတချို့ အိန္ဒိယနယ်စပ်ကျော် ထွက်ပြေး
- Thiha Lu Lin
- Mar 7, 2021
- 1 min read
Updated: Mar 24, 2021
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နေ့လည်က အိန္ဒိယနိုင်ငံ မီဇိုးရမ်နယ်ကို မြန်မာရဲတပ်သား (၃) ဦး နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာခဲ့ပြီး ခိုလှုံခွင့်အကူအညီတောင်းခံခဲ့တယ်လို့ မီဇိုးရမ်နယ်မြေ က အထူးရဲအရာရှိတစ်ဦးဖြစ်တဲ့ Mr. Stephen Lairinawma က REUTERS သတင်းဌာနကို ထုတ်ဖော်ပြောခဲ့တယ်လို့ သိရပါတယ်။ ထွက်ပြေးရတဲ့အဓိက အကြောင်းက စစ်တပ်ရဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေကို မလုပ်ချင်တဲ့အတွက် ထွက်ပြေးလာတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံ နဲ့ နယ်နိမိတ်ချင်းထိစပ်ဧရိယာမိုင် ၁၀၂၁ ခန့် ရှိထားတဲ့ နိုင်ငံဖြစ်ပါတယ်။ စစ်တပ်အာဏာသိမ်းယူတဲ့ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေစပြီး မြန်မာနိုင်ငံမှာ လူပေါင်း ၅၀ ကျော် အသက်ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ်။
သီဟလုလင် (Thiha, the Traveller)
Comments