အဆင့်မီ မြန်မာ့ထုတ်ကုန် တွေ အောင်ပွဲခံတဲ့ ပွဲ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

အဆင့်မီ မြန်မာ့ထုတ်ကုန် တွေ အောင်ပွဲခံတဲ့ ပွဲ

နိုင်ငံတကာတန်းဝင်အောင် ထုတ်လုပ်နိုင်တဲ့ ပြည်တွင်းထုတ်ကုန်တွေ အဲ့လောက် များသတဲ့လား... ဝန်ကြီးများရုံး မှာ ခင်းထားတဲ့ Myanmar's Pride - ျမန္မာ့ဂုဏ္ ပြပွဲ လာရတာ စိတ်ချမ်းသာလိုက်တာ...

တကယ်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ကျွန်တော်တို့ဆီက လူငယ်တွေလည်း ကိုယ့်ပြည်တွင်း ထုတ်ကုန် မျိုးစုံနဲ့ နိုင်ငံတကာကို ရောင်းချနိုင်ဖို့ အဆင့်မီအောင် ကြိုးစားလုပ်ဆောင်နေကြမှန်း သိလိုက်ရတယ်။ အထူးသဖြင့် စားသောက်ကုန်တွေ။ ကိုယ်မထင်မှတ်ထားဘဲ တချို့ စားသောက်ကုန်တွေက ထုတ်ပိုးမှုတွေကအစ အတော်လေး အဆင့်မီလာတယ်။ ဝယ်ချင်စရာ ဖြစ်လာသလို နိုင်ငံတကာကို ချပြဖို့လည်း မျက်နှာပန်းလှနေရော။ ဥပမာ - ထန်းလျက် ပေါ့ ​ချောကလက်လို ဗူးလေးတွေနဲ့ ဖြစ်ကုန်ပြီ။ ထန်းလျက်ကထုတ်တဲ့ သကြားတဲ့... ဘယ်လောက် စိတ်ဝင်စားစရာ ကောင်းလိုက်သလဲ။ တောင်ကြီးမောက်မယ် ဆိုလည်း Moisturizer သနပ်ခါးတွေ ဘာတွေ ဖြစ်လို့ အဆင့်မြင့်ထုတ်ပိုးမှုနဲ့ ဖြစ်နေပြီ။ သင်္ဃန်းလျှော်ဆပ်ပြာရည် တဲ့ အယ်လယ်.. ဆန်းကြယ်သော နော်။


တိုင်းရင်းသား အထည်မျိုးစုံနဲ့ ချုပ်လုပ်ထားတဲ့ ခေတ်မီဝတ်စုံတွေ အပြင် ချည်သားဝတ်စုံမျိုးစုံလည်း တွေ့ရသေးတယ်။ ဆံရစ်ဝိုင်းရော၊ ပဒေါင် (ကယန်း) ရော အစုံဘဲ။ ဝတ်စုံဝတ်ပြီး ဓါတ်ပုံရိုက်တာတော့ မစမ်းဖြစ်ခဲ့ဘူး၊ စစ်သူကြီးဝတ်စုံ ဝတ်ရမှာ ပျင်းနေလို့... ဟီး...


ဝန်ကြီးများရုံး ရဲ့ အတွင်းဘက် မြက်ခင်း နဲ့ လျှောက်လမ်း၊ အပြင်ဘက် မြက်ခင်းနဲ့ လျှောက်လမ်းတွေမှာ လူတွေက တိုးမပေါက်အောင်ကို နေ့လည် ၁၂ လောက်ကတည်းက ရှိနေကြပြီ။ တကယ်ဖွင့်တာက ၂ နာရီမှနော်။ လူတွေ အားပေးကြမ်းချက်ဆိုတာ... ကိုယ့်ပြည်တွင်း ထုတ်ကုန်တွေကို အရည်အသွေးမြင့်မြင့် မျှော်လင့်ဝယ်ယူချင်တဲ့ သူတို့ဆန္ဒတွေကို အထင်းသား မြင်ရတယ်။ စားသောက်ဆိုင်လေးတွေမှာတော့ လူသိပ်မရှိလှဘူး။ စောသေးလို့ထင်တယ်။ စားသောက်ကုန်အဆန်းအပြားတွေတော့ ရောင်းရသား။


ဆိုင်ခန်း ၂၀၀ ကျော်ကို ခြေတိုအောင်တော့ လျှောက်ယူရပါတယ်။ ဝယ်ချင်စရာတွေ အစုံအလင်ပဲ။ ဒီပြပွဲမှာဝယ်လို့ ဆိုပြီး လက်ဆောင် အပိုဆောင်းပေးတာတွေကလည်း ရှိသေး၊ ဈေးလျှော့ရောင်းတာလည်း ရှိသေးတယ်။ အဆင်ကို ပြေလို့...


ပွဲက ၂၀၁၉ အောက်တိုဘာ ၄၊ ၅၊ ၆ မို့ မလွတ်ရလေအောင် မြန်မြန်တော့ သွား။ နေ့လည် ၂ နာရီကနေ စတယ်။ ညနေ ၆ နာရီကနေ ၈ နာရီထိဆို ဖျော်ဖြေရေးအစီအစဉ်တွေလည်း ရှိသေးတော့ ပျော်ရဦးမှာပါ။


ကျွန်တော်တော့ ဒီနေ့ ဝယ်လာတဲ့ မုန့်လေးတွေ စားပြီး ခဏ ဇိမ်ယူလိုက်ဦးမယ်ဗျား။ ချစ်ခြင်းအားဖြင့် သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

27 views0 comments
bottom of page