top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

မိခင်များနေ့ နဲ့ပတ်သက်လို့

Writer's picture: Thiha Lu LinThiha Lu Lin

ကမ္ဘာပေါ်က မိခင်များအားလုံး အစဉ်ချမ်းမြေ့ရွှင်လန်းကြပါစေ Happy Mother’s Day


မိခင်များနေ့ နဲ့ ပတ်သက်ပြီး နိုင်ငံအလိုက်၊ ဘာသာတရားအလိုက် အနည်းငယ် ကွဲပြားမှု ရှိတာ သတိပြုမိကြမှာပါ။ ခရစ်ယာန်တွေကတော့ မေလ ရဲ့ ဒုတိယရက်သတ္တပတ် တနင်္ဂနွေနေ့ ကို မိခင်များနေ့ အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်နေ့ကို ဆင်နွှဲကြပါတယ်။ နိုင်ငံအချို့မှာလည်း ဒီရက်ကိုပဲ သတ်မှတ်ဆင်နွှဲကြပေမဲ့ နိုင်ငံအချို့မှာတော့ သီးသန့်ရက်လေး ရှိနေပြန်ပါသေးတယ်။


မိခင်များနေ့ ဖြစ်ပေါ်လာပုံ

နိုင်ငံအလိုက်တောင် အမေများနေ့ သတ်မှတ်ချက်ကွာဟနေတဲ့အတွက် အမျိုးမျိုး ဖြစ်နိုင်တယ်ဆိုတာ သိသာပါတယ်။ ဒါပေမဲ့ အများစု သိထားကြတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့မှာ ဖြစ်မြောက်တဲ့ မိခင်များနေ့ ဖြစ်ပေါ်လာပုံကို ရွေးနုတ်ပြရရင်တော့ ၁၉၀၈ ခုနှစ်က အမေရိကန်နိုင်ငံမှာ ခုခေတ်သစ် မိခင်များနေ့ကို စတင် ဆင်နွှဲလာပုံကနေ စပြောရမယ်ထင်ပါတယ်။ Anna Reeves Jarvis က သူတန်ဖိုးထားချစ်ခင်ရတဲ့ မိခင်ကွယ်လွန်သွားရာမှာ အောက်မေ့ဘွယ်အခမ်းအနားကို အနောက်ဗာဂျီးနီးယားမှာရှိတဲ့ Grafton အရပ်က St. Andrew’s Methodist Church (စိန့်အန်ဒရူးမက်သဒစ်ဘုရားကျောင်း) မှာ ကျင်းပခဲ့တာကနေ စတင်လာပါတယ်။ သူမ က ဒီလို မိခင်တွေကို ဂုဏ်ပြုတဲ့ရက်လေး ဖြစ်လာစေဖို့ လှုပ်ရှားမှုတွေကို ၁၉၀၅ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့သူပါ။ ၁၉၀၈ ခုနှစ်အထိ တရားဝင်သတ်မှတ်ပေးဖို့ မရှိခဲ့ပါဘဲ အမေရိကန်အစိုးရက သူမရဲ့ တင်ပြချက်ကို ပယ်ချခဲ့ပါတယ်။ ၁၉၁၁ ခုနှစ်ကျမှ သူမ ရဲ့ လှုပ်ရှားမှုတွေ အရာထင်လာခဲ့ပြီး တရားဝင် သတ်မှတ်ဖို့ ဖြစ်လာပါတယ်။ ၁၉၁၄ ခုနှစ်မှာတော့ မိခင်များကို ဂုဏ်ပြုဖို့အတွက် မေလ ရဲ့ ဒုတိယရက်သတ္တပတ်တနင်္ဂနွေနေ့ကို တရားဝင်သတ်မှတ် ကျင်းပဆင်နွှဲလာခဲ့ပါတော့တယ်။


ကမ္ဘာအရပ်ရပ်က မိခင်များနေ့

ရှေ့မှာ ဆိုခဲ့သလို မိခင်များနေ့ သတ်မှတ်ပုံချင်းက နိုင်ငံအလိုက်ကွဲပြားမှု ရှိနေပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။


ဖေဖော်ဝါရီလ ဒုတိယပတ် တနင်္ဂနွေနေ့ Norway မတ်လ ၃ ရက် Georgia မတ်လ ၈ ရက် (နိုင်ငံတကာအမျိုးသမီးများနေ့လည်း ဖြစ်ပါတယ်) Afghanistan, Albania, Armenia, Azerbaijan, Belarus, Bosnia and Herzegovina, Bulgaria, Burundi, Burkina Faso, Kazakhstan, Kosovo, Loas, Macedonia, Moldova, Montenegro, Romania, Russia, Serbia, Tajijistan, Uzbekistan, Vietnam မတ်လ စတုတ္ထပတ် တနင်္ဂနွေနေ့ Guernsey, Ireland, Isle of Man, Jersey, Nigeria, United Kingdom မတ်လ ၂၁ ရက် Bahrain, Comoros, Djibouti, Egypt, Iraq, Jordan, Kuwait, Libya, Lebanon, Mauritania, Oman, Palestine, Qatar, Saudi Arabia, Somalia, Sudan, Syria, United Arab Emirates, Yemen မတ်လ ၂၅ ရက် Slovenia ဧပြီလ ၇ ရက် Armenia မေလ ပထမပတ် တနင်္ဂနွေနေ့ Angola, Cape Verde, Hungary, Lithuania, Mozambique, Portugal, Spain မေလ ၈ ရက် South Korea (မိဘများနေ့ အဖြစ်ကျင်းပ) မေလ ၁၀ ရက် El Salvador, Guatemala, Mexico မေလ ဒုတိယပတ် တနင်္ဂနွေနေ့ Anguilla, Antigua and Barbuda, Aruba, Australia, Austria, Bahamas, Bangladesh, Barbados, Belgium, Belize, Bermuda, Bhutan, Bonaire, Botswana, Brazil, Brunei, Canada, Cambodia, Cayman Islands, Central African Republic, Chad, Chile, China, Colombia, Congo, Dem. Rep., Congo, Rep., Cote d’lvoire, Croatia, Cuba, Curacao, Cyprus, Czech Republic, Denmark, Dominica, Ecuador, Equatorial Guinea, Estonia, Ethiopia, Faroe Islands, Fiji, Finland, Germany, Gabon, Gambia, Greenland, Ghana, Greece, Grenada, Guyana, Honduras, Hong Kong, Iceland, India, Italy, Jamaica, Japan, Kenya, Latvia, Liberia, Liechtenstein, Macau, Malaysia, Malta, Myanmar, Namibia, Netherlands, New Zealand, Pakistan, Papua New Guinea, Peru, Philippines, Puerto Rico, Saint Kitts and Nevis, Saint Lucia, Saint Vincent and the Grenadines, Samoa, Singapore, Sint Maarten, Slovakia, South Africa, Sri Lanka, Suriname, Switzerland, Taiwan, Tanzania, Tonga, Trinidad and Tobago, Turkey, Uganda, Ukraine, United States, Uruguay, Vietnam, Venezuela, Zambia, Zimbabwe မေလ ၁၄ ရက် Benin မေလ ၁၅ ရက် Paraguay မေလ ၁၉ ရက် Kyrgyzstan မေလ ၂၂ ရက် Israel မေလ ၂၆ ရက် Poland မေလ ၂၇ ရက် Bolivia မေလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ Algeria, Cameroon, Dominican Republic, France, Madagascar, Mali, Morocco, Niger, Haiti, Mauritius, Senegal, Sweden, Tunisia မေလ ၃၀ ရက် Nicaragua ဇွန်လ ၁ ရက် Mongolia (ကလေးသူငယ်များနေ့ နဲ့ အတူ ဖြစ်သည်) ဇွန်လ ဒုတိယပတ် တနင်္ဂနွေနေ့ Luxembourg ဇူလိုင်လ ပထမပတ် တနင်္လာနေ့ South Sudan သြဂုတ်လ ၁၂ ရက် Thailand (ဘုရင်မကြီးရဲ့ မွေးနေ့ နဲ့အတူ ကျင်းပသည်) သြဂုတ်လ ၁၅ ရက် Costa Rica, Antwerp အောက်တိုဘာလ ၁၄ ရက် Belarus အောက်တိုဘာလ ၁၅ ရက် Malawi အောက်တိုဘာလ တတိယပတ် တနင်္ဂနွေနေ့ Argentina နိုဝင်ဘာလ ၃ ရက် Timor Leste နိုဝင်ဘာလ ၁၆ ရက် North Korea နိုဝင်ဘာလ နောက်ဆုံးပတ် တနင်္ဂနွေနေ့ Russia ဒီဇင်ဘာလ ၈ ရက် Panama ဒီဇင်ဘာလ ၂၂ ရက် Indonesia


မြန်မာနိုင်ငံရဲ့ မိခင်များနေ့

Wiki ရဲ့ သတ်မှတ်ချက်မှာတော့ မြန်မာနိုင်ငံဟာလည်း မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို မိခင်များနေ့အဖြစ် သတ်မှတ်ဆင်နွှဲတယ်လို့ ဆိုပါတယ်။ မှန်ပါတယ်။ အဲ့ဒီရက်ကို ပိုပြီး သတိထားမိကြသလို၊ မိခင်များနေ့ အထိမ်းအမှတ်ပစ္စည်းများရောင်းချ ပရိုမိုးရှင်းလုပ်ရာမှာလည်း ဒီရက်ကိုပဲ ဦးတည်ပြီး လုပ်ဆောင်ကြလို့ ပိုပြီး သိသာထင်ရှားပါတယ်။ မြန်မာမှာ နောက်ထပ် မိခင်များနေ့ တစ်ရက်ကတော့ ပြာသိုလပြည့်နေ့ ဖြစ်ပါတယ်။ အနုပညာပါရမီရှင်ကြီး ဦးသုခ က သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ကို စတင်သတ်မှတ်ရာမှာတော့ ဦးသော်ဇင်၊ ဒဂုန်ဦးစန်းငွေ၊ ဦးရန်အောင်၊ တက်တိုး၊ လူထုဒေါ်အမာ၊ ဒေါ်စောမုံညင်း၊ ဒေါ်ခင်မျိုးချစ် စတဲ့ စာပေပညာရှင်ကြီးတွေကပါ သဘောညီစွာနဲ့ လှုပ်ရှားလုပ်ဆောင်ခဲ့တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။ မိခင်များနေ့တွေ အမျိုးမျိုး ကွဲပြားနေသော်လည်း မူလရည်ရွယ်ချက် ဦးတည်ချက်က တစ်ခုတည်း ဖြစ်နေတာကိုတော့ သတိပြုမိကြမှာပါ။ အိမ်ထောင်မိသားစုမှာ မိခင်တွေရဲ့ အခန်းကဏ္ဍကိုလည်း အလေးထား ဂုဏ်ပြုပြီး ချစ်ခင်ကြောင်း ပြသလိုကြခြင်းက အဓိက ဖြစ်ပါတယ်။ မိခင်ကို သားသမီးတိုင်း ချစ်ကြပါတယ်။ နေ့စဉ် ထိတွေ့မြင်တွေ့နေရတဲ့ မိခင်ကို တခါတရံ ချစ်ခြင်းမေတ္တာပြဖို့ရာမှာ ရိုးသလို ဖြစ်နေတဲ့အတွက် သူ့မေတ္တာကို အကြောင်းပြန်ဖို့ ပေါ့လျော့သွားတတ်ကြတယ်။ ခုလို သတ်သတ်မှတ်မှတ်နေ့လေး ရှိလာတော့ ပိုပြီး ဆင်ခြင်မိစရာအကြောင်း ဖြစ်လာတဲ့အတွက် ကြိုဆိုပြီး ဆင်နွှဲသင့်တဲ့အကြောင်း မှတ်တမ်းပြုလိုက်ရပါတယ်။ သီဟလုလင် (Thiha, the Traveller)

436 views0 comments

Yorumlar


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page