ကချင်မြေက ချစ်စရာ မနောပွဲ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကချင်မြေက ချစ်စရာ မနောပွဲ

နှစ်တိုင်း ဇန်နဝါရီလ (၆) ကနေ (၁၁) ရက်အထိ မနောပွဲကြီး ကချင်မြေမှာ ကျင်းပလေ့ရှိတယ်။ နတ်ပူဇော်ပွဲတစ်မျိုး ဖြစ်ပေမဲ့ ခုချိန်မှာတော့ တစ်ကမ္ဘာလုံးက ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ ပွဲတစ်ခုလည်း ဖြစ်လာခဲ့ပြီ။ ခရစ်ယာန်ဘာသာကို အဓိက ကိုးကွယ်တဲ့ ဂျင်းဖောတွေက ဒီမိရိုးဖလာနတ်ကိုးကွယ်တဲ့အလေ့အထကို မစွန့်ပယ်သေးဘဲ ပျော်ရွှင်ပွဲတစ်ခုအနေနဲ့ ဆက်ပြီး ကျင်းပခဲ့တယ်လို့ မြင်မိပါတယ်။


မနောပွဲအမျိုးမျိုး

မနောပွဲ (၅) မျိုး ရှိတယ်လို့ သိရပါတယ်။


ပဒန်မနော(Padang MaNaw)

စစ်အောင်ချိန် အောင်ပွဲခံသည့်ပွဲ။


ဆွတ်မနော(Sut MaNaw)

ဓနဥစ္စာ တိုးတက်ချိန်၌ မနာလို ဝန်တိုမှုများရှိ မရှိ၊ ပေးဆပ်ရန်ကြွေး ရှိ မရှိ၊ ရယူရန်ကြွေးရှိ မရှိ၊ စုံစမ်းရင်း ဆွေသစ်မျိုးသစ် မိတ်သင်္ဂဟသစ် ဖွဲ့သောပွဲ။


ဂျူမနော(Ju MaNaw)

မကျန်းမာသည့်အခါ နှင့် အသက်အရွယ်ကြီးရင့်သော အဖိုးအို၊ အဖွားအိုများ သေဆုံးသောအခါ ကျင်းပသောပွဲ။


ဂွမ်ရမ်မနော( Gumran MaNaw)

အိမ်သားဖြစ်သူ ညီအစ်ကို တစ်ဦးဦး နယ်မြေသစ် တည်ထောင်နေထိုင်သော အချိန်တွင် မဒိုင်နတ်ကို ဝေချမ်း ပင့်ဆောင်ယူသော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။


ရှဒပ်မနော(Shadip MaNaw)

နယ်မြေသစ် တည်ထောင်ပြီး မဒိုင်နတ်အား နေရာပြသော အထိမ်းအမှတ်၊ နယ်မြေသစ်ရှိ မကောင်းဆိုးဝါးများကို နှင်ထုတ်သော အထိမ်းအမှတ်ဖြင့် ကျင်းပသောပွဲ။


မနောပွဲတော်ဟာ ကချင်လူမျိုးတွေ ပြုလုပ်ကြတဲ့ ပွဲတော်တွေအနက် အကြီးအကျယ်အခမ်းနားဆုံး နဲ့ ရှေးအကျဆုံးပွဲတော်ကြီးလို့ သိရပါတယ်။ ကောက်သစ်စားပွဲ နဲ့ အိမ်သစ်တက်ပွဲတွေကို နှစ်ရက်၊ သုံးရက်လောက်သာ ပြုလုပ်တတ်ပေမဲ့ မနောပွဲတော်ကိုတော့ လေးရက်ကနေ ရှစ်ရက်အထိ ကြီးကြီးကျယ်ကျယ် ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။ တစ်နှစ်တစ်ခါ ကျင်းပရမယ်လို့ ပုံသေသတ်မှတ်ချက်မရှိဘူးလို့လည်း ဖတ်ရပြန်ပါတယ်။ အရင်က မနောပွဲကို ဒူဝါကြီးတွေက ဦးဆောင်ခဲ့ပြီး ခေတ်ပြောင်းလာတော့ ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပလာခဲ့တယ်။ အုပ်ချုပ်တဲ့ ဒူဝါတွေက လုပ်သင့်တယ်လို့ ယူဆတဲ့အချိန်မှာလည်း အချိန်အခါလိုက်ပြီး ကျင်းပကြပါသေးတယ်။


မနောအက၊ မနောအလှ

မဒိုင်နတ် ဆိုတဲ့ ကောင်းကင်နတ်တစ်မျိုးကို ပူဇော်တဲ့အက ကို မနောအကလို့ ခေါ်ဆိုပြီး ဒီအက ကို ကိုယ့်ရဲ့ ဘိုးဘေးဘီဘင်အဆက်ဆက် မဒိုင်နတ် ကိုးကွယ်ခဲ့သူတိုင်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ ဒဏ္ဍာရီအရဆိုရင် မနောအက ဖြစ်လာတာကို ခုလို သိရပြန်တယ်။ အရင်ကတော့ မနောအကဆိုတာ နတ်တွေ ကခဲ့တာ။ ဒီအကကို မြင်တွေ့ခွင့်ရတာက ငှက်တွေ။ ငှက်တွေက မနောအက တတ်သွားတဲ့အခါ ညောင်သီးစားရင်း အကအကြောင်းပြောတော့ ငှက်စကားနားလည်တဲ့ လူသား မာဒိန်ယော်က ကြားတွေ့သွားရာကနေ လူတွေလည်း ဒီမနောအကကို ကတတ်လာတယ်တဲ့။



မနောအက ကတဲ့အခါ ဦးဆောင်သူ နှစ်ဦးက ရှေ့ကနေ ကပြကြတယ်။ သူတို့ ကကွက်ပြောင်းရင် နောက်ကလူတွေလည်း လိုက်ပြောင်းရတယ်။ မနောကကွက်မှာလည်း ပုံစံကွဲတွေ ရှိသေးတယ်။ ကျင်းပတဲ့ မနော အလိုက် ကကွက်က ပြောင်းလဲတယ်လို့ ဆိုပါတယ်။


ဆွတ်မနော(Sut Manau)

ဥစ္စာပစ္စည်းတိုးပွားကြွယ်ဝရန်၊မိတ်ဆွေ သင်္ဂဟအသစ်ဖွဲ့ရန်၊ မိမိကို ရန်ငြှိုး၊ မနာလိုဝန်တိုသူရှိ၊ မရှိ၊ အကြေးပေးရန် ရှိ၊ မရှိ၊ စုံစမ်းသည့်မနော။


မဒန်မနော(Pandang Manau)

စစ်ပွဲနိုင်ရန် အောင်ပွဲခံသည့်ပွဲခံမနော။


ဂျူမနော(Ju Manau)

သားသမီးထွန်းကားခြင်း မရှိသည့်အခါ၊အိမ်ရှိအိမ်သူအိမ်သားများနာမကျန်းဖြစ်သည့်အခါ၊ ဘိုးဘွားများ(သက်ကြီးရွယ်အို) သေဆုံး၍ အသုဘ အခမ်းအနားအငှားပြီးစီးချိန်တွင် ကျင်းပသည့်မနော။


ကွန်ရန်မနော( Gumaran Manau)

အိမ်သားများ၊နယ်မြေသစ်ထူထောင်ချိန် (သို့) အိုးအိမ်သစ်ထူထောင်ချိန်တွင် မဒိုင်နတ်ကိုခွဲဝေပင့်ဆောင်သည့် အနေနှင့်ကသည့်မနော။


ရှဒစ်ဖော့မနော (Shadip Hpaw Manau)

ခွဲဝေယူဆောင်လာသည့် မဒိုင်နတ်ကိုနေရာ ပြခြင်းနှင့် နယ်မြေသစ်ရှိ မကောင်း ဆိုးဝါးများကို နှင်ထုတ်ရန် ပြုလုပ်သည့် မနောအပြင် အချိန်အခါအလိုက် မနောရှင်တို့ ပြုလုပ်သည့်မနော။


ထိန်ထန်မနော (Hting HtangManau)

မနောရှင်က သာမန် မနောပွဲထက် ပိုမိုကြာရှည်အောင် ကျင်းပသည့်မနော။


နိန်ထန်မနော (Ninghtan Manau)

စစ်ထွက်မနောဖြစ်သည်။ ဓါး၊ လှံ၊ လေး၊ သေနတ်တို့ကိုင် ဆောင်ရန် ရဲစိတ်၊ ရဲမာန်တက်ကြွစေရန် ကခုန်ကြသည်။ စစ်သည်အင်အားစုဆောင်းသည့် မနောဖြစ်ပြီး စစ်ကြေညာသည့်သဘောလည်းပါသည်။


ထိန်ရမ်းမနော (Hting Ram Manau)

ရန်ပြေ၊မာန်ပြေမနော။ ညီအစ်ကိုမျိုး၊ယောက္ခမမျိုး၊သမက် မျိုး အကြား မကျေမလည်သံသယဝင် တင်းမာမှုများရှိပါကဆွေးနွေးညှိနှိုင်းရန်ကသည့်မနော


ဒါ့အပြင် နော်ယင်မနောဒိန်ရှော်န်မနောဖရင်ရော့ဒ် မနော ဆိုတာတွေလည်း ရှိသေးတယ်လို့ဆိုပါတယ်။



အချိန်အခါလေးကြုံကြိုက်တုန်းမို့ ကိုယ်လည်း မှတ်သားစရာဖြစ်၊ ကိုယ့်မိတ်ဆွေ စာဖတ်သူတွေလည်း မှတ်သားစရာဖြစ်မဲ့ ကချင်မနောပွဲတော်အကြောင်းကို စာမျက်နှာထက် မှတ်သားထားလိုက်ရပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

889 views0 comments
bottom of page