ကမ္ဘာ့အမြင့်ဆုံး Burj Khalifa အဆောက်အအုံထိပ်ဆုံးမှာ မတ်တပ်ရပ်ပြီး ကြော်ငြာလိုက်တဲ့ Emirates
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ကမ္ဘာ့အမြင့်ဆုံး Burj Khalifa အဆောက်အအုံထိပ်ဆုံးမှာ မတ်တပ်ရပ်ပြီး ကြော်ငြာလိုက်တဲ့ Emirates

ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမှာရှိတဲ့ လက်ရှိကမ္ဘာ့အမြင့်ဆုံး တာဝါ ပေပေါင်း ၂၇၂၃ အမြင့်မှာ စတန့်မယ် ကို Emirates လေယာဉ်မယ်ဝတ်စုံနဲ့ မတ်တပ်ရပ်လို့ နှုတ်ခွန်းဆက်သတဲ့ စာချပ်လေးတွေ ပြသတဲ့ ကြော်ငြာကို ထူးထူးခြားခြား ရိုက်ကူးခဲ့ပါတယ်။ အဓိက အကြောင်းအရာကတော့ UK ရဲ့ တားမြစ်စာရင်းကနေ UAE နိုင်ငံကို ဖြုတ်ချပေးပြီး ခရီးသွားလာခွင့်စည်းကမ်းတွေ ပြင်ဆင်သတ်မှတ်ပေးလိုက်တဲ့အတွက် ဂုဏ်ပြုတာဖြစ်တယ်လို့ သိရပါတယ်။


Emirates ရဲ့ Instagram မှာ တင်ထားတဲ့ ကြော်ငြာ


ဒီကြော်ငြာ ကို Skydiver (အမြင့်ပျံအားကစားသမား) နဲ့ Stuntwoman (စတန့်မယ်) ဖြစ်သူ Nicole Smith-Ludvik က လုပ်ဆောင်ပေးခဲ့တာပါ။ ဒီကြော်ငြာအတွက် ဒရုန်းကင်မရာတွေ၊ ဟယ်လီကော်ပတာတွေ အသုံးပြုပြီး ရိုက်ကူးဖန်တီးခဲ့ပါတယ်။ စတန့်မယ် ဟာ ဒီ ကမ္ဘာ့အမြင့်ဆုံးတာဝါ Burj Khalifa ထိပ်ဆုံးထိရောက်ဖို့ အချိန် ၁ နာရီကျော်လောက် တက်ခဲ့ရပါတယ်။ ဒီရိုက်ကူးမှု မတိုင်ခင်မှာလည်း မြေပြင်မှာ ကြိုတင်လေ့ကျင့် ဇာတ်တိုက် ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။


ကြော်ငြာတင်လိုက်တဲ့အခါမှာ အချို့က တကယ်တက်ပြီး ရိုက်ကူးခဲ့တယ်လို့ မယူဆခဲ့ကြလို့ Behind the Scenes ဗီဒီယိုတစ်ဖိုင်ကိုပါ Emirates က ထပ်တင်ပေးခဲ့ပါတယ်။ စတန့်မယ် ဟာ သူ့အမေ ကို "အမေရေ ကျွန်မတော့ ကမ္ဘာ့ထိပ်ဆုံးနေရာကနေ စကားပြောနေပါတယ်" ဆိုပြီး ပြောဆိုထားတာလေးကိုပါ ရိုက်ကူးခဲ့ပါသေးတယ်။


Behind the Scenes ဗီဒီယို


ယူအေအီးနိုင်ငံ ဟာ UK ရဲ့ Amber List စာရင်းဝင်ဖြစ်သွားတဲ့အတွက် သွားလည်တဲ့ ခရီးသွားတွေဟာ ကိုဗစ်ကာကွယ်ဆေးအပြည့် ထိုးနှံပြီးသားဆိုရင် သီးသန့်ခွဲနေဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ Covid-19 Test ကို လာရောက်မဲ့ကာလ နှစ်ရက်အတွင်း Negative အဖြေရရှိထားတာကိုတော့ ပြသပေးရမှာ ဖြစ်ပါတယ်။

2,438 views0 comments
bottom of page