top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Dubai မြို့ထဲက ကမ်းခြေ Jumeirah

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Feb 27, 2017
  • 2 min read

Updated: Mar 31, 2021


UAE (United Arab Emirates) နိုင်ငံတွေထဲက Dubai (ဒူဘိုင်း) ဟာ သိပ်ကို လွတ်လပ်လှပတဲ့မြို့လို့ဆိုနိုင်ပါတယ်။ ဆိုလိုတာက UAE နိုင်ငံတွေထဲမှာ ပြောပါတယ်။ သဘာဝထက် လူတွေ တည်ဆောက်ထားတာ ပိုများပေမဲ့လည်း လူတွေရဲ့ တည်ဆောက်ဖန်တီးမှုဟာ ဘယ်လောက် အံ့မခန်းသလဲဆိုတာ သိသာထင်ရှားစွာ မြင်ရတဲ့ မြို့ပါ။ ဒူဘိုင်းမြို့တစ်ခွင် လည်ပတ်မယ်ဆိုရင် ဒီနေရာလေးတွေကို သွားလည်လို့ရပါတယ်။ ကိုယ့်ရဲ့ အချိန်ပေါ်မူတည်ပြီး တစ်ရက်ကနေ သုံးရက် အချိန်ပေးဖို့လိုပါမယ်။ ပုံမှန် ခရီးသွားလုပ်ငန်းတွေ စီစဉ်ပေးတဲ့ မြို့လည်ပတ်ရေးအစီအစဉ်တွေမှာတော့ -

  • Jumeirah Mosque and Jumeirah Beach Road

  • Sheikh Zayed Road

  • Dubai Creek

  • Mercato Themed Shopping Mal

  • Dubai Mall & Burj Khalifa

  • Dubai Museum

  • Burj Al Arab & Atlantis the Palm

  • Dubai Gold Souk

တို့ပါဝင်ပါတယ်။ အချိန်များများရရင် ဒူဘိုင်းနဲ့ မနီးမဝေးမှာ ရှိတဲ့ မြို့တော် အဘူဒါဘီ (Abu Bhabi) ကိုလည်း သွားလည်သင့်ပါတယ်။ ကျွန်တော်ကတော့ ဒီတစ်ခါ ဒူဘိုင်းမှာ လည်ပတ်ဖို့ပဲ အချိန်ရခဲ့တယ်ဗျာ။



ဒူဘိုင်းမှာက ဒူဘိုင်းမြို့ဟောင်းနဲ့ မြို့သစ်ဆိုပြီး ခွဲခြားထားတယ်။ မြို့ဟောင်းမှာတော့ အာရပ်တွေရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်ပုံစံတွေ ပိုပြီးစုံစုံလင်လင်တွေ့နိုင်တယ်။ မြို့သစ်မှာတော့ ခမ်းနားတဲ့ ဗိသုကာလက်ရာအဆောက်အဦးတွေနဲ့ ခေတ်မီမှုမျိုးစုံကို တွေ့နိုင်တယ်ပေါ့။


Emirates လေကြောင်းလိုင်းနဲ့ ဒူဘိုင်းမြို့ကို အချိန် ၅ နာရီလောက်ပေးရုံနဲ့ သက်တောင့်သက်သာ ရောက်နိုင်နေတော့ ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ Jumeirah ကမ်းခြေကို ထွက်လာခဲ့တယ်။ အဲ့ဒီကမ်းခြေဟာ မြို့ထဲမှာ ရှိတဲ့ လွယ်လွယ်ကူကူ သွားလာနိုင်တဲ့ ကမ်းခြေအဖြစ် သတ်မှတ်ထားကြတဲ့ ကမ်းခြေတစ်ခုပါ။ ရေကူးလို့ရတယ်။ Surfing ဘုတ်ပြားနဲ့ရေလွှာလျှောစီးနိုင်တယ်။ သဲသောင်ပြင်မှာ ဘောလီဘော ကစားလို့ကောင်းသလို၊ သဲရုပ်တုလေးတွေ ထုလုပ်ဆော့ကစားဖို့လည်းကောင်းတယ်။ ကျွန်တော်တို့အဖွဲ့ အဆင်ပြေသွားတာက ကျွန်တော်တို့သွားတဲ့ရက်က ကြားရက်ဖြစ်နေတော့ ကမ်းခြေမှာ နိုင်ငံခြားသားဧည့်သည်တွေ အနည်းအကျဉ်းသာ ရှိနေလို့ လွတ်လွတ်လပ်လပ် သွားလာလေ့လာ ပျော်ရွှင်နိုင်ခဲ့တယ်။ ရုံးပိတ်ရက်ဆိုရင်တော့ လူက ကျပ်ညပ်နေတတ်တယ်လို့ သိရတယ်။ အဲ့ဒီနေ့က ဖေ့စ်ဘွတ်ကနေ Live လွှင့်တော့ မိတ်ဆွေတွေကတောင် လှမ်းနောက်ကြသေးတယ်။ ရေကူးဝတ်စုံနဲ့ ကောင်မလေးတွေ မမြင်ရမဲ့ ကမ်းခြေတစ်ခုတဲ့။ တကယ်က မဟုတ်ပါဘူးဗျာ။ Two Piece လေးတွေက စကီလေးတွေ အများကြီးတွေ့ပါ့။ ဒါပေမဲ့ပေါ့ သူတို့မြို့သူ နိုင်ငံသူ ဟုတ်ကောင်းမှ ဟုတ်မယ်ပေါ့ဗျာ။

သဲလေးတွေက နူးညံ့ပြီး ဖြူဖွေးနေတာပဲ။ ငပလီ တို့၊ မြိတ်ကျွန်းစုတွေဆီက ကျွန်းကမ်းခြေတွေမှာ တွေ့ရတတ်တဲ့ သဲမျိုးလေးတွေ။ ခရုလေးတွေလည်း အများကြီးတွေ့တယ်။ ခရုကောက်တဲ့သူ ရှိ မရှိတော့ သတိမထားခဲ့မိဘူး။ သဲသောင်ပြင်က ကျယ်ကျယ်နဲ့ ရေပြင်က ပြာလွင်နေတယ်။ ကောင်းကင်ပြာကြီးနဲ့ ပင်လယ်က တစ်သားတည်း လှပနေတာ။ နေကလည်း ခေါင်းပေါ်သာရောက်တော့မယ် လူက ပင်လယ်ထဲ ခြေဆင်းချင်နေတုန်း။ လည်ပတ်တဲ့အစီအစဉ်မှာ ရေကူးဖို့ မပါတော့၊ ကိုယ်လုပ်နိုင်တာလေးတော့ ရအောင်လုပ်ခဲ့တယ်လေ။ ဘောင်းဘီကို ဒူးခေါင်းလောက်ခေါက်တင်၊ ဝတ်ထားတဲ့ ဘွတ်ဖိနပ်ကို သဲပေါ်ချန်ခဲ့ပြီး ဒူဘိုင်းပင်လယ်ပြာပြာထဲ ခြေထောက်နှစ်ဘက်စုံဆင်းလို့ ပင်လယ်ရဲ့အရသာကို ခြေထောက်ကနေ ခံစားပစ်လိုက်တယ်။ အပေါ်မှာသာ နေက တည့်တည့်ပူနေပေမဲ့ ဆောင်းတွင်းမို့လားမသိ ရေကတော့ အေးမြနေတယ်။


ကမ်းခြေကို လာတဲ့သူတွေ အန္တရာယ်ကင်းရှင်းရေး သတိပေးဆိုင်းဘုတ်လေးတွေ နေရာတကာ ချထားတယ်။ သန့်ရှင်းတာများတော့ ဈေးဆိုင်တွေ မရှိလို့ ဖြစ်မယ် တွေးမိတယ်။ Surfing လုပ်မဲ့နေရာကို ရေကူးခွင့်ပိတ်ထားသလို၊ ရေကူးတဲ့နေရာကိုလည်း သီးသန့်ဖြစ်အောင် ဖော့ကြိုးလေးတွေနဲ့ ကာရံထားပေးတယ်။ ရေကူးတာနဲ့ပတ်သက်ပြီး လိုက်နာရမဲ့၊ လုပ်ဆောင်ရမဲ့ စည်းကမ်းတွေကိုလည်း ဘုတ်ကြီးတွေနဲ့ စိုက်ထူရေးသားပြထားတယ်။ အတော်လေး ကောင်းမွန်အတုယူစရာပါပဲ။

ဒီကမ်းခြေမှာတင် အေးဆေး တစ်နေကုန်နေလို့ရရင် သိပ်ကောင်းမှာပဲ တွေးမိပေမဲ့ လည်စရာများလို့ အချိန်မရတာကြောင့် စိတ်လျှော့လိုက်ရတယ်လေ။ Jumeirah ကမ်းခြေကနေ ဒူဘိုင်းရဲ့ ယခင်က အမြင့်ဆုံးလို့ပြောကြတဲ့ Burj Al Arab (Arab Tower) ဟိုတယ် နဲ့ Jumeirah Beach ဟိုတယ်တွေကို လှမ်းမြင်ရတယ်။ ဒါကိုက ခရီးသွားတွေကို ဆွဲဆောင်မှုတမျိုး ပေးနေတာပဲလေ။ အဲ့ဒီ Burj Al Arab တာဝါဟိုတယ်က လူလုပ်ကျွန်းအတုပေါ်မှာ တည်ဆောက်ထားတဲ့ ကမ္ဘာ့အဆင့်အမြင့်ဆုံးဇိမ်ခံဟိုတယ်လို့ တင်စားကြပြန်တယ်။ အဲ့ဒီ တာဝါနဲ့ အဓိကလမ်းမကြီးကို ကိုယ်ပိုင်သီးသန့်တံတားနဲ့ ချိတ်ဆက်ထားတယ်။ ညနေဘက် ကောင်းကင်အရောင်ပြောင်းတဲ့အချိန်ဆိုရင် ဒီနေရာဟာ အရမ်းအံ့မခန်းကို ကြည့်ကောင်းတဲ့နေရာတစ်ခု ဖြစ်သွားတတ်တယ်။ အပြာရောင်၊ ခရမ်းရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်တိမ်တိုက်တွေနဲ့ ဒူဘိုင်းရဲ့ ကောင်းကင်ကို ခံစားကြသူတွေလည်း အများသားပါ။


ကမ်းခြေရဲ့အပြင်ဘက် လမ်းကလေးမှာတော့ ကားလေးတွေနဲ့ ရေခဲမုန့်၊ ရေခဲချောင်း၊ ဖျော်ရည်နဲ့ အဆာပြေတွေရောင်းတဲ့ ရွေ့လျားဆိုင်လေးတွေ တွေ့တယ်။ ဒါကလည်း ကမ်းခြေနဲ့ မြို့ကို သန့်ရှင်းသပ်ရပ်စေတဲ့ အဓိကအချက်တွေထဲက တစ်ခုဖြစ်နိုင်ပါတယ်။ ချစ်ဖို့ကောင်းလို့ ကားနဲ့ရောင်းတဲ့ဆိုင်လေးကို ဓါတ်ပုံရိုက်ယူလာခဲ့တယ်။


ဒူဘိုင်းမြို့ကို အလည်ရောက်ခဲ့ရင် မြို့နဲ့အနီးဆုံးကမ်းခြေ (မြို့ထဲမှာရှိတဲ့ကမ်းခြေ) အဖြစ် လူသိများတဲ့ Jumeirah ကမ်းခြေနဲ့ ကမ်းခြေလမ်းကိုလည်း လည်သင့်ပါကြောင်း လက်တို့ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page