top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

မြန်မာတပ်မတော် နှင့် စစ်အာဏာသိမ်းခြင်း သမိုင်း

ဒါဟာ စတုတ္ထကြိမ်မြောက် စစ်အာဏာသိမ်းခြင်း လို့ ဆိုရပါမယ်။ မြန်မာ့နိုင်ငံရေးသမိုင်းမှာ တပ်မတော် အနေနဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ စစ်အာဏာသိမ်းခဲ့ခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။


ပထမဆုံးအကြိမ် - ၁၉၅၈ ခုနှစ်၊ စက်တင်ဘာလ

၁၉၅၈ ခုနှစ် စက်တင်ဘာလမှာ ပထမဆုံးအကြိမ် အာဏာသိမ်းခြင်း ကို ဗိုလ်ချုပ်ကြီး နေဝင်း က အဓိက ဦးစီးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ အိမ်စောင့်အစိုးရ ကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၈ စက်တင်ဘာလ ကနေ ၁၉၆၀ ဧပြီလ အထိ (၁၈) လ တာ ထိန်းသိမ်းခဲ့ပါတယ်။ အကြောင်းပြချက်အနေနဲ့ ဖဆပလ ပါတီအတွင်းမှာ အကွဲအပြဲတွေ ဖြစ်ပေါ်လာပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရဲ့ အားနည်းချက်ကြောင့် ပြည်နယ်ခွဲထွက်ရေးဖြစ်ရပ်တွေ ပေါ်ပေါက်လာလို့ လို့ ဆိုပါတယ်။


ဒုတိယအကြိမ် - ၁၉၆၂ ခုနှစ်၊ မတ်လ

ဒုတိယအကြိမ် စစ်အာဏာသိမ်းမှုကိုလည်း ဗိုလ်ချုပ်ကြီး နေဝင်း ကပဲ အဓိက ဦးစီးပြီး ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ဆောင်ရွက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာ တော်လှန်ရေးကောင်စီ ကို ဖွဲ့စည်းပြီး တိုင်းပြည်အာဏာကို ထိန်းချုပ်လို့ (၁၂) နှစ်တာ အုပ်ချုပ်ခဲ့ပါတယ်။ အကြောင်းပြချက်အနေနဲ့ အဲ့အချိန်ကအစိုးရ က ဗုဒ္ဓဘာသာ ကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းကြေညာအပြီးမှာ ဘာသာရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ကာ တိုင်းရင်းသားအများစု တောခို၊ ရှမ်းပြည်နယ်ကလည်း ခွဲထွက်ဖို့ ကြိုးပမ်း စတဲ့ ကိစ္စရပ်တွေ ပေါ်ပေါက်လာလို့ လို့ ဆိုပါတယ်။ ပြီးတဲ့အခါမှာတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဖွဲ့စည်းပြီး တစ်ပါတီစနစ် နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့တာပါ။ ဒီ တစ်ပါတီစနစ် နဲ့ပဲ နောက်ထပ် ၁၄ နှစ်တာ ခရီးဆက်ခဲ့ပြီး ၁၉၈၈ ခုနှစ် မှာ အရေးအခင်း ပေါ်ပေါက်ခဲ့ပါတယ်။


တတိယအကြိမ် - ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ

ဦးနေဝင်း ရဲ့ နောက်ကွယ်ထိန်းချုပ်မှုနဲ့ ဗိုလ်ချုပ်ကြီး စောမောင် က ဦးဆောင်လို့ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့မှာ တတိယအကြိမ် စစ်အာဏာသိမ်းခြင်း ကို ပြုလုပ်ခဲ့ပါတယ်။ အကြောင်းပြချက်ကတော့ ဆန္ဒပြ ဆူပူအကြမ်းဖက်သူတွေရဲ့ မင်းမဲ့စရိုက်ဆန်ဆန် လူအချင်းချင်းသတ်ဖြတ်မှုတွေကို ဥပဒေအထိန်းအကွပ်မဲ့ဖြစ်နေလို့ လို့ ဆိုပါတယ်။ ၁၉၈၈ ကတော့ နိုင်ငံသမိုင်း မှာ ဖျောက်ဖျက်မရတဲ့ သမိုင်းကြောင်းအနေနဲ့ ထင်ကျန်ရစ်ခဲ့ပြီး အာဏာသိမ်းမှုရဲ့နောက်မှာ ဖွဲ့စည်းခဲ့တဲ့ အစိုးရ အရပ်ရပ်ဟာလည်း အရင် စစ်အာဏာရှင်စနစ် ကိုပဲ လူပြောင်းအသက်သွင်းထားတဲ့ပုံစံ ဖြစ်ပေါ်နေခဲ့တယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။


စတုတ္ထအကြိမ် - ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ကိုတော့ စစ်အာဏာသိမ်းမှုဆိုတာကို မကြားဖူးခဲ့တဲ့ ကလေး၊ လူငယ်တွေ ပါ ကြုံဖူးသွားစေခဲ့တဲ့ နောက်ထပ်နေ့စွဲတစ်ခု ဖြစ်သွားခဲ့ပါတယ်။ ရွေးကောက်ပွဲမဲစာရင်း ကွာဟမှုပေါ်မူတည်ပြီး ဖြစ်ပေါ်လာတယ်လို့ သတင်းထုတ်ပြန်တဲ့ ဒီ စစ်အာဏာသိမ်းမှုဟာ နှစ်ပေါင်း ၃၃ နှစ် အကြာမှာ ထပ်မံပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ လတ်တလောထုတ်ပြန်ချက်အရ အချိန် တစ်နှစ် ယူမယ်လို့ ဆိုပါတယ်။


စစ်အာဏာသိမ်းချိန်တိုင်း နိုင်ငံပိုင် (သို့မဟုတ်) တပ်မတော်ပိုင် မီဒီယာတွေကနေ စစ်ချီသီချင်းသံတွေ ထုတ်လွှင့်ခဲ့တာကတော့ အစဉ်အလာမပျက် တစ်ပုံစံတည်းပဲ ဖြစ်ခဲ့ပါတယ်။


ကျွန်တော့်ရဲ့ Website က ဘယ်သူတွေက စစ်အာဏာသိမ်းမှု ဘယ်နှကြိမ် မီခဲ့သလဲ ဆိုတာ အတွေ့အကြုံဝေမျှပေးပါဦးဗျ။ ဒါမှလည်း နောက်ကလေးတွေ၊ လူငယ်တွေ ရှေ့က အတွေ့အကြုံတွေကို ပိုပြီးသိကြမှာပါ။


အားလုံးပဲ ကပ်ရောဂါကြီးဘေးကရော၊ အကျပ်အတည်းမျိုးစုံရဲ့ဘေးဒုက္ခအပေါင်းကရော လွတ်ကင်းချမ်းသာကြပါစေခင်ဗျ….

သီဟလုလင် (Thiha, the Traveller)


227 views0 comments

Comments


bottom of page