ချင်းမိုင်မှာ ရောက်အောင်သွားသင့်တဲ့ နေရာလေးများ
- Thiha Lu Lin

- Mar 9, 2017
- 3 min read
Updated: Sep 9, 2020
အရင်ကဆို ဒီ Nimmanhaemin လမ်း (Nimman လမ်းလို့လည်းခေါ်ကြတယ်) ကို ချင်းမိုင်မြို့ရဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အစည်ကားဆုံးနေရာတစ်ခု ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူးရယ်။ ခုလို ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ ပြည့်သွားလိမ့်မယ်လို့လည်း မထင်ခဲ့ကြဘူး။ ခုဆို ချင်းမိုင်ကို အလည်လာသူတိုင်းက ဒီနေရာကို မလာမဖြစ်လာရမယ်လို့တောင် ဖြစ်လာပြီ။ ဒီလမ်းပေါ် လမ်းလျှောက်လိုက်ရမှ ချင်းမိုင်ရောက်တာ ပြည့်စုံသလိုလို။ ဒီလမ်းထဲက ဒီလောက်များတဲ့ ဆိုင်တွေကြားမှာ ကိုယ်နဲ့ ကိုက်တဲ့ ဆိုင်လေးတွေကို လက်လှမ်းမီသလောက် စုစည်းကြည့်မိတယ်။
MISORA Sushi Bar & Bistro ဖွင်ချိန် - မနက် ၁၁း၃၀ မှ နေ့လည် ၂း၀၀၊ ညနေ ၅း၀၀ မှ ည ၁၀း၀၀
ဈေးနှုန်း - ဘတ် ၁၀၀ မှ ၂၅၀ အတွင်း ဝန်ဆောင်မှုများ - ယာဉ်ရပ်နားနေရာ၊ Credit Cards၊ ကြိုတင်နေရာယူခြင်း၊ ယမကာ (ဘီယာ)
ချင်းမိုင်မှာ ဂျပန်ဘူဖေး စားသောက်ဆိုင်တွေ အရမ်းများတဲ့အထဲက ဒီဆိုင်လေးက ဂျပန်အရသာစစ်စစ်ကို ခံစားရတယ်လို့ အများစုက သတ်မှတ်ကြပါတယ်။ လတ်ဆတ်ပုံရော၊ Salmon ရဲ့ အရည်အသွေးကိုလည်း ချီးမွမ်းကြတယ်။ ရေခဲရိုက်ထားတဲ့ အရသာမျိုးမခံစားရဘဲ၊ လျှာပေါ်မှာ ပျော်ဝင်သွားတဲ့ လတ်ဆတ်တဲ့အရသာကို ကောင်းကောင်း ရတယ်။ အသားလှီးထားတာက တစ်ကိုက်စာ ကြီးကြီးလေး လှီးပေးတယ်။ ဘတ် ၈၀ ဝန်းကျင်ပေးရတဲ့ Salmon Saikyo, Salmon Aburi နဲ့ Salmon Cheeze တို့ဆိုလည်း အရသာ အတော်ကောင်းတယ်။ ဘတ် ၂၀၀ ဝန်းကျင် ပေးရတဲ့ Foiegras Sushi နဲ့ ပုစွန်ကို ငါးဥလေးတွေနဲ့လုပ်ထားတဲ့ Botan Ebi ဆိုလည်း အရမ်း ကောင်းတယ်။ ဘတ် ၂၀၀ ပေးရတ့ Salmon Hotate လည်း စားကြည့်စေချင်တယ်။ Salmon ကို လတ်လတ်ဆတ်ဆတ် လိမ္မော်ဖတ်လေးတွေနဲ့ ပွဲပြင်ပေးထားတယ်။ ပွဲလည်း ကြီးတယ်။ ဒီဆိုင်လေးက Think Park နောက်က ကော်ဖီဆိုင်လေးနားမှာ ရှိနေပါတယ်။
MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro MISORA Sushi Bar & Bistro
Zood Zood (Masood Masood) ဖွင့်ချိန် - မနက် ၁၁း၀၀ မှ နေ့လည် ၂း၀၀
ဈေးနှုန်း - ဘတ် ၂၅ မှ ၁၀၀ အတွင်း Nimmanhaemin လမ်းသွယ် ၉ မှာ ရှိတဲ့ ဒီဆိုင်လေးက ကျဉ်းပေမဲ့ ချစ်စရာကောင်းတယ်။ အစားအသောက်ကလည်း ဈေးချိုတယ်လို့ ပြောလို့ရတဲ့အထဲမှာ ပါတယ်။ အဓိကကတော့ ခေါက်ဆွဲနဲ့ပတ်သက်တာတွေ စားကောင်းတယ်။ ခေါက်ဆွဲတစ်ပွဲကို ၂၅ ဘတ် တန်လောက်ကနေ အစားစားရှိတော့ ကိုယ့်ဘတ်ဂျက်နဲ့ ကိုက်ပြီး စားသောက်လို့ရတဲ့ဆိုင်လေးပေါ့။ ဒီဆိုင်လေးကနေ စားသင့်တဲ့အထဲမှာ Hors d'oeuvres ဆိုတဲ့ Set Menu ပုံစံလေးပါတယ်။ ဟိုးရှေးခေတ်တုန်းက ပုံစံလေး ပြင်ဆင်ပေးတာ။ ဒန်ထမင်းချိုင့်လေးနဲ့ ငှက်ပျောဖတ်လေးခင်းပြီး ပွဲပြင်ပေးတယ်။ ထမင်းတစ်ဆင့်၊ အသားဟင်းတစ်ဆင့်၊ အကြော်စုံတစ်ဆင့် နဲ့ ငပိရည် တို့စရာအစုံ တစ်ဆင့်တို့ ပါတယ်။ ထိုင်းရဲ့ဓလေ့ပုံစံလေး စားသောက်ရမှာဆိုတော့ ကိုယ်တွေဗမာပါးစပ်နဲ့လည်း နီးတယ်ပေါ့။ တစ်ပွဲကို ၁၂၉ ဘတ် ပေးရပါတယ်။ မှိုကြော်လည်း စားလို့ကောင်းတယ်။ ၇၉ ဘတ် ပေးရမယ်။ ခေါက်ဆွဲကြိုက်တတ်ရင်တော့ Noodle Ocean (၁၂၉ ဘတ်) ကို စားကြည့်သင့်တယ်။ ပင်လယ်စာနဲ့ ပတ်သက်ပြီးလည်း စားကောင်းတဲ့ဟင်းတွေ ရတာမို့ ဒီဆိုင်လေးလည်း သွားစားမဲ့စာရင်းထဲ ထည့်သင့်တာပေါ့။
Zood Zood Zood Zood Zood Zood Zood Zood
Nimman Katsu ဖွင့်ချိန် - မနက် ၁၁း၀၀ မှ ည ၁၀း၃၀
ဈေးနှုန်း - ဘတ် ၂၀၀ မှ ၃၀၀ အတွင်း ဈေးနည်းနည်းမြင့်တဲ့ ဂျပန်စားသောက်ဆိုင်ကောင်းကောင်းဆိုရင်တော့ Nimmanhaemin လမ်းသွယ် ၁၇ ထဲက Nimman Katsu ဆိုင်ကို ညွှန်းချင်တယ်။ Katsu ကြိုက်တဲ့သူတွေ၊ ဝက်သားကို ချိစ်၊ ကြက်သွန်၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ Sauce တွေနဲ့ ကောင်းကောင်းစီစဉ်ပေးတဲ့ ဂျပန်စာ ကြိုက်သူတွေ ပိုပြီး သဘောကျမဲ့ဆိုင်လို့ ညွှန်းဆိုချင်ပါတယ်။ ရွေးချယ်စရာ ဟင်းလျာ အမျိုး ၅၉ မျိုးကျော်ထဲက အားရပါးရ ရွေးချယ်စားသုံးနိုင်တယ်။ ဆိုင်မှာ ထိုင်လိုက်ပြီဆိုတာနဲ့ ဝန်ထမ်းလေးတွေက Green Tea လာတိုက်ပါလိမ့်မယ် (အပူ၊ အအေး နှစ်သက်ရာပြောနိုင်)။ ပြီးတာနဲ့ ထမင်း၊ Miso ဟင်းချို၊ ကြက်ဥပေါင်း နဲ့ ဟင်းရံ ၄ မျိုး (အမျိုး ၂၀ ထဲက ရွေးလို့ရ) ချပေးတယ်။ Set Menu နဲ့ ရွေးချယ်နိုင်တာမို့ ဈေးနည်းနည်းကြီးတယ် ထင်ရတယ်။ Hamburg Katsu Set ဆို ၂၂၉ ဘတ်၊ ဝက်သား အမဲသားတွေကို ပေါင်မုန့်ကပ်ကြော်ထားတာပါမယ်။ Hire Katsu Ni Set ဆိုရင် ၂၃၉ ဘတ် ပေးရတယ်။ ဝက်လိုင်းသားကို Sauce နဲ့ တည်ခင်းပေးတာ။ Negi Rosu Katsu Set ဆိုရင်လည်း ၂၃၉ ဘတ် ရှိမယ်။ ဂျပန်စတိုင် အသားပြားကြော်လေးနဲ့ စားချင်သူတွေအကြိုက်တွေ့မဲ့ဆိုင်လေးပါပဲ။
Nimman Katsu Nimman Katsu Nimman Katsu Nimman Katsu Nimman Katsu Nimman Katsu Nimman Katsu
Season Sweet (Seasons Suite)
ဖွင့်ချိန် - နေ့လည် ၁၂း၀၀ မှ ည ၈း၀၀
ဈေးနှုန်း - ဘတ် ၆၀ မှ ၁၀၀ အတွင်း
အချိုပွဲလေးတွေ ကောင်းကောင်းစားမယ်ဆိုရင်တော့ Nimman လမ်းသွယ် ၁၁ ထဲက Season Sweet ဆိုင်ကိုသာ သွား။ အုန်းသီး Crepe အရမ်းကောင်းတယ်။ ဈေးကတော့ ၉၉ ဘတ် ကနေ ၁၂၉ ဘတ်အထိ ရှိတယ်။ အချိုရည် နဲ့ ဆိုဒါရည် မျိုးစုံလည်း ရသေးတယ်။ နာမည်ဆန်းဆန်းတွေနဲ့ ရေခဲသုတ်တွေ ရှိတယ်။ တကယ့် အသီးအစစ်လေးတွေ တင်ပေးတော့ စားကောင်းတယ်။ ရေခဲသုတ်က ဒီမှာ ငယ်ငယ်က စားတဲ့ ရေခဲခြစ်လို အရောင်စုံနဲ့ဆိုတော့ ဓါတ်ပုံရိုက်လို့လည်း လှတယ်။ နို့ဆီလေးဆမ်းပေးတဲ့ Milky Snowy ဆိုလည်း ၆၉ ဘတ်ကနေ ၈၉ ဘတ်လောက်ပဲ ရှိတယ်။ ကိုယ်ထပ်ဖြည့်တဲ့ ကျောက်ကျော၊ ဂျယ်လီစေ့ အမျိုးမျိုးပေါ်မူတည်ပြီး ဈေးက ကွာသွားတယ်။
Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet Season Sweet
Cheevit Cheeva (Chivas Life)
ဖွင့်ချိန် - မနက် ၁၀း၀၀ မှ ည ၁၀း၀၀
ဈေးနှုန်း - ဘတ် ၁၀၀ မှ ၂၅၀ အတွင်း
နောက်ထပ် အချိုပွဲဆိုင်လေးတစ်ခုကိုလည်း သွားသင့်တာရှိသေးတယ်။ ကော်ဖီလည်းရတဲ့ ဆိုင်လေးပါ။ အပြင်အဆင်လေးက ပန်းခြံလေးတစ်ခုလို ချစ်စရာကောင်းတယ်။ သခွာမွှေးလုံးလေးတွေနဲ့ အုန်းမှုတ်ခွက်ထဲ က အုန်းနို့ခရမ်ရေခဲတွေ တို့စားရတာ အရမ်းအရသာရှိတယ်။ ကိတ်နဲ့ ဖျော်ရည်တွေလည်း ရတယ်။ နို့တွေ ခရမ်တွေနဲ့ သစ်သီးတွေ ဖျော်ရည်တွေ ရနိုင်တဲ့နေရာပါပဲ။
Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life) Cheevit Cheeva (Chivas Life)
NORI Sky Terrace
ဖွင့်ချိန် - ညနေ ၆း၀၀ မှ ည ၁၁း၅၉
ဈေးနှုန်း - ဘတ် ၁၀၀ မှ ၂၅၀ အတွင်း
ဂျပန်အစားအစာတွေကို ဂျပန်စတိုင် အပြည့်နဲ့ စားချင်ရင် ဒီဆိုင်လေးက အရမ်းမိုက်တယ်။ Nimman လမ်းသွယ် ၅ မှာ ရှိတဲ့ ဆိုင်လေး။ ဓါတ်လှေကားနဲ့ ၅ လွှာတက်သွားမှာ တွေ့ရတဲ့ဆိုင်ပါ။ ဈေးလေးကတော့ သင့်တင့်တယ်ပေါ့။ Sushi ကောင်းတယ်။ Roll တွေလည်း ပုံစံမျိုးစုံနဲ့ ရနိုင်တယ်။ Nimman Roll လေး စမ်းစားကြည့်သင့်တယ်။ ပုစွန်တန်ပူရာကို ၈ ကိုက်စာ စီစဉ်ပေးထားတယ် ထမင်းလိတ်ပေါ့။ ဂျပန်ထမင်းနူးနူးညံ့ညံ့ကို Tuna ငါးတောက်တောက်စင်းနဲ့ စားရတာလည်း Tuna ငါးကြိုက်တဲ့သူတွေအတွက် နတ်သုဓ္ဓာဖြစ်မယ်။ ဒီဆိုင်မှာ ဂျပန်ဘီယာ နဲ့ အကင်တွေလည်း စားနိုင်သေးတယ်။ လမ်းကို အပေါ်စီးကနေ မြင်နိုင်တဲ့ Open Air ပုံစံ လဟာပြင်လေးမှာ ဂျပန်စာကောင်းကောင်းစားဖို့ အဆင်သင့်တယ်လေ။
NORI Sky Terrace NORI Sky Terrace NORI Sky Terrace NORI Sky Terrace
Wake Up
ဖွင့်ချိန် - မနက် ၈း၃၀ မှ ည ၁၀း၀၀
ဈေးနှုန်း - ဘတ် ၁၀၀ အောက်
အရင်က ၂၄ နာရီဖွင့်တဲ့ Nimman လမ်းက ဆိုင်လေး။ ဂျပန်ပုံစံလေး ပြင်ဆင်ထားတာ။ ကော်ဖီကောင်းကောင်း၊ အချိုပွဲ ကောင်းကောင်း ကြိုက်တတ်သူတွေအတွက်ပေါ့။ စတော်ဘယ်ရီနှင်းပွင့် ဆိုရင် ၂၁၉ ဘတ် ပေးရတယ်။ စတော်ဘယ်ရီသီးလေးတွေကို နှင်းပွင့်လေးတွေမျိုး စားရတဲ့ အရသာ၊ နို့အရသာနဲ့ နူးနူးညံ့ညံ့ ရှိတယ်။ ဝိုင်ဖိုင်လည်း အခမဲ့ ရတယ်။ မဆိုးဘူးပေါ့။
Wake Up Wake Up Wake Up Wake Up Wake Up
The Larder Cafe & Bar
ဖွင့်ချိန် - မနက် ၈း၃၀ မှ ည ၁၀း၀၀
ဈေးနှုန်း - ဘတ် ၁၀ မှ ၂၅၀ အတွင်း
ပြင်သစ် စားသောက်ဆိုင်လေးက အိမ်လေးပမာ ဖန်တီးထားတယ်။ Nimmanhaemin လမ်းပေါ်မှာပဲ ရှိနေတယ်။ ဆိုင်လေးက မကျယ်ပေမဲ့ သက်တောင့်သက်သာတော့ ရှိပါတယ်။ အပြင်အဆင်လေးက ရိုးရိုးရှင်းရှင်းလေး။ ကျောက်သင်ပုန်းတွေပေါ်မှာ လက်ရေးနဲ့ ရေးထားတဲ့ ပုံစံလေးက သဘောကျဖို့ကောင်းတယ်။ ဆိုင်ရဲ့ အပြင်အဆင်က အိမ်နဲ့တူတော့ မသိရင် ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်မှာ စားနေရသလိုပဲ။ အပျံစား Menu ကိုတော့ တွေ့ရမှာမဟုတ်ပေမဲ့ အဆင်ပြေတဲ့ Menu တွေ ရှိပါတယ်။ ဘိုစာ ကြိုက်တတ်သူတွေအတွက် အဆင်ပြေတယ်လေ။ Bar လည်းဖြစ်ပြန်တော့ ကော်ဖီ အပြင် ကော့တေးလ်တွေ ဝိုင်တွေလည်း ရနိုင်တာက သောက်တတ်သူတွေအကြိုက်ဖြစ်ပြန်တယ်။ Sandwich တွေ ရမယ်။ ကြက်ဥကြော်အမျိုးမျိုး ကို မနက်ပိုင်းမှာ ရနိုင်တယ်။ ဟင်းသီးဟင်းရွက်သုတ် နဲ့ အသားပြား Steak တွေကိုလည်း ရနိုင်တယ်။ ဈေးနှုန်းအားဖြင့်လည်း သက်သာတဲ့ ဆိုင်လေးမို့ ဘိုစာလေးတွေ စားချင်သူများကို ညွှန်းပါရစေ။
The Larder Cafe & Bar The Larder Cafe & Bar The Larder Cafe & Bar The Larder Cafe & Bar The Larder Cafe & Bar The Larder Cafe & Bar
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments