ယွန်းကို စိန်နဲ့ ဝတ်တဲ့ ခေတ်ဖြစ်နေပြီလား...
- Thiha Lu Lin

- Jun 4, 2019
- 1 min read
Updated: Sep 11, 2020

ယွန်းနဲ့ စိန်ထည်ပေါင်းစပ်ဖန်တီး ဝတ်ဆင်နိုင်တယ်ဆိုတာ ကျွန်တော် ရုတ်တရက် သိလိုက်ရတော့ အတော်အံ့အားသင့်မိသွားတယ်။ အရင်က ယွန်းထည်တွေကို လက်ဆောင်ပေးတဲ့နေရာ၊ အလှဆင်ပစ္စည်း နဲ့ လက်ဖက်ပွဲ၊ ဟင်းပွဲပြင်လောက်အနေအထားပဲ မြင်တွေ့ခဲ့ရာကနေ ခုဆို ယွန်းအနုပညာကို အဖိုးတန်ကျောက်မျက်ရတနာတွေနဲ့ တွဲဖက်ဖန်တီးပြသကြတဲ့အထိ ဖြစ်လာတာကို သတိထားမိလိုက်ပါတယ်။
ဒိုးပြားလေးတွေကို ယွန်းအလှဆင်ပြီး လက်ဆောင်ပေးချင်စရာ ဖြစ်အောင် ခေတ်အမြင်နဲ့ ဖန်တီးထားတာ စိန်ကို ခုလို ယွန်းနဲ့ ရံပြီး ဝတ်ဆင်နိုင်နေပြီ ဒိုးပြား၊ ရွေးစေ့ စတာတွေနဲ့ ဖန်တီးထားတဲ့ ဖန်စီဆွဲကြိုးလေးတွေ Bagan House ယွန်းထည် ဆိုင်ကို အဝင်
ပုဂံ ညောင်ရေသွန်းပွဲတုန်းက Bagan House က ညီမပျိုတွေ ဝတ်ဆင်ထားတဲ့ ယွန်းလက်ဝတ်ရတနာတွေနဲ့ ရင်ထိုးတွေ ယွန်းကို ခုလို လည်ဆွဲတွေ၊ ခြုံလွှာတွေ အဖြစ် ဖန်တီးယူနိုင်ပြီ Bagan House ရဲ့ ပဲ့ကိုင်ရှင် ဒေါ်မော်မော်အောင် က မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ယွန်းအလုပ်ရုံအကြောင်း နဲ့ အနာဂတ်ယွန်းထည်တွေရဲ့ လားရာ ကို သုံးသပ်ရှင်းပြနေစဉ် Bagan House က ဖန်တီးထုတ်လုပ်ထားတဲ့ ခေတ်မီ ယွန်းထည်အနုပညာမျိုးစုံ
ပုဂံမှာ ရှိနေတဲ့ Bagan House ယွန်းဆိုင်ကြီးရဲ့ ဖန်တီးမှု ခြေလှမ်းသစ်တွေလို့လည်း ဆိုရမယ်။ ကျွန်တော်တို့ သိထားတဲ့ လက်ဆောင်ပေး အမှတ်တရ ယွန်းထည်တွေအပြင်ကိုမှ ပရိဘောဂအနေနဲ့ ယွန်းကို အသုံးပြုနိုင်တာ၊ နေ့စဉ်သွားလာလှုပ်ရှားနေတဲ့ ဘဝမှာ ယွန်းပစ္စည်းတွေကို နေရာတကာ အသုံးချနိုင်တာကို ဒီနှစ် မေလ အတွင်းမှာ ပြုလုပ်ခဲ့တဲ့ Bagan House ရဲ့ ယွန်းအနုပညာတီထွင်ဖန်တီးမှု ပြပွဲငယ် လေးကနေ နှလုံးသားထဲက ဝမ်းသာမိအောင် သိလိုက်ရတယ်။
ရင်ထိုးလေးတွေအဖြစ်လည်း ဖန်တီးနိုင်ပြီ ဒါက ဘာမှ အလှမဆင်ရသေးတဲ့ အော်ရဂျင်နယ် ဒိုးပြားတွေ (ဂုံညင်းစေ့) ဇီးကွက်လေး ချစ်လို့.. ဆွဲကြိုးလေး လုပ်ထားတာ တော်တော် သဘောကျမိနေသော ကျွန်တော်
Bagan House ယွန်းအလုပ်ရုံထဲ လှည့်ကြည့်မိတော့... ရောင်းချတော့မဲ့ အလှဆင်ဒိုးပြားလေးတွေကို စနစ်တကျ စုစည်းနေတာ Bagan House ယွန်းဆိုင်ကြီး ယွန်းလှေကြီး
ငယ်ငယ်က ဆော့ကစားဖူးကြတဲ့ ဂုံညင်းစေ့ (ဒိုး) တွေကိုလည်း ခုဆို ယွန်းအတတ်ပညာ၊ အနုပညာနဲ့ပေါင်းစပ်လို့ ထုတ်ကုန်သစ်တွေအနေနဲ့ ရောင်းချလာနိုင်တာကိုလည်း တွေ့ရပါတယ်။ လက်ဝတ်တန်ဆာအနေနဲ့ ဖန်စီဆွဲကြိုးပုံစံလေးတွေ ဖန်တီးထားတာလည်း တွေ့ရပါတယ်။ သဘောအကျဆုံးက ပြီးခဲ့တဲ့ ပုဂံညောင်ရေသွန်းပွဲမှာ Bagan House ညီမပျိုတွေ ဆံထိုး၊ ပုဝါ၊ လည်ဆွဲ အားလုံးကို ယွန်းထည်တွေနဲ့ ဖန်တီးထားတာမျိုးတွေချည်း ဝတ်ဆင် ရေသွန်းခဲ့ကြတာကိုပါ။ အမျိုးသားတွေဆိုလည်း ပုဆိုးမှာ ယွန်းထည်တွေကို ဒီဇိုင်းဆင် ဝတ်ဆင်နိုင်သေးတယ်ဆိုတာလည်း ကျွန်တော် သိခဲ့ရတယ်။
Bagan House က ယွန်းလက်ဖက်အုပ်ကြီး ဘဲဥခွံနဲ့ ဆွဲသားထားတဲ့ ယွန်းပန်းချီကားတစ်ချပ် ယွန်းပညာရယ်၊ ပုဂံနံရံဆေးရေးအရုပ်တွေရယ် ပေါင်းစပ်ဖန်တီးထားတဲ့ ပန်းချီကားတစ်ချပ် ပျော်ရွှင်စွာ အလုပ်လုပ်နေကြတဲ့ ပုဂံသူတွေ
ဒီယွန်း အတတ်ပညာ၊ အနုပညာတွေဟာ ကျွန်တော်တို့ ပုဂံ ကို ကမ္ဘာက သိစေမဲ့ မြန်မာ့လက်ရာစစ်စစ်တွေမို့ ဂုဏ်ယူစွာနဲ့ပဲ အခု အသစ်ဖန်တီးထားတဲ့ ယွန်းထည်ပစ္စည်းတွေအကြောင်း စာဖတ်သူတွေကို ဝေမျှလိုက်ရပါတယ်။ ပုဂံရောက်ရင် လေ့လာဖို့ နေရာတစ်ခုအနေနဲ့ သွားရောက်လေ့လာသင့်ပါတယ်ဗျား။

အားလုံးပဲ အစဉ်ဘေးကင်းလုံးခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
-03.png)





Comments