About

THIHA

Thiha Lu Lin (Thiha, the Traveller)
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Thiha Lu Lin

စမွီကျွန်း က Ang Thong National Marine Park

သဘာဝဥယျာဉ် ဆိုတာမျိုးက ကျွန်တော်တို့ မြန်မာတွေနဲ့ မစိမ်းဘူး။ ဒါပေမဲ့ သဘာဝအဏ္ဏဝါဥယျာဉ် ဆိုရင် စိမ်းသွားပြီ။ ကျွန်တော်တို့ဆီမှာ သဘာဝအင်းအိုင်ဥယျာဉ်ကြီးတွေတော့ လူတွေ ရင်းနှီးကြတယ်။ ဥပမာ အင်းတော်ကြီးအိုင် လိုမျိုးပေါ့။ ဒါပေမဲ့ သဘာဝပင်လယ်ဥယျာဉ်ဆိုတာမျိုးတော့ သိပ်မရင်းနှီးကြဘူး။ မြန်မာမှာ တစ်ခုတည်းသော သဘာဝအဏ္ဏဝါဥယျာဉ် အနေနဲ့ လန်ပိကျွန်း ရှိပါတယ်။ မြိတ်ကျွန်းစုမှာ ရှိတဲ့ အကြီးဆုံးကျွန်းတစ်ခုပါ။ လန်ပိကျွန်းကို အမျိုးသားအဏ္ဏဝါဥယျာဉ်အနေနဲ့ ၁၉၉၆ ခုနှစ်မှာ တည်ထောင်နိုင်ခဲ့ပါတယ်။ ၂၀၀၄ ဆူနာမီတုန်းကတော့ ဆလုံလူမျိုး ၂၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဖတ်လိုက်ရပါတယ်။ လန်ပိကျွန်းကိုလည်း သိပ်မရင်းနှီးကြတာကြောင့် သဘာဝအဏ္ဏဝါဥယျာဉ် ဆိုတာ ဘယ်လိုမျိုးလဲ သိရဖို့ ထိုင်းနိုင်ငံ က Ang Thong National Marine Park သဘာဝအဏ္ဏဝါဥယျာဉ်ဆီ ကို ဒီနေ့တော့ ဗဟုသုတခရီးလေးထွက်ဖို့ ခေါ်ဆောင်သွားချင်ပါတယ်။


ထိုင်းနိုင်ငံ စမွီကျွန်း က တကယ်ကို ခပ်ချေချေ အပန်းဖြေလို့ကောင်းတဲ့နေရာပါ။ စမွီကျွန်းကိုလည်ပတ်ရင်း ခရီးသွားတွေ အတော် သွားလည်ကြတာက Koh Mae ကျွန်းဖြစ်ပါတယ်။ သူတို့ကတော့ ရွှေရောင်ကျွန်းများ လို့ တင်စားတတ်ကြတယ်။ Koh Mae (ကို့မဲ့) ဆိုတာ အဓိပ္ပါယ်အားဖြင့် Mother Island အမေ့ကျွန်း လို့ ဆိုပါတယ်။ ဒီကျွန်းလေးဟာ သဘာဝအဏ္ဏဝါဥယျာဉ် Ang Thong National Marine Park အတွင်းမှာ ပါဝင်ပါတယ်။ ဒီကျွန်းလေးကတော့ သဘာဝအဆန်ဆုံးနေရာလေးတစ်ခုပါ။ ဒါကြောင့်လည်း သဘာဝဥယျာဉ်အဖြစ် ထိန်းသိမ်းဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။ ဒီနေရာကို ရောက်ဖို့တော့ စမွီဘက်ကနေ သင်္ဘောနဲ့ အချိန် နှစ်နာရီလောက် မောင်းနှင်သွားလာရပါတယ်။ ကျွန်တော်တို့စီးတဲ့ သင်္ဘောမှာတော့ သင်္ဘောဝန်ထမ်းအများစုဟာ မြန်မာတွေပဲမို့ ကိုယ်တွေချင်းကို သေချာဂရုစိုက်စောင့်ရှောက်ပေးတာ သတိထားမိပါတယ်။


ဒီ Angthong National Marine Park မှာ ကျွန်းကြီးငယ်ပေါင်း ၄၂ ကျွန်း ပါဝင်ပြီး စမွီကျွန်းကနေ အနောက်မြောက်ဘက် ၃၀ ကီလိုမီတာ အကွာအဝေးက ထိုင်းပင်လယ်ကွေ့အတွင်းမှာ တည်ရှိတာ ဖြစ်ပါတယ်။ အမျိုးသားဥယျာဉ်အကျယ်အဝန်းက စုစုပေါင်း ၂၅၀ စတုရန်းကီလိုမီတာ ရှိပါတယ်။ ထုံးကျောက်တောင်တွေ၊ ကျောက်ချွန်းတွေ နဲ့ ပြည့်နေတဲ့ဥယျာဉ်လည်း ဖြစ်ပါတယ်။ ကျွန်းတွေပေါ် လည်ပတ်ကြေးအနေနဲ့ နိုင်ငံခြားသားတွေကို ဘတ် ၃၀၀ ကောက်ခံပါတယ်။ သူတို့သတ်မှတ်ထားတဲ့နေရာတွေမှာ Campsite လေးတွေရှိပြီး ရွက်ဖျင်တဲလေးတွေနဲ့ နားနေအိပ်စက် နိုင်ပါတယ်။ ကျွန်းတွေပေါ်မှာ သဘာဝရှုခင်းတွေ ကြည့်လို့ရအောင် စီစဉ်ပေးထားပြီးတော့ အများအားဖြင့် တောင်ပေါ်တက်ကြရပါတယ်။ အလေ့အကျင့်မရှိရင် အတော်မောပါတယ်။ ကျွန်တော်တို့ သွားတုန်းက ပထမဆုံး တက်ခဲ့တဲ့ Koh Mue ကျွန်းကတောင်ဆိုရင် မီတာ ၅၀၀ မြင့်တယ်။ မီတာ ၁၀၀ ဝန်းကျင်တိုင်းမှာ နားနေတဲ့ ရှုခင်းသာနေရာလေးတွေ ရှိတယ်။


အဲ့ဒီကနေ နောက်တစ်နေရာကို ဆက်သွားတော့ Koh Mae (အမေ့ကျွန်း) ကို ရောက်လာတယ်။ ဒီနေရာမှာတော့ တောင်တက်ရမှာ ဖြစ်ပေမဲ့ ခုနကကျွန်းလောက် မမြင့်တော့ဘူး။ တောင်ပေါ်ကကြည့်ရင် မြင်ရမဲ့ Lagoon (ပင်လယ်ထုံးအိုင်) အတွက် ကြိုးစားတက်ကြည့်ကြတယ်။ လှပတဲ့ ကျောက်ဆောင်ပတ်လည်ကြားက Lagoon ကို တွေ့ရတဲ့အခါ စိတ်ထဲ တစ်မျိုးလေး ခံစားရတယ်။ ရေငန်အိုင်ကြီးဖြစ်လို့ ခရီးသွားတွေ အတော်သဘောကျသလို၊ ပြာလဲ့နေတဲ့ ကုန်းတွင်းရေငန်အိုင်ကြီးက လာရောက်သူတိုင်းကို သဘောတကျ ဆွဲဆောင်နေပါတယ်။ ဒီ Koh Mae မှာတော့ ရေချိုးတဲ့နေရာ သတ်မှတ်ပေးထားလို့ ရေကူးတဲ့သူက ကူးတယ်။ ပင်လယ်ရေအောက်ငါးကြည့်၊ သန္တာကျောက်တန်းကြည့်ဖို့ Snorkeling လုပ်သူကလုပ်တယ်။ အဝတ်ပို မယူခဲ့မိကြတဲ့ ကျွန်တော်တို့ကတော့ ကနူးလှေ (Kayaking) လှော်ကြတယ်။ ကျွန်တော် နဲ့ မမေဇွန် က တစ်ဖွဲ့၊ ကိုဟိန်းသန့် နဲ့ ယဉ်နှောင်း က တဖွဲ့ ကနူးလှေလှော်ကြတော့ ကျွန်တော်တို့က ထူးထူးခြားခြား ပင်လယ်ထဲက ကျောင်တောင်ကြီးအောက် လှေကို မောင်းဝင်သွားတာ ရေကတက်၊ ဝင်ပေါက်က နိမ့်ပြီး လှေပေါ်မှာ ပက်လက်အိပ်လို့ ဂူလိုမျိုးအတွင်းထဲ ဝင်ခဲ့ရတာ မှတ်မှတ်ရရပဲ။ ကျဉ်းကျဉ်းလေးထဲမှာ အတော်လေး ခက်ခက်ခဲခဲ လုပ်ယူခဲ့ရတယ်။ Kayaking ကို တော်တော်ဝေးဝေးလှော်ပြီး ကျွန်းတစ်ခုဆီသွားရတာ တကယ့်အတွေ့အကြုံသစ်မို့ ရင်ခုန်ရပါတယ်။ ဒီ Ang Thong National Marine Park သဘာဝအဏ္ဏဝါဥယျဉ်ကြီးက တစ်နှစ်တာအတွင်းမှာ နိုဝင်ဘာလ (၁) ရက်နေ့ကနေ ဒီဇင်ဘာလ (၂၃) ရက်နေ့အတွင်းဆို နှစ်စဉ် ပိတ်ပါတယ်။ ဧည့်သည်မပြတ်လာနေရင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများမှာစိုးလို့ သဘာဝဝန်းကျင်ကြီးကို ခဏအနားပေးတဲ့အနေနဲ့ ပိတ်တယ်တဲ့။ ဘယ်လောက် ကောင်းလိုက်သလဲနော်။ သူများနိုင်ငံတွေများ လုပ်လည်းလုပ်စားတတ်တယ်။ ရေရှည်သွားနိုင်အောင် ထိန်းလည်းထိန်းသိမ်းတတ်တယ်။ အတုယူစရာပါပဲ။


ကဲ ဒီနေ့တော့ ထိုင်းနိုင်ငံက သဘာဝအဏ္ဏဝါဥယျာဉ်ဆီကို အလည်ခေါ်ရင်း သူ့အကြောင်းလေးကို ဗဟုသုတ ဝေမျှလိုက်ပါပြီဗျား။ ကပ်ကြီးပြီးလို့ သွားလည်မယ်ဆိုလည်း အသုံးတည့်မယ် ယုံပါတယ်။ နောက်ရက်တွေမှာ နောက်ထပ်အကြောင်းအရာတွေနဲ့ ထပ်ဆုံပါဦးမယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Hein, Naw Htike, May Zun

Camera :: Samsung Galaxy Note5, Yi Action Cam

Photos are modified in Lightroom by Thiha Lu Lin.

21 views0 comments