top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ထိုင်းနည်းတူ Digital Nomad Visa အသစ် မိတ်ဆက်လိုက်တဲ့ ထိုင်ဝမ်

၂၀၂၅ နောက်ပိုင်းနှစ်တွေဟာ Digital Nomad ဆိုတဲ့ နည်းပညာအသုံးပြု ရွှေ့ပြောင်းနေထိုင်အလုပ်လုပ်နိုင်ကြသူတွေအတွက် ရွှေခေတ်ဖြစ်လာနိုင်ပါတယ်။ Digital Nomad တွေဟာ ကမ္ဘာမှာ အရေအတွက်အားဖြင့် ၃၅ မီလီယမ်ထိ ရှိလာနေပြီး မကြာခင် ၄၀ မီလီယမ် ဖြစ်လာပါတော့မယ်။ လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ခန့်ဟာ Digital Nomad တွေ လာရောက်နေထိုင်အလုပ်လုပ်နိုင်ဖို့ Digital Nomad Visa ကို ပေးသွားရန်ရှိနေပါပြီ။ တချို့လည်း စတင် ပေးအပ်နေပြီး စပိန်၊ ပေါ်တူဂီ၊ ခရိုအေးရှား၊ ဂရိ၊ နော်ဝေ၊ ပြင်သစ်၊ နယ်သာလန်၊ ထိုင်း၊ ယူအေအီး (ဒူဘိုင်း၊ အဘူဒါဘီ)၊ တောင်ကိုးရီးယား၊ မလေးရှား၊ သီရိလင်္ကာ စသဖြင့် နိုင်ငံအတော်များများ ရရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်း ဗီဇာလျှောက်ထားရာမှာ တောင်းဆိုချက်များကတော့ မြင့်မားပါတယ်။


ထိုင်ဝမ် ရဲ့ မြို့တော်တိုင်ပေ မှ အထင်ကရ အဆောက်အအုံများ

ထိုင်ဝမ်ဟာလည်း ၁ ဇန်နဝါရီလ ၂၀၂၅ ကစလို့ နိုင်ငံရပ်ခြားက ကျွမ်းကျင်သူတွေ၊ ပါရမီရှင်တွေကို ပိုမိုဖိတ်ခေါ်လိုတဲ့ရည်ရွယ်ချက်နဲ့ရော၊ ခရီးသွားမြှင့်တင်ရေးအစီအစဉ်အတွက်ပါ Taiwan's Digital Nomad Visa ကို စတင်မိတ်ဆက်လိုက်ပါပြီ။ လက်ရှိမှာတော့ စဦး စမ်းသပ်ကာလလည်း ဖြစ်တယ်လို့လည်း ကြေညာထားပါတယ်။ ထိုင်ဝမ် ရဲ့ Hualien, Taitung, Tainan နဲ့ Pingtung ဒေသတွေက Digital Nomad တွေအတွက် အထူးဖိတ်ခေါ်နေတယ်လို့လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကော်စီ (NDC) ရဲ့ ဝန်ကြီးချုပ် Paul Liu က ပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်ဟာ ၂၀၃၂ ခုနှစ်မတိုင်ခင် ရွှေ့ပြောင်းအလုပ်လုပ်သူပေါင်း ၄ သိန်း လာရောက်ဖို့ မျှော်လင့်ထားပါတယ်။ ဒီအထဲက ၁ သောင်း ကိုလည်း တရားဝင်အလုပ်လုပ်ခွင့် Employment Gold Card ကို ဗီဇာ ၁ နှစ်သက်တမ်းကုန်ဆုံးချိန်မှာ ပေးအပ်သွားနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။


ထိုင်ဝမ် ရဲ့ Digital Nomad Visa လျှောက်ထားလိုသူတွေဟာ အောက်ပါ အချက်တွေနဲ့ ပြည့်စုံရပါတယ်။

ဒီဂျစ်တယ်နည်းပညာနဲ့ ရွှေ့ပြောင်းအလုပ်လုပ်နေသူ နိုင်ငံခြားသားများ လျှောက်ထားနိုင်ပါတယ်။

  • နိုင်ငံအတွင်း ဒီဗီဇာနဲ့ တရားမဝင် အလုပ်လုပ်ခြင်းကိုတော့ တားမြစ်ထားပါတယ်။

  • အလုပ်လုပ်ဖို့ အလုပ်ဗီဇာ ပြောင်းခွင့်ပြုထားပါတယ်။

  • အသက် ၂၀ ကနေ ၂၉ နှစ်ထိ ကို နှစ်စဉ်ဝင်ငွေ US$ 24,000 နဲ့ အသက် ၃၀ နဲ့ အထက်ကို နှစ်စဉ်ဝင်ငွေ US$ 60,000 ပြသဖို့ လိုအပ်ပါတယ်။ (လျှောက်ထားမယ့်နှစ် မတိုင်ခင်နှစ်ကို ပြသရမှာပါ)

  • ဗီဇာသက်တမ်းက ၃ လ ဖြစ်ပြီး နောက်တစ်ကြိမ် ၃ လ ထပ်တိုးခွင့်ရှိလို့ အများဆုံး ၆ လ နေထိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

  • အခြားနိုင်ငံတွေမှာ Digital Nomad Visa ရရှိထားဖူးရင် သက်ညှာစဉ်းစားပေးမယ်လို့လည်း ဖော်ပြထားပါတယ်။

  • နိုင်ငံတွင်းက အလုပ်ကိုလုပ်မယ်ဆိုရင်တော့ Employment Gold Card သို့မဟုတ် Entrepreneur Visa ကို ပြောင်းလဲနိုင်ပါတယ်။ (ပြောင်းတာနဲ့ လက်ရှိရှိထားတဲ့ Digital Nomad Visa ရပ်ဆိုင်းသွားပါမယ်)

  • မိသားစုပါ ခေါ်ဆောင်လာနိုင်ပေမဲ့ အားလုံးဟာ အာမခံ ဝယ်ယူရမှာဖြစ်ပါတယ်။


ဒီဗီဇာအမျိုးအစားဟာ EU နိုင်ငံက သူတွေကို အဓိက ပစ်မှတ်ထား ဆွဲဆောင်တာဖြစ်ပြီး ဂျပန် နဲ့ တောင်ကိုးရီးယားနိုင်ငံ တွေကိုပါ ဆွဲဆောင်ချင်တာပါ။ ကျန်တဲ့ အိမ်နီးချင်းနိုင်ငံများကတော့ အဖြစ်သာသာပါပဲ။

ပြရတဲ့ ဝင်ငွေပမာဏလည်း အထူးများပြားတာမို့ တော်ရုံတော့ လက်လှမ်းမီဖို့ အတော်ကြိုးစားရနိုင်ပါတယ်။


ထိုင်ဝမ်ဟာ တရုတ်နိုင်ငံ ကနေ သီးခြားခွဲထွက်ရပ်တည်ဖို့ ကြိုးစားနေတဲ့နိုင်ငံငယ်တစ်ခု ဖြစ်ပေမဲ့ တိုးတက်ဖွံ့ဖြိုးမှုနဲ့ လွတ်လပ်မှုက ပြည်မနဲ့ အတော်ကွာခြားတာကြောင့် လာရောက်လည်ပတ်နေထိုင်ချင်ကြသူ အထူးများပြားတဲ့နေရာလည်းဖြစ်ပါတယ်။ Digtal Nomad Visa ဟာ ထိုင်ဝမ်မှာ ရေရှည်နေထိုင်ချင်သူတွေအတွက် အခွင့်အလမ်းတစ်ရပ်ဖြစ်နိုင်မယ်လို့ သုံးသပ်ထားကြပါတယ်။

279 views0 comments

Related Posts

See All

Comments


bottom of page