top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ဂျပန်နိုင်ငံ ဝင်ရောက်ခွင့်ကို ထိုင်းနိုင်ငံ အပါအဝင် (၇) နိုင်ငံ ကန့်သတ်

ဒီနိုင်ငံတွေက လာတဲ့ ခရီးသွားတွေကို ဂျပန်နိုင်ငံ ရောက်ရှိလာတဲ့အချိန်ကနေ ၁၄ ရက်အတွင်း ဂျပန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။


ဂျပန်နိုင်ငံအစိုးရက ထိုင်းနိုင်ငံ အပါအဝင် နဲ့ အခြား (၆) နိုင်ငံ ကို သွားရောက်ထားတဲ့ နိုင်ငံခြားသား ခရီးသွားတွေကို ဝင်ရောက်ခွင့် ကန့်သတ်လိုက်ပြန်ပါတယ်။ ဒီနိုင်ငံ (၇) နိုင်ငံ ဟာ လက်တလောမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ပြန်လည်မြင့်မားနေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒီကန့်သတ်မှုဟာ မေလ (၂၁) ရက် သောကြာနေ့ကနေ စတင် သက်ရောက်မှာ ဖြစ်ပြီး ထိုင်းနိုင်ငံ၊ ကမ္ဗောဒီးယားနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ဆေးရှဲနိုင်ငံ (အရှေ့အာဖရိကတွင်ရှိ)၊ စိန့်လူစီယာနိုင်ငံ၊ အရှေ့တိမောနိုင်ငံ နဲ့ မွန်ဂိုးလီးယားနိုင်ငံ တွေ ပါဝင်တယ်လို့ သိရပါတယ်။


ဒီနိုင်ငံတွေက လာတဲ့ ခရီးသွားတွေကို ဂျပန်နိုင်ငံ ရောက်ရှိလာတဲ့အချိန်ကနေ ၁၄ ရက်အတွင်း ဂျပန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ ဂျပန်နိုင်ငံမှာ မိသားစုရှိနေတဲ့ တရားဝင်နေထိုင်ခွင့် ရသူတွေကတော့ ချွင်းချက်အနေနဲ့ ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံသားတွေကတော့ ဒီအစီအစဉ်မှာ အကျုံးမဝင်ဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း ဒီနိုင်ငံတွေက ပြန်လာတဲ့ ဂျပန်နိုင်ငံသားတွေဟာလည်း ၆ ရက်တော့ ကွာရန်တင်းဝင်ကြရဦးမှာ ဖြစ်ပြီး ဆေးစစ်မှုများစွာကိုလည်း ပြုလုပ်ဖို့ လိုအပ်ဦးမှာပါ။ နိုင်ငံခြားသားတွေကတော့ ခု ကန့်သတ်လိုက်တဲ့ နိုင်ငံတွေအပြင် အိန္ဒိယ၊ ပါကစ္စတန်၊ နီပေါ၊ မော်ဒိုက် နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက လာတဲ့သူတွေပါ ကန့်သတ်ချက်မှာ အကျုံးဝင်ဦးမှာ ဖြစ်တယ်လို့ Japan Times က ဖော်ပြသွားပါတယ်။

40 views0 comments

Comments


bottom of page