
ကျွန်တော် နဲ့ ဖခင်များနေ့
ဟိုးငယ်ငယ်လေးတုန်းက ဖခင်များနေ့ဆိုတာ မပြောနဲ့ မိခင်များနေ့ဆိုတာတောင် သိပ်မသိခဲ့ဘူး။ နောက်တော့ မိခင်များနေ့ (တနည်း အမေများနေ့) က ၂၀၀၀ ခုနှစ်အလွန်မှာ လူတွေ သတိပြုမိလာတယ်။ လူငယ်ဖြစ်စ၊ ပြီးတော့ နိုင်ငံခြားဘာသာသင်တန်းတွေ စတက်ဖြစ်တဲ့အချိန်ဆိုတော့ မိခင်များနေ့နဲ့ ပတ်သက်တာကို ရင်းနှီးလာတယ်။ ဘဘဦးသုခ ရဲ့ မြန်မာအမေနေ့ သတ်မှတ်တာကိုပါ သတိထားမိလာတယ်။ မြန်မာလို့ အမေနေ့ကတော့ ပြာသိုလပြည့်နေ့ကို ယူခဲ့တယ်။ တစ်ကမ္ဘာလုံးအနေနဲ့ကတော့ ခရစ်ယာန်ဘာသာဝင်တွေ လက်ခံထားတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို မိခင်