Thiha Lu Lin

Aug 8, 20211 min

အာကာသခရီးစဉ်အတွက် လက်မှတ်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ နဲ့ ပြန်လည်ရောင်းချ

စိတ်ကူးယဉ်ကြတယ်ပဲပြောပြော အာကာသခရီးစဉ်အတွက် လွန်ခဲ့တဲ့ ၂၀၀၅ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အတွင်း Virgin Galactic အာကာသယာဉ် ခုံနေရာအတွက် ကြိုတင်ဝယ်ယူထားသူ ၆၀၀ ခန့် ရှိထားတယ်လို့ ဆိုပါတယ်။ သူတို့တွေက ယခုအပတ်အတွင်းမှာ ထုတ်ပြန်လိုက်တဲ့ ဈေးနှုန်းထက် နှစ်ဆခန့် သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ခဲ့ကြပြီး ခရီးစဉ်လက်မှတ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကနေ ၂၅၀,၀၀၀ ကြားသာ ပေးရပါတယ်။ အခုဈေးနှုန်းအသစ် ပြင်ဆင်မှုမှာတော့ အမေရိကန်ဒေါ်လာ ၄၅၀,၀၀၀ ဖြစ်သွားခဲ့ပြီး ဒါဟာ ဒီအာကာသယာဉ်ကို တည်ထောင်သူ Richard Branson ရဲ့ ကိုယ်တိုင် လိုက်ပါပျံသန်းခဲ့တဲ့ စမ်းသပ်ခရီးစဉ်အပြီးမှာ ပြင်ဆင်လိုက်တာလို့ သိရပါတယ်။

ဇိမ်ခံအသွင်အပြင်သဏ္ဍာန်နဲ့ အတွင်းခန်း ပုံစံ | Photo: Virgin Galactic

အာကာသယာဉ် ခရီးစဉ်တွေဟာ ဘီလျံနာသူဌေးတွေကြားက ပြိုင်ဆိုင်မှုကြီးတစ်ခု ဖြစ်ခဲ့ပြီး ဒီအတိုင်းသာ ဆိုရင်တော့ Virgin Galactic ဟာ သူ့ပြိုင်ဘက် Blue Origin ကို အနိုင်ရလိုက်ပြီလို့ ပြောဆိုစရာ ရှိလာပါတယ်။ ရောင်းတမ်းခရီးစဉ် အတည် မပြေးဆွဲသေးခင်မှာ ကနဦးစမ်းသပ်ခရီးစဉ်တွေကို ပြေးဆွဲစမ်းသပ်နေခဲ့ပြီး လာမဲ့ ၂၀၂၁ စက်တင်ဘာလ အတွင်းမှာလည်း Italian Air Force အဖွဲ့တွေ ပါဝင်တဲ့ စမ်းသပ်ခရီးစဉ်တစ်ခု ပြေးဆွဲဖို့ ရှိနေပါတယ်။ ဒီခရီးစဉ် အောင်မြင်ပြီဆိုရင်တော့ ပထမဦးဆုံး ရောင်းတမ်းခရီးစဉ်ကို လာမဲ့ ၂၀၂၂ ခုနှစ် ရဲ့ တတိယလေးလပတ် အလယ်လောက်မှာ ပြေးဆွဲသွားဖို့ ရှိတဲ့အကြောင်း ကုမ္ပဏီက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

    90
    0