မြန်မာ အပါအဝင် ၆၆ နိုင်ငံ ကို ဖူးခက်ကမ်းခြေ ကို လာလည်ခွင့်ပြုမယ့် Phuket Sandbox အစီအစဉ် စတင်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

မြန်မာ အပါအဝင် ၆၆ နိုင်ငံ ကို ဖူးခက်ကမ်းခြေ ကို လာလည်ခွင့်ပြုမယ့် Phuket Sandbox အစီအစဉ် စတင်

ဒီတနင်္လာနေ့ နေ့လည်က စလို့ Phuket Sandbox အစီအစဉ် အောက်ကနေ ထိုင်းနိုင်ငံ ပြည်ဝင်ခွင့် လျှောက်ထားနိုင်မဲ့ Certificate of Entry (COE) ကို စတင်လုပ်ဆောင်နိုင်ပြီလို့ Thailand Nation က ဖော်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်း ပြန်လည်မြှင့်တင်ဖို့ စတင်မယ့် ဖူးခက်ကမ်းခြေ ပြန်လည်ဖွင့်လှစ်တဲ့ အစီအစဉ်ကို Phuket Sandbox ကို အမည်ပေးထားပြီး ဒီအစီအစဉ်အတွက် ၆၆ နိုင်ငံ မှ ခရီးသွားတွေ လာရောက်လည်ပတ်နိုင်ဖို့ လျှောက်ထားနိုင်ပြီ ဖြစ်ပါတယ်။

Photo: The Thailand Nation

လက်ရှိမှာ Phuket Sandbox အစီအစဉ်အောက်ကနေ ဝင်ခွင့်လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ Albania, Andora, Antigua and Barbuda, Australia, Austria, Azerbaijan, Bahrain, Barbados, Belgium, Bhutan, Brunei, Bulgaria, Cambodia, Canada, Chile, China, Croatia, Cyprus, Czech Republic, Denmark, Dominica, Estonia, Finland, France, Germany, Greece, Hungary, Iceland, Ireland, Israel, Italy, Kuwait, Laos, Latvia, Lithuania, Luxembourg, Malta, Mauritius, Monaco, Morocco, Myanmar, The Netherlands, New Zealand, Norway, Poland, Portugal, Qatar, Romania, Russia, San Marino, Serbia, Singapore, Slovakia, Slovenia, South Korea, Spain, Sweden, Switzerland, Turkey, United Arab Emirates, United Kingdom, United States, Vietnam, Hong Kong, Macau နဲ့ Taiwan နိုင်ငံတွေ ပဲ ဖြစ်ပါတယ်။ ခွင့်ပြုနိုင်ငံ စာရင်းကို နိုင်ငံတွေရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု အခြေအနေပေါ်မူတည်ပြီး နှစ်လ တစ်ကြိမ် သုံးသပ်ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Photo: The Thailand Nation

Phuket Sandbox အစီအစဉ် အရ ၂၀၂၁ ခုနှစ် ဇူလိုင်လ (၁) ရက်နေ့မှာ ဖူးခက်ကမ်းခြေ ကို ကမ္ဘာ့ခရီးသွားတွေ ပြန်လည် လည်ပတ်နိုင်ဖို့ ဖွင့်လှစ်သွားမှာ ဖြစ်ပြီး အခြေအနေ (၂) မျိုး နဲ့ လည်ပတ်နိုင်မယ့် အစီအစဉ် အဖြစ် ကနဦး သတင်းထွက်ရှိခဲ့ပါတယ်။ လာရောက်မဲ့သူတွေက ခရီးမလာခင် ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံပြီးသားသူတွေ ဖြစ်ရပါတယ်။ ပြီးတဲ့အခါ ဖူးခက်ကျွန်းမှာ ၁၄ ရက်နေထိုင်ပြီးမှ ကျွန်းပြင် အခြားသော ထိုင်းနိုင်ငံ ဒေသများကို ခရီးဆက်သွားဖို့ ခွင့်ပြုသွားမှာ ဖြစ်ပါတယ်။ လာရောက်လည်ပတ်သူတွေဟာ ကွာရန်တင်း ဝင်ရောက်ဖို့ မလိုဘဲ ဖူးခက်ကျွန်းမှာ ၂ ပတ်တာ စိတ်ကြိုက်လည်ပတ်နိုင်ပါတယ်။ လာကတည်းက လေဆိပ်မှာ ၂ ပတ်စာ ဟိုတယ်အခန်းယူထားတဲ့ သက်သေ ပြသဖို့ လိုအပ်ပါလိမ့်မယ်။


ဒီအစီအစဉ် အောင်မြင်ခဲ့ရင် သိပ်မကြာခင်မှာ ထိုင်းနိုင်ငံ ရဲ့ အခြားခရီးသွားကျွန်းနဲ့ ဒေသများကို ဒီပုံစံအတိုင်း ပြုလုပ်နိုင်မယ့် အလားအလာရှိတယ်လို့ ဆိုပါတယ်။

23 views0 comments
bottom of page