မြန်မာနိုင်ငံသားတွေ ဗီဇာ ကြိုတင်လျှောက်ထားစရာ မလိုဘဲ လည်ပတ်နိုင်တဲ့ နိုင်ငံများ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

မြန်မာနိုင်ငံသားတွေ ဗီဇာ ကြိုတင်လျှောက်ထားစရာ မလိုဘဲ လည်ပတ်နိုင်တဲ့ နိုင်ငံများ

ကျွန်တော်တို့ တတိယကမ္ဘာနိုင်ငံကူးလက်မှတ် (Third World Passport) ကိုင်ဆောင်ရတဲ့ လူတွေဟာ ခွဲခြားနှိမ့်ချခံရမှုလေးတော့ အနည်းနဲ့အများ ရှိတယ်ပဲ ဆိုကြပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ရွေးချယ်ခွင့်မှ မရှိခဲ့တော့လည်း ဒီစာအုပ်လေးကိုင်ပြီး ကမ္ဘာပတ်ကြရတာပါပဲ။ ကမ္ဘာ့အဆင့်အနေနဲ့ ကျွန်တော်တို့ နိုင်ငံ ပတ်စပို့ကို အဆင့် ၉၇ သတ်မှတ်ထားပါတယ်။ ဗီဇာကင်းလွတ်ခွင့်ရတဲ့အနေအထားအဆင့်အရတော့ ၄၅ မှာ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသား ပတ်စပို့အနေနဲ့ နိုင်ငံခြားခရီးစဉ်တွေသွားရင် သီးသန့် ဗီဇာ လျှောက်ထားစရာ မလိုတဲ့ နိုင်ငံတွေ ရှိပါတယ်။ အဲ့ဒီတော့ ဗီဇာကြေး သီးသန့် မကုန်တော့ဘူးပေါ့။ ပတ်စပို့လေးကိုင် လေယာဉ်လက်မှတ်ဝယ်ပြီး တန်းသွားလို့ရတဲ့နိုင်ငံတွေကို စုစည်းကြည့်လိုက်တော့ နိုင်ငံပေါင်း (၁၆) ရှိပါတယ်။ ဒါက ၂၀၂၁ ခုနှစ် စာရင်းပဲ ဖြစ်ပါတယ်။


​စဉ်

​နိုင်ငံ

ရက်ပေါင်း​

မှတ်ချက်

​၁။

​Brunei

၁၄ ရက်

​၂။

​Cambodia

​၁၄ ရက်

​၃။

​Cook Islands

​၄။

​Dominica

၂၁ ရက်

​၅။

​Ecuador

​၆။

​Haiti

၉၀ ရက်

​၇။

​Indonesia

၃၀ ရက်

​၈။

​Laos

၁၄ ရက်

​၉။

​Micronesia

၃၀ ရက်

​၁၀။

​Montserrat

​၁၁။

Niue

​၁၂။

​Philippines

၃၀ ရက်

​၁၃။

Saint Vincent and the Grenadines

၁ လ

သက်တမ်းတိုးခြင်းအား ၆ လထိ ရယူနိုင်သည်။

၁၄။

​Singapore

၃၀ ရက်

​၁၅။

​Thailand

၁၄ ရက်

လေကြောင်းဖြင့် လာသောခရီးသွားများအတွက်သာ ဗီဇာကင်းလွတ်ခွင့်ပြုသည်။

​၁၆။

​Vietnam

၁၄ ရက်

သက်တမ်းတိုးနိုင်သည်။

သက်ဆိုင်ရာ သံရုံးကနေ ဗီဇာယူစရာ မလိုဘဲ တန်းသွားနိုင်တဲ့ နိုင်ငံ ဖြစ်ပေမဲ့ ဟိုရောက်မှာ လေဆိပ်မှာ ဗီဇာယူလို့ရတဲ့ နိုင်ငံတွေလည်း ရှိပါသေးတယ်။ လေဆိပ်ရောက်မှ ပြန်လွှတ်ရင်တော့ ကြုံတောင့်ကြုံခဲပေါ့လေ။ ဒီနိုင်ငံတွေကိုလည်း စုစည်းပေးလိုက်ပါတယ်။

စဉ်​

နိုင်ငံ

ရက်ပေါင်း

မှတ်ချက်​

​၁။

Armenia

၁၂၀ ရက်

​၂။

Bolivia

၉၀ ရက်

​၃။

​Cape Verde

​၄။

​Comoros

​၅။

​Guinea-Bissau

၉၀ ရက်

​၆။

​Iran

၁၅ ရက်

​၇။

​Jordan

​၈။

​Kenya

၃ လ

​၉။

​Macao

​၁၀။

​Madagascar

၃၀ ရက်

​၁၁။

​Malawi

၃၀ ရက်

ရက်ပေါင်း ၉၀ အထိ သက်တမ်းတိုးနိုင်သည်။

​၁၂။

​Maldives

၃၀ ရက်

​၁၃။

​Mauritania

၉၀ ရက်

​၁၄။

​Mauritius

၂ ပတ်

​၁၅။

​Mozambique

၃၀ ရက်

​၁၆။

​Nepal

၉၀ ရက်

​၁၇။

​Nicaragua

၉၀ ရက်

သက်တမ်းကို ၆ လ အထိ တိုးနိုင်သည်။

​၁၈။

​Rwanda

၃၀ ရက်

e-visa လည်းကြိုတင်လျှောက်ထားသွားနိုင်သည်။

​၁၉။

​Samoa

၆၀ ရက်

​၂၀။

​Senegal

​၂၁။

​Seychelles

၃ လ

အခမဲ့ထုတ်ပေးသည်။

​၂၂။

​Somalia

၃၀ ရက်

ဝင်ကြေး US$ 60 ငွေသားဖြင့်ပေးရသည်။

​၂၃။

​Tanzania

၃ လ

​၂၄။

​Timor-Leste

၃၀ ရက်

ဝင်ကြေး US$ 30 ပေးရသည်။ ဗီဇာဖောင်တင်ပေးရသည်။

​၂၅။

Togo

၇ ရက်

သက်တမ်းတိုးလိုလျှင် ရုံးသို့သွားလျှောက်ရပြီး ရက်ပေါင်း ၉၀ ထိ ရသည်။

​၂၆။

​Tuvalu

၁ လ

ဝင်ကြေး US$ 100 ပေးရသည်။

​၂၇။

​Uganda

၃ လ

e-visa လည်း ကြိုတင်လျှောက်ထားသွားနိုင်သည်။

​၂၈။

Zambia

၉၀ ရက်

e-visa လည်း ကြိုတင်လျှောက်ထားသွားနိုင်သည်။

ဒီနိုင်ငံတွေကတော့ လက်ရှိ ၂၀၂၁ မှာ ဗီဇာသီးသန့် ယူနေစရာ မလိုဘဲ မြန်မာနိုင်ငံသားပတ်စပို့နဲ့ ခရီးသွားနိုင်မယ့်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကျန်နိုင်ငံများကတော့ အွန်လိုင်းကနေ e-Visa ဖြစ်ဖြစ်၊ သက်ဆိုင်ရာနိုင်ငံ သံရုံး သို့မဟုတ် လုပ်ပိုင်ခွင့်ပြုထားတဲ့ အေဂျင်စီ တွေကနေ တဆင့် လျှောက်ထားကြရမှာ ဖြစ်ပါတယ်။ နှစ်အလိုက်၊ အခြေအနေအလိုက် အမျိုးမျိုး ပြောင်းလဲနိုင်တာကိုတော့ သတိပြုစေချင်ပါတယ်။ ဒါကြောင့် ကိုယ်သွားခါနီးမှာတော့ တစ်ချက်လေး သေချာအောင် Update ပြန် စစ်ဆေးစေချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


228 views0 comments
bottom of page