Thiha Lu Lin

Jan 8, 20181 min

ခရီးသွားနေတဲ့ အမျိုးသမီးတွေ အသားအရေထိန်းဖို့ဆိုရင်…

Updated: May 29, 2020

ခရီးသွားခြင်းက တကယ်တော့ ကိုယ့်ရဲ့အသားအရေကို ထိခိုက်ပျက်စီးမှု ဖြစ်စေတတ်တယ်ဆိုတာ သတိပြုစရာပါ။ သွားလာရတဲ့ ခရီးစဉ်ပေါ်မူတည်ပြီး ထိတွေ့ရတဲ့ လေ၊ ရေ၊ နေ နဲ့ ညစ်ညမ်းမှုအမျိုးမျိုးဟာ အသားအရေကို ထိခိုက်ပျက်စီးစေတဲ့ အဓိက တရားခံတွေပဲ ဖြစ်ပါတယ်။ အမျိုးသားတွေကတော့ ဒါတွေ သိပ်ဂရုမစိုက်တတ်ကြလို့ ခရီးသွားများတဲ့ အမျိုးသားတွေ အသားအရေမဲညစ်နေတတ်တာ၊ စိုပြေဝင်းပမှု နည်းပါးတာတွေ တွေ့ရပါတယ်။ အမျိုးသမီးတွေကတော့ ထိန်းသိမ်းဂရုစိုက်တဲ့ နည်းလမ်းတချို့ကြောင့် အဆင်ပြေပြေဖြစ်နေတတ်တာ သတိထားမိပါတယ်။


 
အမျိုးသမီးခရီးသွားတွေ ဘယ်လိုအသားအရေထိန်းကြသလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ ခရီးများများသွားလေ အသားအရေပျက်စီးနိုင်ချေများလေမို့ သူတို့ထိန်းသိမ်းရတာမှာလည်း ဝန်ထုပ်ဝန်ပိုးတစ်ခုတော့ ဖြစ်စေတတ်ပါတယ်။ ခရီးသွားရင် အလှကုန်တွေအများကြီးသယ်သွားဖို့ကလည်း သိပ်မဖြစ်နိုင်တတ်ဘူးလေ။

မျက်နှာအသားအရေ ဒီအတွက်ဆိုရင် အစိုဓါတ်ထိန်းသိမ်းပေးတဲ့ moisturizing cream တွေ သုံးပေးသင့်တယ်။ ဒါမှလည်း အသားအရေရဲ့ အစိုဓါတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အသားအရေကိုလည်း ကြည်လင်နေစေမှာပါ။ နေလောင်ခံဖို့ sunscreen တွေလည်း သုံးပေးမှ အသားအရေကို ညိုမဲသွားစေပြီး အန္တရာယ်လည်းရှိတဲ့ UVA နဲ့ UVB တို့ကို ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။

ခန္ဓာကိုယ်အရေပြား ဒီနေရာမှာတော့ အရေးကြီးဆုံးက နေလောင်မခံရဖို့ နေရောင်ဒါဏ်ကာကွယ်တဲ့ sunscreen တွေ တစ်ကိုယ်လုံးအနှံ့လိမ်းပြီး ကာကွယ်ထိန်းသိမ်းဖို့ပါ။ နှစ်နာရီခြားတစ်ခါ၊ သုံးနာရီခြားတစ်ခါ လိုမျိုး လိမ်းပေးနေသင့်တယ်လို့ ဆိုကြပါတယ်။

ဆံကေသာ တွေ့ကရာခေါင်းလျှောက်ရည်နဲ့ လျှော်နေတော့မှာလား။ ဒါဆိုရင်တော့ ဆံကေသာရဲ့ ရေရှည်ကျန်းမာရေးအတွက် စိတ်မချရတော့ဘူး။ ခရီးသွားတဲ့အခါမှာ ဆံပင်ကို အရမ်းသန့်စင်သွားစေပါတယ်ဆိုတဲ့ ခေါင်းလျှော်ရည်မျိုး၊ ဖောက်တွေ တစ်ခါတည်းရှင်းလင်းသွားစေနိုင်တယ်ဆိုတဲ့ ခေါင်းလျှော်ရည်မျိုးကို သတိထား အသုံးပြုရမှာပါ။ ဒီလို သန့်စင်အားကောင်းတဲ့ ခေါင်းလျှော်ရည်တွေမှာ ပြင်းအားများတဲ့ သန့်စင်ဆေးရည်တွေ ပါဝင်နေတတ်လို့ ခရီးသွားရင်းအသုံးပြုတာ မသင့်လျော်ပါဘူး။ ဆံသားကို ပြန်ပြီး ပြုပြင်ပေးတဲ့ ခေါင်းလျှော်ရည်မျိုး၊ ပရိုတိန်းပေါင်းစပ် ပါဝင်တဲ့ ခေါင်းလျှော်ရည်မျိုးက ပိုပြီး သင့်လျော်တယ်လို့ အကြံပြုထားပါတယ်။ ပရိုတိန်းကြောင့် ဆံသား ပိုပြီးကြံ့ခိုင်လို့ ခရီးများများသွားတဲ့တိုင်အောင် ဆံကေသာကို သန်စွမ်းလှပနေစေပါမယ်။

လက်နဲ့ လက်သည်းများ လက်နဲ့ လက်သည်းတွေ ကျန်းမာသန်စွမ်းနေဖို့ဆိုရင်တော့ အစားအစာအုပ်စု (၅) မျိုးကို အမြဲချိန်ညှိလို့ စားသုံးတတ်ဖို့ အထူးလိုအပ်ပါတယ်။အစားအစာအုပ်စု (၅) မျိုးဆိုတာက..

  • အသီးအရွက်နဲ့ ပဲအမျိုးမျိုး

  • သစ်သီးဝလံ

  • အစေ့အဆံနဲ့ အမျှင်ဓါတ်ကြွယ်ဝတဲ့ အနှံအမျိုးမျိုး

  • အသားအမျိုးမျိုး၊ ငါး၊ ကြက်ဥ၊ တို့ဖူး၊ မြေပဲ၊ အစေ့နဲ့ ပဲအမျိုးမျိုး

  • နို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ အဆီထုတ်ထားပြီးသား နို့ထွက်ပစ္စည်းအမျိုးမျိုး

တို့ကို ဆိုလိုတာပါ။ ဒါတွေကို ချိန်ညှိစားတတ်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ ခရီးသွားတဲ့အခါမှာ လက်လိမ်းတဲ့ hand cream တွေကို အသုံးပြုပြီး အစိုဓါတ်ကို ဖြည့်တင်းပေးသင့်ပါတယ်။

နှုတ်ခမ် းLip Balm လေးတွေ ဆိုးပေးပြီး နှုတ်ခမ်းသားအစိုဓါတ်ကို ဖြည့်တင်းထားဖို့ လိုပါတယ်။ ဒါကို ညအိပ်ရာဝင်ရင်လည်း ပြုလုပ်သင့်သလို တစ်နေ့တာလုံးမှာလည်း နှုတ်ခမ်းသားညိုမည်းမသွားစေဖို့ ဆိုးထားပေးသင့်ပါတယ်။ နေ့ခင်းပိုင်းမှာ နေရောင်ခြည်နဲ့ ထိတွေ့လို့ နှုတ်ခမ်းသားညိုမည်းသွားတာကို ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။

အသားအရေကို ထိန်းသိမ်းဖို့ ဆောင်ရွက်သင့်တာအပြင် ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ် ပိုပြီး ကောင်းမွန်စေဖို့ နေ့စဉ် အနည်းဆုံး မိနစ် (၃၀) လောက် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု လုပ်ဆောင်သင့်ပါတယ်။ ဒါ့အပြင် ပရိုတိန်းပါဝင်တဲ့ အရည် တစ်မျိုးမျိုးကိုလည်း သောက်သုံးပေးသင့်ပါတယ်လို့ အကြံပြုထားပါတယ်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

    210
    0