Search
  • Thiha Lu Lin

နိုင်ငံခြားသားကန့်သတ်နယ်မြေ ထပ်တိုးများ

Updated: May 7


ဒီဇင်ဘာလ (၂၃) ရက်၊ ၂၀၁၆ နေ့စွဲနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က နိုင်ငံခြားသားတွေ သွားလာခွင့်ရှိတဲ့ မြန်မာပြည်တွင်းက နေရာတွေကို ထပ်မံကန့်သတ်လိုက်တယ်လို့ သိရပါတယ်။ သတင်းမီဒီယာတွေကလည်း ဖော်ပြကြပေမဲ့ အတိအကျဖော်ပြမှု မရှိလို့ ခရီးသွားချစ်သူတွေကို ဝေမျှချင်နေတာ ကြာပါပြီ။ တခြားအလုပ်ကိစ္စတစ်ခုနဲ့ ရှုပ်နေလို့ ခုမှပဲ ပြန်ပြီး တင်ပြခွင့်ရတယ်။ သိပြီးရင်တော့လည်း ကျော်သွားပေးပါ။ မသိသေးရင်တော့လည်း မှတ်ထားလို့ရတာပေါ့ဗျာ။ (၁) ကချင်ပြည်နယ် - လွယ်ဂျယ်၊ ဒေါ့ဖုန်းရန်၊ ဆဒုံး၊ ကန်ပိုက်တီ၊ ပန်နန်းဒင်၊ ကာမိုင်း၊ ရှင်ဗွေယန်၊ ပန်ဝါ။ (၂) ကရင်ပြည်နယ် - ဖာပွန်၊ လှိုင်းဘွဲ့၊ ရှမ်းရွာသစ်၊ စုကလိ၊ ဝေါလေမြိုင်၊ သံတောင်ကြီး၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်။ (၃) စစ်ကိုင်းတိုင်းဒေသကြီး - ကသာ၊ ဗန်းမောက်။ (၄) တနင်္သာရီတိုင်းဒေသကြီး - ကော့သောင်း (ခမောက်ကြီး)။ (၅) ပဲခူးတိုင်းဒေသကြီး - ထန်းတပင်၊ ကျောက်ကြီးမြို့၊ ကျောက်ကြီးမြို့နယ် (မုန်း)။ (၆) မန္တလေးတိုင်းဒေသကြီး - မိုးကုတ်၊ သပိတ်ကျင်း၊ ပြင်ဦးလွင် (ကျွန်းတိုင်၊ ညောင်ကုန်း၊ သပြေချောင်း၊ မိုးကြိုးပစ်၊ ပုတီးကုန်း၊ နောင်ပိန်၊ မဲတော)။ (၇) ရခိုင်ပြည်နယ် - ဘူးသီးတောင်၊ မောင်တော (တောင်ပြိုလက်ဝဲ)၊ ပလက်ဝ၊ စစ်တွေ (IDP) Camp ၁၅ ခု၊ ရသေ့တောင် (IDP) Camp ၄ ခု၊ ပေါက်တော (IDP) Camp ၄ ခု၊ ကျောက်တော် (IDP) Camp ၁ ခု၊ မြေပုံ (IDP) Camp ၁ ခု၊ ကျောက်ဖြူ (IDP) Camp ၁ ခု၊ ရမ်းဗြဲ (IDP) Camp ၁ ခု။ (၈) ရှမ်းပြည်နယ် (မြောက်ပိုင်း) - မိုင်းငေါ့၊ မိုင်းလုံ၊ ချင်းရွှေဟော်၊ ဟိုပန်၊ နမ့်တစ်၊ ပန်လုံ၊ မော်ထိုက်၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ မန်ကန်။ (၉) ရှမ်းပြည်နယ် (အရှေ့ပိုင်း) - မိုင်းခတ်၊ မိုင်းယန် (မိုင်းပေါက်)၊ မိုင်းလား၊ မိုင်းပျဉ်း (တုံတာ)၊ မိုင်းဖြတ်၊ မိုင်းယောင်း (မိုင်းယု)။ (၁၀) ရှမ်းပြည်နယ် (တောင်ပိုင်း) - ဆီဆိုင်၊ လွိုင်လင် (မိုင်းပွန်)။ ဒါတွေက ထပ်ပြီး တားမြစ်တဲ့နယ်မြေတွေ၊ အရင်ကတည်းက တားမြစ်ထားပြီးသားတွေလည်း ရှိသေးတယ်။ အရမ်းများလို့ နောက်များအချိန်ရမှပဲ တင်ပါရစေ။ ခု နေရာတွေမှာ နာမည်ကျော်နေရာတချို့လည်း ပါသွားလို့ သတိပြုနိုင်အောင်ပါ။

#TravellinginMandalay #Traveller

0 views
About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter