Search
  • Thiha Lu Lin

ခရီးသွားတွေအတွက် Action Cam

Updated: May 7


ပွင့်လင်းရာသီရောက်လာတော့ ခရီးသွားလို့ ကောင်းပြီလေ။ ဒီတလော ခရီးသွားချင်စိတ်က ထိန်းမရအောင်ပေါ်နေတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတောင် ဒီအကျင့်က မရသေးဘူး။ ခုတော့ အကျင့်လုပ်ပေးကောင်းလို့ ဒီဇင်ဘာလလောက်ဆို ဖင်တကြွကြွနဲ့ ပိတ်ရက်ရှာပြီး ခရီးထွက်ဖို့ပဲ ချောင်းနေတော့တာ ကျွန်တော် မောင်သီဟ ပါ။ ခါတိုင်း ခရီးထွက်ရင်တော့ စမတ်ဖုန်းကင်မရာလေးနဲ့ အတော်ကျေနပ်နေခဲ့တာ။ ခုတော့ လူတိုင်းက ကင်မရာကြီးတွေ၊ ဖုန်းတွေအစား၊ ကင်မရာသေးသေးလေးတွေနဲ့ အရည်အသွေးကောင်းကောင်း ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်နေကြပြီ။ ဈေးလေးတွေကလည်း ခပ်မြောက်မြောက်ဆိုတော့ သိပ်မမှန်းရဲလှဘူး။ လိုချင်တာတော့ လိုချင်တာပေါ့နော်။ ကိုယ်ကလည်း ခရီးသွားစာတိုပေစလေးတွေ ရေးချင်တဲ့ လက်ယားလေးလည်း ရှိနေတော့ ပုံလှလှ၊ ဗီဒီယိုမိုက်မိုက်တွေ ပြချင်တာပေါ့။ ဟိုတလောကတည်းက Review လေးတွေ ဖတ်နေ ကြည့်နေတာ ဘာဝယ်မလဲပေါ့။ နည်းပညာတွေကလည်း နေ့တိုင်းအသစ်ထွက်နေတာ။ လိုက်မီချင်ရင် နောက်က ငဝိုင်းလေးကလည်း လိုက်ရတယ်လေ။ ဒီနေ့သစ်ပြီးနောက်နေ့ဟောင်းမယ်ဆိုတာ သိပေမဲ့ မရှောင်နိုင်ဘူး လိုချင်ဝယ်ချင်တော့ နည်းပညာတူ၊ အရည်အသွေးကောင်း၊ ဈေးနှုန်းသက်သာတာမျိုး ရှာကြည့်မိတော့ Yi Action Camera လေးတွေ့တယ်။ Review လေးတွေကောင်းတယ်။ 4K Action Camera လေးက အသစ်ထွက်ထားတာ Action Cam 2 လို့ ခေါ်ကြတယ်။ သဘောကျမိတာ ဈေး။ ကိုယ်ဝယ်ဖို့ကြည့်နေတာနဲ့ တစ်ဝက်လောက်ကွာပေမဲ့ အရည်အသွေးက ယှဉ်နိုင်တယ်။ ဒီတော့ကြွေပြီလေ။ ဈေးနှုန်းက မူရင်း Selfie Stick ပါ အပါကိုမှ ၃၅၀,၀၀၀ ကျပ်တည်း။ တရားဝင်ကိုယ်စားလှယ်က Warranty 1 Year ပေးသေးတော့ ပိုကောင်း။ နောက်မှပဲ သုံးနည်းစွဲနည်းတွေ တင်တော့မယ်။ ခရီးအတွက် ဘယ် feature တွေက ဘာတွေအသုံးတည့်တယ်ဆိုတာတွေရောပေါ့။ 4K အရည်အသွေး ကင်မရာတစ်လုံးမို့ ခရီးသွားရင်းမှတ်တမ်းတင်ဖို့ စိတ်ကြိုက်ပုံဖော်နိုင်တော့ မောင်သီဟ ရဲ့ ရှေ့လာမယ့် ခရီးစဉ်တွေကို ဓာတ်ပုံကောင်း၊ ဗီဒီယိုကောင်းတွေ တင်ပြီး ခရီးစဉ်အကြောင်းလေးတွေရေးပါတော့မယ်ဗျို့။ ဘယ်မှာဝယ်ရလဲ မေးမှာစိုးလို့ ကြိုပြောပါမယ်။ ဆိပ်ကမ်းသာလမ်းနားမှာ ရှိတဲ့ Remax ဆိုင်၊ စံပြမှတ်တိုင်နားက Remax ဆိုင်၊ ယုဇနပလာဇာက Remax ဆိုင်၊ လှည်းတန်းက Remax ဆိုင်၊ ရှိသေးတယ် မမှတ်တော့လို့၊ အဲ့ဒီ Remax ဆိုင်တွေမှာသာ သွားဝယ်ချေနော်။

#Yi #YiActionCam #Waterproof #Review #Gadget #Technology #Traveller #TravelAccessory #AccessoriesforTraveller #Remax

0 views
About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter