Thiha Lu Lin

May 12, 20211 min

ထိုင်းနိုင်ငံ ရဲ့ ကပ်ကာလအလွန် ခရီးသွားလုပ်ငန်း အဆင့်ဆင့် ကြိုတင်စီမံမှုများ

ထိုင်းနိုင်ငံ ဟာ ခရီးသွားလုပ်ငန်း အောင်မြင်နေတဲ့ နိုင်ငံ ဖြစ်တဲ့အားလျော်စွာ ကိုဗစ်ကပ်ကာလအလွန် ခရီးသွားလုပ်ငန်း ရေချိန် ချက်ချင်းပြန်တက်လာနိုင်ဖို့အတွက် ကြိုတင်အစီအမံများ ဆောင်ရွက်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ကြိုတင်ရေးဆွဲပြင်ဆင်ထားတဲ့အတိုင်း တဆင့်ချင်းဖော်ထုတ်လုပ်ဆောင်သွားဖို့ရှိပြီး လက်ရှိစီမံကိန်းအရ -

ဘန်ကောက်အနီး ဟွာဟင်းဒေသ က ဘုရင့်နွေရာသီစံအိမ်
  • ဧပြီလ (၁) ရက် ၂၀၂၁ ခုနှစ် က စလို့ ထိုင်းနိုင်ငံ လာရောက်ကြတဲ့ ခရီးသွားတွေအတွက် ကွာရန်တင်း (Quarantine) နေရမဲ့ ရက်ကို ၁၄ ရက်ကနေ ၁၀ ရက်ကို လျှော့ချလိုက်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာဖရိကနိုင်ငံတွေက လာရောက်တဲ့ဧည့်သည်တွေကတော့ ဒီသတ်မှတ်ချက်မှာ အကြုံးမဝင်သေးဘူးလို့သိရပါတယ်။

  • ထိုင်းနိုင်ငံရဲ့ နာမည်ကျော်ခရီးသွားဒေသတွေဖြစ်တဲ့ ချင်းမိုင်၊ ကော့စမွီ၊ ခရာဘီ၊ ပတ္တရား၊ ဖန်နား နဲ့ ဖူးခက် တို့ကိုတော့ စောနိုင်သမျှစောအောင် (လာမဲ့လ လို့ ရည်မှန်း) ပြန်ဖွင့်သွားဖို့ ပြင်ဆင်နေပါပြီ။ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ခရီးသွားများသာ လက်ခံမှာဖြစ်ပြီး ကွာရန်တင်း (Quarantine) ၇ ရက်တော့ မဖြစ်မနေ ဝင်ကြရဦးမှာ ဖြစ်ပါတယ်။

  • ဇူလိုင်လ (၁) ရက် ၂၀၂၁ ခုနှစ်မှာတော့ ကာကွယ်ဆေးထိုးနှံပြီးတဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ဖူးခက်ဒေသကို ကွာရန်တင်း (Quarantine) ဝင်စရာမလိုတော့ဘဲ သွားလည်နိုင်ဖို့ ပြင်ဆင်နေကြပါတယ်။

  • ဒီအခြေအနေတွေ အကုန်လုံး အဆင်ချောခဲ့ရင် လာမဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှာတော့ ကွာရန်တင်း (Quanrantine) ဝင်စရာမလိုတော့ဘဲနဲ့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ချင်းမိုင်၊ ကော့စမွီ၊ ခရာဘီ၊ ပတ္တရား၊ ဖန်နား နဲ့ ဖူးခက် ဒေသတွေကို လာရောက်လည်ပတ်သွားနိုင်မယ်လို့ သိရပါတယ်။

  • လာမဲ့ ၂၀၂၂ မှာတော့ ထိုင်းနိုင်ငံ ဒေသအားလုံးကို ကွာရန်တင်း (Quarantine) ဝင်စရာမလိုဘဲ သွားလာနိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံအစိုးရ ကတော့ ထိုင်းခရီးသွား ပြန်ဖွင့်မဲ့ စီမံကိန်း ကို အတည်ပြုလိုက်ပါပြီ။ ဇူလိုင်လ (၁) ရက်နေ့မှာ ဖူးခက် နဲ့ အောက်တိုဘာလ (၁) ရက်နေ့မှာ ခရီးသွားဒေသအချို့တို့ကို ကွာရန်တင်းဝင်စရာမလိုဘဲ ကာကွယ်ဆေးထိုးနှံထားတဲ့ ခရီးသွားတွေ လည်ပတ်နိုင်ကြတော့မှာပါ။ သို့ပေမဲ့လည်း လာမဲ့ ၂၀၂၂ မတိုင်ခင်ထိ တစ်နိုင်ငံလုံး သွားလည်လာပတ်နိုင်မဲ့ အစီအစဉ်ကိုတော့ မျှော်လင့်လို့ မရသေးဘူးလို့ သုံးသပ်ထားကြပါတယ်။

    160
    0