Thiha Lu Lin

May 12, 20211 min

ခရီးသွား ဖြေလျှော့မှုတွေ လုပ်လာတဲ့ နီပေါနိုင်ငံ

ဧဝရတ်ရေခဲတောင်တက်ခရီးစဉ် ကျော်ကြားတဲ့ နီပေါနိုင်ငံ Photo by Guillaume Baviere from Uppsala, Sweden via Wikimedia Commons
ကျန်းမာရေးစစ်ဆေးချက်က ပိုးမတွေ့ဘူး ဆိုရင် လွတ်လွတ်လပ်လပ် ခရီးဆက်နိုင်မယ်။ အကယ်လို့ ပိုးတွေ့ခဲ့မယ် ဆိုရင်တော့ ကိုယ့်စရိတ်နဲ့ကိုယ် ဟိုတယ်မှာ ကွာရန်တင်း ဝင်ဖို့ လိုပါမယ်။

နီပေါနိုင်ငံ ဟာ လူမှုယဉ်ကျေးမှုနဲ့ သဘာဝဝန်းကျင်အလှတွေကြောင့် ကမ္ဘာနဲ့အဝှမ်းက ခရီးသွားတွေကို လာချင်စိတ်ဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။ ကပ်ရောဂါ ကာလအတွင်းမှာ နီပေါနိုင်ငံ ကို အလည်အပတ်သွားဖို့ ပိတ်ပင်ခဲ့ပေမဲ့ အခုအခါမှာတော့ နီပေါအစိုးရက ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးလိုက်ပြီး ခရီးသွားလုပ်ငန်း ကို ပြန်လည် ပံ့ပိုးပေးထို့ ပြင်ဆင်လိုက်ပုံပါပဲ။ လာရောက်လည်ပတ်သူခရီးသွားတွေဟာ အရင်က ချမှတ်ထားတဲ့ ကွာရန်တင်းဝင်ရမဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်ဖို့ မလိုအပ်တော့ပါဘူး။ ဒါပေမဲ့ ကိုဗစ်ကာကွယ်ဆေးကိုတော့ ၂ ကြိမ် အပြည့်အစုံထိုးနှံပြီးသူ ဖြစ်ဖို့ အသေအချာ လိုအပ်ပါတယ်။

ဒီခရီးသွားလမ်းညွှန်ချက်အသစ်ကို မကြာမီရက်ပိုင်းအတွင်းက နီပေါနိုင်ငံရဲ့ ခရီးသွားဝန်ကြီးဌာန ရဲ့ ဝက်ဘ်ဆိုက် ကနေ ကြေငြာခဲ့တာဖြစ်ပြီး လာရောက်မဲ့ ခရီးသွားတွေဟာ PCR စစ်ဆေးချက် Negative ဖြစ်ကြောင်းကို မလာရောက်မီ ၃ ရက်ကြိုတင် သတင်းပေးပို့ရပါတယ်။ ကာကွယ်ဆေး ၂ ကြိမ်အပြည့်အစုံထိုးနှံထားကြောင်း သက်သေခံလက်မှတ်တွေလည်း ပြသပေးရပါဦးမယ်။ နီပေါ ကို ရောက်တဲ့အခါမှာလည်း ရောက်ရောက်ချင်း PCR စစ်ဆေးမှုကို ထပ်မံ ခံယူရဦးမှာပါ။ အဖြေထွက်တဲ့အထိကို ဟိုတယ်မှာ သီးခြား နေထိုင်စောင့်စားရပါမယ်။ စစ်ဆေးချက်အဖြေဟာ Negative ဖြစ်ခဲ့ရင် ကိုယ့်ရဲ့ ခရီးစဉ်ရေးဆွဲထားတဲ့အတိုင်း သွားလာလည်ပတ်နိုင်ပြီး၊ Positive ဖြစ်ခဲ့ရင်တော့ ဟိုတယ်မှာ ကိုယ့်စရိတ်နဲ့ကိုယ် ကွာရန်တင်းဝင် နေထိုင်ကြရမှာ ဖြစ်ပါတယ်။

နီပေါ ကို အလည်လာသူတွေဟာ မိမိနိုင်ငံမှာ ရှိတဲ့ သံရုံးတွေကတဆင့် ဗီဇာလျှောက်ထားရယူနိုင်ပြီး သံရုံးနဲ့ ဝန်ဆောင်မှုပေးတဲ့ အဖွဲ့အစည်းမရှိတဲ့ဒေသက ခရီးသွားတွေကတော့ ဆိုက်ရောက်ချိန်မှာ On-arrival Visa ကို Kathmandu Tribhuvan International Airport မှာ လျှောက်ထားရယူနိုင်ပါလိမ့်မယ်။ ဗီဇာလျှောက်ထားချိန်မှာ နီပေါက ဟိုတယ်ဘွတ်ကင် ယူထားမှု၊ ကာကွယ်ဆေးအပြည့်အစုံထိုးနှံပြီးကြောင်း သက်သေခံလက်မှတ်၊ PCR စစ်ဆေးမှု Negative ဖြစ်ကြောင်း အသိအမှတ်ပြုလက်မှတ်တွေနဲ့ ခရီးသွားအာမခံ တွေကို တင်ပြရမယ်လို့ ဆိုပါတယ်။

    120
    0