Thiha Lu Lin

Mar 30, 20211 min

ထိုင်းနိုင်ငံ ဖူးခက်ကမ်းခြေ ကို ၃ လ ကြို၍ ခရီးသွားလက်ခံမည်ဟုဆို

ခရီးသွားလုပ်ငန်းကနေ ဝင်ငွေအများဆုံးရှာဖွေနိုင်တဲ့ ထိုင်းနိုင်ငံ ဟာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ လာမဲ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ မှာ ခရီးသွားပြန်လည်လက်ခံသွားဖို့ ရည်ရွယ်ထားပါတယ်။ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံထားတဲ့ ခရီးသွားဧည့်သည်တွေကို ကွာရန်တင်း (Quarantin) ကာလ ၂ ပတ် ကနေ ၇ ရက် လျှော့ချပေးဖို့ကိုလည်း ဆွေးနွေးလျက်ရှိပါတယ်။ ၁၀ ရက်ထိတော့ ဖြစ်နိုင်ချေ ရှိမယ်လို့ သိရပါတယ်။

photo: Jeremy Zero

ထိုင်းနိုင်ငံ အနေနဲ့ ကမ္ဘာကျော် ဖူးခက်ကမ်းခြေ ကိုတော့ လာမဲ့ ဇူလိုင်လ အတွင်းမှာ ဖွင့်လှစ်သွားဖို့ အသင့်ပြင်ဆင်ထားပြီး ဒါဟာ နိုင်ငံရဲ့ အခြားဒေသတွေထက် နိုင်ငံတကာခရီးသွားလက်ခံမှုကို ၃ လ စောပြီး လက်ခံသွားမယ့်သဘော ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသွားတွေအနေနဲ့ ကာကွယ်ဆေးထိုး နှစ်ကြိမ်ပြည့်အောင် ထိုးနှံထားဖို့ လိုအပ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ ရဲ့ ဖူးခက်ကမ်းခြေ ဖွင့်တဲ့အခါ အများဆုံးလာရောက်ကြမဲ့ခရီးသွားတွေကတော့ တရုတ်ခရီးသွားတွေ ဖြစ်တာ သေချာသလောက်ရှိတယ်လို့လည်း သတင်းတစ်ပုဒ်က ဖော်ပြပြန်ပါတယ်။

သတင်းတစ်ပုဒ်မှာတော့ ခရီးသွားလာရောက်သူတွေဟာ ဒီဂျစ်တယ်လက်ပတ် ကို ဝတ်ဆင်ကြဖို့ လိုအပ်ပြီး ဒီလက်ပတ်ကနေတဆင့် ခရီးသွားတစ်ဦးချင်းဆီရဲ့ ကျန်းမာရေးအနေအထားကို မှတ်တမ်းယူနေမှာ ဖြစ်ပါတယ်။ ခရီးသွားတွေရဲ့ ကိုယ်အပူချိန်၊ သွေးခုန်နှုန်း စတာတွေအပြင် လည်ပတ်တဲ့နေရာတွေကအစ GPS ကနေ တဆင့် မှတ်တမ်းယူနေမှာ ဖြစ်ပါတယ်။ ဒီလက်ပတ်တွေဟာ ပင်လယ်ထဲ သွားလည်နေချိန်မှာတောင် သတင်းပို့နိုင်မှာ ဖြစ်ပြီး ၆ မိုင်အကွာကနေ သတင်းအချက်အလက်တွေ ရယူနိုင်မယ်လို့ ဆိုပါတယ်။

    860
    0