Thiha Lu Lin

Feb 24, 20211 min

ပြည်ဝင်ခွင့်/ပြည်ထွက်ခွင့် ကတ်များ ပြန်ဖြည့်ရပါဦးမယ်

Updated: Mar 24, 2021

ကိုဗစ်ရောဂါအခြေအနေကတော့ ဘယ်လိုနေမယ် မသိသေးပေမဲ့ နိုင်ငံခြားသွားခွင့် ရပြီဆိုရင် ဟိုးတုန်းကလို ကျွန်တော်တို့တွေ Arrival Card တွေ Departure Card တွေ လေယာဉ်ပျံ စီးပြီး ခရီးသွားတဲ့အခါ ပြန် ဖြည့်ကြရတော့မှာပါ။ ဒီစနစ်ကို လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန က ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အခု ပြန်လည်လုပ်ဆောင်ရမှာကိုတော့ လာမဲ့ ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စတင်မယ်လို့ အစိုးရသတင်းစာတွေမှာ ဖော်ပြပါတယ်။ အရင်ကလိုပဲ နိုင်ငံခြားသားတွေ သာမက မြန်မာနိုင်ငံသားတွေပါ ဖောင်ဖြည့်ကြရမှာ ဖြစ်ပါတယ်။

Arrival Card/Departure Card ဆိုတာ ပြည်ဝင်၊ ပြည်ထွက်တဲ့အခါ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေ၊ တည်းခိုနေထိုင်ရာလိပ်စာ၊ ဖုန်း၊ နေထိုင်တဲ့နိုင်ငံရဲ့ လိပ်စာ၊ ဘာကြောင့်လာသလဲ၊ ဘယ်ကိုသွားမလဲ၊ လေယာဉ်အမှတ်ဘယ်လောက်၊ ဘယ်နှရက်နေထိုင်မလဲ စတာတွေကို ဖော်ပြရတာ ဖြည့်သွင်းရတာဖြစ်ပါတယ်။ UK ကတော့ ဒီစနစ်ကို ၂၀၁၉ ခုနှစ်မှာ ဖယ်ရှားခဲ့ပြီး ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအချို့မှာ ဒီစနစ်ကို ကျင့်သုံးဆဲ ဖြစ်ပါတယ်။ အလည်လာတဲ့အခါ အဝင်အတွက် Arrival Card ရော Departure Card ရော တပြိုက်နက်ဖြည့်သွင်းထားရတာများပြီး လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက အပြန်ကတ်ကို ကိုယ့်ပတ်စပို့ထဲ ပြန်ညှပ်ပေးလိုက်ပြီး သေချာသိမ်းဆည်းထားရလေ့ရှိပါတယ်။ အပြန်မှာ အဲ့ဒီကတ်ကို ပြန်လည် ကြည့်ရှုလို့ သိမ်းယူထားခဲ့လေ့ ရှိပါတယ်။

သီဟလုလင် (Thiha, the Traveller)

    1810
    1