Thiha Lu Lin

Sep 9, 20211 min

ထားဝယ် ရောက်ရင် Daimond Crown မှာ တည်းမယ်ပဲ တွေးတယ်

တနင်္သာရီတိုင်းက ထားဝယ်မြို့ ကို ရောက်ရင် အရင်ကတော့ ရှင်ကိုးရှင် ဘုရားဖူးပြီး ပင်လယ်စား စာ မောင်းမကန်ကမ်းခြေ သွား ပြန်ခဲ့ကြတယ်။ အခုနောက်ပိုင်းတော့ လည်စရာတွေ ဖော်ထုတ်လိုက်ကြတာ ထားဝယ် ကနေ ပြန်မရလောက်အောင်ကို သွားစရာတွေက များမှ များပဲ။ ဒါကြောင့် ထားဝယ် ကို အလည်ရောက်လို့ လည်မယ်ပတ်မယ်ဆိုရင် ရက်များများလေး ယူပြီး လာလည်မှ ဖြစ်မယ်။

ထားဝယ်မှာ တည်းစရာ

ထားဝယ်မြို့မှာ ဟိုတယ်ကြီးကြီး နည်းပါးပါတယ်။ အဲ့ဒီအထဲက ကျွန်တော်ဒီတစ်ခါ တည်းဖြစ်တာကတော့ Diamond Crown Hotel - Dawei ပါ။ ရေးလမ်းပေါ်၊ မြောက်ရွာရပ်၊ အစိုးရရုံးကြီးနားမှာ ရှိပါတယ်။ Diamond Crown Hotel က ထားဝယ်ဈေးကြီးနဲ့လည်း နီးပြီး အနီးအပါးမှာ လည်စရာ စားစရာ ဆိုင်တွေအထူးပေါများပါတယ်။ ဘုရားကျောင်းလည်း အနားမှာရှိလို့ ခရစ်ယာန်ဘာသာဝင်တွေ အတွက်လည်း အဆင်ပြေတယ်။ ရှုခင်းကောင်း၊ နေရာကောင်းမှာ ရှိသလို ကားရပ်ဖို့နေရာလည်း ရှိတယ်။ အခမ်းအနားတွေလုပ်ချင်ရင်လည်း Ballroom လည်းရှိလို့ Seminar တွေ၊ သင်တန်းတွေ လုပ်ချင်ရင်လည်း အဆင်ပြေတယ်။

မနက်စာ ဘူဖေး ကောင်းတဲ့ ဟိုတယ်

သဘောကျတာ မနက်စာဘူဖေး ပဲ။ အားရစရာ ခင်းထားတယ်။ ထမင်းကြော် လိုမျိုး မနက်စာကို များများစားလိုသူတွေအကြိုက် စီစဉ်ပေးထားသလို ထားဝယ်အစားအစာတွေ မြန်မာ့ရိုးရာအစားအစာတွေကို တစ်နေ့နှစ်မျိုး ခင်းကျင်းပေးတာကလည်း ထူးခြားမှုတစ်ခုပဲ။ ကျွန်တော်ဆို ထားဝယ်မုန့်ဟင်းခါး ပါတဲ့နေ့ဆို သိပ်ပျော်တာ။ ပြီးတော့ မုန့်ဆိုလည်း ထားဝယ်မုန့် တစ်မျိုးမျိုး ထည့်ပေးတတ်သေးလို့ မနက်စာနဲ့တင် ထားဝယ်အစားအစာတွေ မြည်းစမ်းနိုင်နေပြီ။ ဒါတောင် သင်္ကြန်လိုမျိုးဆို ရိုးရာမုန့်လုပ်သူတွေကို ရှေ့မှာတင်လုပ်ခိုင်းပြီး ကျွေးတာတဲ့။ အဲ့လိုများဆို ပိုသဘောကျသေး။

အခန်းခဈေးနှုန်းလေးတွေ သိချင်တယ်

အခု အခန်းခတွေကတော့ ၄၂၀၀၀ ကျပ်၊ ၅၂၅၀၀ ကျပ် ကနေ အစားစား ရှိပါတယ်။ ဈေးအမြင့်ဆုံးအခန်းကတော့ ၁၃၆၅၀၀ ကျပ် ပေးတဲ့ Royal Sweet Room ပဲ ဖြစ်ပါတယ်။ ရေကူးကန် မရှိသေးပေမဲ့ အတော်ပြည့်စုံတယ်လို့ ဆိုချင်ပါတယ်။ ဟိုတယ်မှာပဲ နေ့လည်စာ ညစာ စားလို့ရအောင်ကို အရသာကောင်းတာ သတိထားမိတယ်။

ထားဝယ် ဝန်းကျင်လည်ပတ်ဖို့ စိတ်မပူရဘူး

နောက်တစ်ခု သဘောကျတာက ကိုယ်လိုအပ်တဲ့ ကားငှားတာ၊ သွားလည်ချင်တဲ့နေရာ စီစဉ်ချိတ်ဆက်ပေးတာ၊ တစ်နေ့စာ Tour Plan တွေအကြံပေးတာလေးတွေကြောင့် ကျွန်တော် ဒီတစ်ခေါက် လည်ပတ်တာ အဆင်ပြေပြေ လည်ပတ်နိုင်ခဲ့တယ်။ ရှေ့က ကျွန်တော်ပြောခဲ့တဲ့ နေရာတွေသွားမယ်ဆို သိပ်ခေါင်းစားစရာမလိုဘဲ ဟိုတယ်ကို ပြောလိုက်တာနဲ့ သူတို့ စီစဉ်ပေးပါလိမ့်မယ်။

ဘယ်လိုဆက်သွယ်ရမှာလဲ?

Diamond Crown Hotel Dawei ကို ဆက်သွယ်မယ်ဆိုရင် ဖုန်း 059 21117, 059 22516, 059 22517 တွေကို ဆက်သွယ်နိုင်ပါတယ်။

ထားဝယ်မှာ ထူးခြားတာတွေ အများကြီးမို့ ကျွန်တော်က ထားဝယ်ကို အခါခါ လာချင်မိနေသေးတာ။ နောက်တစ်ခါ ထားဝယ်လာဦးမလား လို့ တစ်ယောက်ယောက်က မေးခဲ့ရင် “ဟုတ်ကဲ့ Diamond Crown မှာ အခန်းကြိုတင် Booking တင်ပေးထားပါ” လို့ မဆိုင်းမတွပြောဖြစ်မှာပါ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Kyaw Lay

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

    650
    0