Thiha Lu Lin

Aug 25, 20211 min

ချင်းမိုင် ကို ခရီးသွားပြန်ဖွင့်ချိန် နောက်ဆုတ်ပြီ

ထိုင်းအာဏာပိုင်တွေက ပြီးခဲ့တဲ့ နွေဦးကာလကတည်းက ချင်းမိုင် မှာ ခရီးသွားလည်ပတ်ခွင့်ကို သြဂုတ်လ နဲ့ စက်တင်ဘာလတွေမှာ ပြန်လည်ခွင့်ပြုသွားဖို့ စီစဉ်ထားခဲ့ပေမဲ့လည်း စံချိန်တင် ကိုဗစ်-၁၉ ကူးစက်နှုန်းကြောင့် ရွှေ့ဆိုင်းလိုက်ပြီလို့ သိရပါတယ်။

Photo - Traveloffpath
အနည်းဆုံး ချင်းမိုင်ရဲ့ လူဦးရေ ၇၀ ကနေ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးမှသာ ခရီးသွားလုပ်ငန်း ပြန်စတင်နိုင်မှာ ဖြစ်တယ်

ခရီးသွားလုပ်ငန်းမှာ အထူးအောင်မြင်ခဲ့တဲ့ ထိုင်းနိုင်ငံ ဟာ ဒီကပ်ကာလကြီးအတွင်းမှာတော့ အတော်ကို ထိခိုက်နစ်နာမှုတွေ ကြုံဆုံနေရပါတယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် မကြာသေးခင်က Thailand Sandbox အစီအစဉ်နဲ့ ဖူးခက်ကျွန်း ကို ခရီးသွားဝင်ရောက်ခွင့် ပြန်လည်ခွင့်ပြုခဲ့ပြီး အတိုင်းအတာတစ်ခုထိ ခရီးသည်ဝင်ရောက်ခဲ့ပေမဲ့ အရင်လိုတော့ စည်ကားမှု မရှိသေးပါဘူး။ ခရီးသည်တွေကနေ ကိုဗစ်-၁၉ ပိုးတွေ့သူ အနည်းငယ် တွေ့ရှိခဲ့ရပေမဲ့လည်း ထိန်းသိမ်းမှု ပြုလုပ်နိုင်ခဲ့တယ်လို့ သတင်းတချို့ကတော့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာတော့ ဖူးခက် အပြင် စမွီကျွန်း ကိုပါ ထပ်တိုး ခရီးသွားခွင့်ပြုခဲ့ပါတယ်။ Sandbox အစီအစဉ်အရ ကမ္ဘာ့ခရီးသွားတွေဟာ ကာကွယ်ဆေး အကြိမ်ရေ ပြည့်ထိုးနှံထားရင် ကွာရန်တင်းဝင်စရာမလိုဘဲ တန်းလည်ပတ်နိုင်စေမှာပါ။ ဒီအစီအစဉ်အတွက် မကြာခင်မှာ ဖီဖီကျွန်း၊ ငိုင်းကျွန်း၊ ခရာဘီ၊ ခေါက်လဲ့၊ ရာအိုကျွန်း၊ ဖငန်ကျွန်း နဲ့ ဆူရတ်ထနီ တို့ကိုလည်း ဆက်ပြီး ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

ချင်းမိုင် ခရီးသွားမြှင့်တင်ရေးအစီအစဉ် ဖြစ်တဲ့ Charming Chiang Mai ကိုတော့ အောက်တိုဘာလအစောပိုင်းထိ ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း Tourism Authority of Thailand (TAT) က ကြေငြာခဲ့ပါတယ်။ ဒီ ချင်းမိုင် ခရီးသွားမြှင့်တင်ရေးအစီအစဉ်မှာတော့ ချင်းမိုင်နဲ့ အနီးဝန်းကျင်မှာ ရှိကြတဲ့ နေရာတချို့လည်း လည်ပတ်ခွင့်မှာ ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအခြေအနေအရလည်း ချင်းမိုင် မှာ ကာကွယ်ဆေးထိုးနှံမှု အခြေအနေက လိုအပ်ချက်များ ရှိနေဆဲ ဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုထားပြီး ခရီးသွားပြန်လည်ဖွင့်လှစ်နိုင်ဖို့ အနည်းဆုံး ချင်းမိုင်ရဲ့ လူဦးရေ ၇၀ ကနေ ၈၀ ရာခိုင်နှုန်း ကာကွယ်ဆေးထိုးနှံပြီးမှသာ ခရီးသွားလုပ်ငန်း ပြန်စတင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံ ဟာ ကိုှဗစ်-၁၉ ကပ်ရောဂါကူးစက်မှုအဆင့် ၃၃ မှာ ရှိနေတာပါ။. - Source: Traveloffpath

    1040
    1