Thiha Lu Lin

Sep 9, 20212 min

ဟိုတယ်မှာတင် လုပ်စရာများလွန်းတဲ့ အင်းလေး က Amata Garden Resort

အင်းလေး ရောက်ပြီး ဘယ်မှ မသွားချင်တော့ဘူး ဆိုရင် ဟိုတယ်ထဲမှာပဲ အဖော်တွေနဲ့ လည်ပတ်ကစား ဓါတ်ပုံရိုက်လို့ကောင်းမှာမျိုးလည်း ရှိပါတယ်။ ကျွန်တော်က Amata Garden Resort, Inle Lake ဟိုတယ်မှာ တည်းခဲ့တာမို့ ပျော်စရာကောင်းတာလေးတွေ ပြောချင်သေးတယ်။

အင်းလေးကန်နဲ့ အနီးဆုံး Amata Garden Resort

Amata Garden Resort, Inle Lake က အင်းလေးကန်နဲ့ အနီးဆုံးဖြစ်တာမို့ ရှေ့ထွက်လိုက်တာနဲ့ သမိုင်းဝင်အလိုတော်ပေါက်ဘုရားကို ဖူးမြင်ရပြီပဲ။ အလိုတော်ပေါက်ဘုရား နဲ့ ဖောင်တော်ဦးဘုရားတွေဆီနဲ့ အနီးဆုံးက ဟိုတယ်ဖြစ်တာမို့ အင်းလေးကန်ထဲ လည်ပတ်ဖို့ဆို တည်းသင့်တဲ့ဟိုတယ်ပါ။ ရွှေအင်းတိန်ဘက်ကိုလည်း ခရီးနီးသွားသလို၊ စံကားဘက်ကိုလည်း ခရီးတိုသွားပါပြီ။ ဒါကြောင့် ဒီနေရာလေးမှာ ရွေးတည်းဖြစ်ခဲ့တာပါ။

ဘယ်လောက်တန်လိုက်သလဲ

ဟိုတယ်ကလည်း ခုဆို ဈေးလျှော့ပေးနေသေးတယ်ဗျာ။ အင်းလေးရေပြင်ကြီးကို ကြည့်ရင်း သီးသန့်လုံးချင်းလေး နေချင်သူတွေအတွက် သိပ်လှတဲ့ Villa ခန်းတွေ ရှိတယ်။ အဲ့ဒီ Villa ခန်းတွေ ဆိုရင် အထူးဈေး ၇၅၀၀၀ ကျပ်ပဲ (၂ ဦး နေပေါ့၊ မနက်စာပါ အပါနော်)။ နောက်တစ်မျိုးက Deluxe အခန်း။ အဲ့ဒါက ၅၉၀၀၀ ကျပ်ပဲ (သူလည်း ၂ ဦးနေ၊ မနက်စာ အပါပေါ့)။ ဘယ်လောက်တန်လိုက်သလဲဆိုတာ။ ပိုတန်သေးတာ ရှိသေးတယ်။ အဲ့ဒီမှာတည်းရင် လေဆိပ်၊ ကားဂိတ်အကြိုအပို့တွေကို ပြင်ပဈေးထက် လျှော့ပြီး ဝန်ဆောင်ပေးတယ်။ Organic Farm ကို အလည်သွား ဓါတ်ပုံရိုက်၊ ကနူးလှေ စီး၊ ငန်းခြေနင်းလှေ စီး၊ ဒါတွေကို အခမဲ့ လုပ်ဆောင်နိုင်ဦးမှာဗျား။ ရေကူးကန်ကလည်း လှမှလှ။ စက်ဘီးငှားပြီး အနီးဝန်းကျင်ကိုလည်း သွားလည်စပ်စုနိုင်သေးတယ်။ ကျွန်တော်ကတော့ မိုင်းသောက်တံတားကို မနက်စောစော စက်ဘီးလေးနင်းပြီး လည်ခဲ့သလို၊ နန်းပန်ဈေးနေ့နဲ့ ကြုံခဲ့တာမို့ လှေတွေနဲ့ လာကြတဲ့ နန်းပန်ဈေးဆီ ဓါတ်ပုံရိုက်ဖို့ သွားခဲ့သေးတယ်။

ဈေးကြီးကြီးဟိုတယ်အကောင်းစားတွေကို ဈေးပေါပေါနဲ့ တည်း

ခုချိန်က သိတဲ့အတိုင်း ကိုကိုဗစ် ရဲ့ အချိန်ဆိုတော့ သူတို့လည်း လမ်းညွှန်ချက်နဲ့အညီ ဖွင့်ရတော့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းလေးတွေကို အပြည့်အဝ လိုက်နာပြီး ဖွင့်ထားတယ်ပေါ့လေ။ ဒါမို့လို့လည်း ဈေးကြီးကြီးဟိုတယ်အကောင်းစားတွေကို ဈေးပေါပေါနဲ့ တည်းနိုင်တာ။ ခုနလို အပြင်မထွက်ဘဲ ဟိုတယ်ထဲတင် ပျော်နိုင်တယ်။ သဘောအကျဆုံးက Happy Hour ရှိတာပဲ။ သောက်သောက်စားစား ပျော်ပျော်ပါးပါးဆို ရေလည်တန်ပြီပေါ့လေ။ Buy 1 Get 1 ရတာကိုး။ အစားအသောက်ကို ၁၅% ထပ်လျှော့ပေးသေးတဲ့အပြင် Spa ကလည်း ၂၀% ထပ်လျှော့ပေးဦးမှာ။ တကယ်ကို ဇိမ်ခံပါလေ့ဗျာ။ အပိုမပြောဘူးဆိုတာ ပုံတွေကို ကြည့်ရင် သိပါလိမ့်မယ်။

အင်းလေး မှာ Trekking မရှိဘူးလား

ရေပေါ် လမ်းလျှောက်ချင်တာလား ပြော…

နောက်တာပါဗျာ။ တကယ်တော့ Trekking ရှိပါတယ်။ ရွာဘက်တွေက လယ်ကွင်းတွေ၊ စပါးလှန်းထားတဲ့တန်းတွေကြားထဲ လမ်းလျှောက်ရသလို၊ တောထဲ ရွာထဲ လမ်းလျှောက်ရတာ သိပ်ပျော်စရာ ကောင်းပါတယ်။ လယ်တဲအိမ်လေးထဲမှာ ထမင်းစားရတဲ့ အရသာကလည်း ခံစားမှုအသစ်ပါ။ ပုံမှန်သွားနေကျမဟုတ်ပေမဲ့ Amata Garden Resort, Inle Lake က Trekking ဝါသနာ ပါသူတွေအတွက် အသစ် ဖန်တီးပေးထားပါတယ်။ အတွေ့အကြုံရှိ ဒေသခံဧည့်လမ်းညွှန်တွေ က ဦးဆောင်ခေါ်သွားပြီး အနီးဝန်းကျင်က သဘာဝနဲ့ လူမှုဓလေ့စရိုက်တွေကို ကိုယ်တိုင်လက်တွေ့မြင်ကြရဖို့ စီစဉ်ပေးထားတာပါ။ သွားမဲ့သူ ၄ ဦး ရှိရင် နေ့တိုင်း ထွက်ပါတယ်။ နေ့လည်စာ ပါ စီစဉ်အပြီးကိုမှ တစ်ဦးကို ၃၅၀၀၀ ကျပ်ပဲ မို့ အရမ်းတန်နေပြန်ရော။ ကိုယ်လျှောက်နိုင်တဲ့အနေအထားကို ညှိနှိုင်းပြီး ရွေးချယ်နိုင်တာလည်း အဆင်ပြေတယ်။ ကျွန်တော်ဆို Trekking သွားတာများလာတော့ သာမန်ထက် ပိုအားစိုက်ရတာလေးကို သဘောကျတယ်။ တချို့ကျတော့လည်း လျှောက်လေ့လျှောက်ထ မရှိတော့ စိတ်ပူတယ်။ ခရီးစဉ်လမ်းကြောင်းက အမျိုးမျိုးရှိတော့ ကိုယ်အားသန်ရာ ရွေးသွားရုံပါပဲ။

ဟိုတယ် ရွေးမယ်ဆိုရင် တကယ်ကို ဈေးလည်းတန်သလို၊ ဝန်ဆောင်မှုကလည်း ကောင်းတဲ့ Amata Garden Resort, Inle Lake ကိုလည်း နေဖို့ ရွေးချယ်စေချင်မိတယ်။ ကျွန်တော့်ကို ကြော်ငြာဝင်တယ်ပဲ ဆိုဆို၊ တကယ်ကို သဘောကျမိတာပါ။ အရင် ဈေးကြီးလို့ မတည်းခဲ့တာ ခု ဈေးချတော့ တည်းဖြစ်တယ်။ ဝန်ဆောင်မှုကလည်း မလျော့တော့ ပိုကြိုက်မိတယ်။ ဟိုတယ်ထဲမှာ လုပ်စရာများတာရော၊ ပြီးတော့ Trekking လိုမျိုး Service တွေပါ ထပ်ရှိလာတာ သိပ်အဆင်ပြေသွားတယ် မြင်မိလို့ စဉ်းစားစေချင်ပါတယ်ခင်ဗျာ။ အင်းလေးသွားရင် သတိရလိုက်ပါနော်။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။

Photo :: Min Hsann, Thiha Lu Lin

Drone :: Si Thu Zaw Win

Camera :: SONY Alpha 7II with 16-35mm Lens, DJI Mavic Mini

Photos are modified in Lightroom by Thiha Lu Lin.

Special Thanks to Ko Te Nyei (Local Guide from Inle).

    930
    0